ယခုနှစ်အတွင်း ဝယ်လိုအား များနေသည့် အရစ်ကျအိမ်ရာများ - Property News in Myanmar from iMyanmarHouse.com
1527 Views

ယခုနှစ်အတွင်း ဝယ်လိုအား များနေသည့် အရစ်ကျအိမ်ရာများ

လက်ငင်း ငွေချေဝယ်ယူရသော အိမ်ခန်းများနှင့် ကြိုတင်ငွေပေးချေ ဝယ်ယူရသော တိုက်ခန်းများ အရောင်းအဝယ်ကျဆင်းနေသော်လည်း အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်သော တိုက်ခန်းများမှာ ဈေးကွက်အတွင်း ဝယ်လိုအား များပြားနေကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

အရစ်ကျအိမ်ရာများကို နေထိုင်ရန် ဝယ်ယူလိုသူများ များပြားနေသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ ယခုနှစ်အတွင်း ဆယ်စုနှစ်တစ်ခုခန့် အရစ်ကျငွေချေစနစ် ဖြင့် ဝယ်ယူနိုင်မည့်တိုက်ခန်းများ အရောင်းအဝယ်ကောင်းမွန်လာနိုင်ကြောင်း ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ငင်းငွေချေဝယ်ယူရသော တိုက်ခန်းများ သိသိသာသာ အရောင်းအဝယ် ကျဆင်းနေသော်လည်း အစိုးရအကောင်အထည်ဖော် ဆောင်ရွက်နေသော အရစ်ကျတန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူလိုသူ များပြားခဲ့ပြီး ဈေးကွက်ကောင်းမွန်ခဲ့သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ပြီး တိုက်ခန်းများကို အရစ်ကျစနစ် ဖြင့်ရောင်းချပေးရန် လိုအပ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

'အစိုးရက တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပြီး တိုက်ခန်းဝယ်ယူလိုသူတွေကလည်း အရစ်ကျတိုက်ခန်းတွေကိုပဲ ဝယ်ယူလိုကြတဲ့အတွက် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း တိုက်ခန်းတွေကို အရစ်ကျစနစ် ရောင်းချပေးဖို့ လိုလာပါပြီ။ ကျွန်တော်တို့အာရှဆောက်လုပ်ရေးအနေနဲ့လည်း ဧရာဝတီဘဏ်၊ စီဘီဘဏ်တွေ နဲ့ချိတ်ဆက်ပြီး တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။ လက်ရှိ အချိန်မှာ ဘဏ်တွေက အရစ်ကျအိမ်ရာ ဝယ်ယူလိုသူတွေကို ဆယ်နှစ်အထိ ငွေ ချေးပေးနေပါတယ်'ဟု ၄င်းက ပြောသည်။

ယခုနှစ်အတွင်း အိမ်ရာစီမံကိန်းများကို အရစ်ကျဝယ်ယူနိုင်မည့်စနစ်က ယခင်ကထက် ပိုမိုပီပီပြင်ပြင် အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

'ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်လိုအပ်ချက်အရ ကြိုပွိုင့် တိုက်ခန်းရောင်းဈေးကွက်ကနေ အရစ်ကျ ရောင်းဝယ်ရေးဈေးကွက်ကို တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။ အိမ်ရာဝယ်ယူဖို့ အရစ်ကျငွေပေးသွင်းရမယ့် အချိန်ကာလကလည်း တဖြည်းဖြည်းကြာမြင့်လာပါပြီ။ ဒီနှစ်ထဲမှာဆိုရင် အရစ်ကျအိမ်ရာတွေ ပိုမိုအရောင်းသွက်လာပြီး ဆယ်စုနှစ်တစ်ခုလောက်ထိကြာအောင် အရစ်ကျပေးသွင်း လို့ရလာပါပြီ'ဟု ၄င်းကပြောသည်။

ယခုနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမြင့်ကွန်ဒိုတိုက်ခန်းများကို အရစ်ကျ စနစ်ဖြင့် အထူးရောင်းချပေးသော အိမ်ရာအရောင်းပွဲတော်များလည်း ပိုမိုကျင်းပလာကြပြီး လာမည့်လကုန်ပိုင်းတွင်လည်း တန်ဖိုးမြင့်အရစ်ကျ အိမ်ရာအထူးဈေး ရောင်းပွဲတော်ကို တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်သည်။

တိုက်ခန်းဝယ်ယူသူများအနေဖြင့် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သော တိုက်ခန်းများကိုသာ ဝယ်ယူရန် ပိုမိုစိတ်ဝင်စား လာသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအနေဖြင့် ဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် လိုအပ်ကြောင်း ဓနဆောက်လုပ်ရေးလုပ်ငန်းမှ ဦးသူရသန့်က ပြောသည်။

'ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ဘဏ် တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့ တိုက်ခန်းတွေပဲ ပိုရောင်းရပါတယ်။ အရင်က အိမ်ရာဝယ်ယူလိုသူတွေက ဘဏ်တွေနဲ့ ကိုယ်တိုင်ချိတ်ဆက်ပြီး အိမ်ရာတွေကို အရစ်ကျဝယ်ယူရပေမယ့် အခုအချိန်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုယ်တိုင်က ဘဏ်တွေ နဲ့ချိတ်ဆက်ပြီး တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးလာကြလို့ အရစ်ကျ ဝယ်ယူလို သူတွေအတွက် ပိုအဆင်ပြေလာပါပြီ'ဟု ၄င်းက ပြောသည်။

အချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် သုံးနှစ်၊ ငါးနှစ်အပြင် ရှစ်နှစ်အထိ အရစ်ကျပေးနိုင်သော အိမ်ရာများကို ရောင်းချပေးလျက်ရှိကြောင်း ဦးသူရသန့်က ပြောသည်။

'တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သုံးနှစ်ကနေ ရှစ်နှစ်အထိ အရစ်ကျပေးနိုင်တဲ့ တိုက်ခန်းတွေကို ကိုယ်တိုင် ရောင်းချပေးနိုင်ကြပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကတော့ ကိုယ်တိုင်နှစ်ရှည်စောင့်ပေးဖို့ ငွေကြေးမတောင့်တင်းကြပါဘူး။ ကိုယ်တိုင် အရစ်ကျမရောင်းပေးပေမယ့် ဘဏ် တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ တိုက်ခန်းရောင်းပေးတာမျိုးကိုတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု ပြုလုပ်လာ ကြပါပြီ'ဟု ၄င်းက ပြောသည်။

တိုက်ခန်းအရောင်းဈေးကွက် ပိုမိုကောင်းမွန်စေရန် တိုက်ခန်းဈေးနှုန်းများ ကျဆင်းရေးထက် နှစ်ရှည် အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ရေးကိုသာ ဝယ်ယူသူများ ပိုမိုလိုအပ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ သို့သော်နှစ်ရှည်အိမ်ရာအရစ်ကျ ဝယ်ယူလိုသူများအတွက် နှစ်စဉ်ဘဏ်တိုး ၁၃ ရာခိုင်နှုန်းမှာ ကြီးမြင့်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

'တိုက်ခန်းတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဆယ်စုနှစ်တစ်ခုလောက်ထိ အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုရင် တစ်နှစ် ၁၃ ရာခိုင်နှုန်း အတိုးက များပြားနေပါတယ်။ တိုက်ခန်းဝယ်ယူဖို့ ငွေချေးသူတွေအတွက် သင့်တော်တဲ့ အတိုးနှုန်းတစ်ခုကို သတ်မှတ် ဖို့ လိုအပ်နေပါတယ်'ဟု ဦးရန်အောင်က ပြောသည်။

အရစ်ကျစနစ်ဖြင့် ငွေပေးသွင်းဝယ်ယူနိုင်သော တိုက်ခန်းများအတွက် ပိုမိုသက်သာသော အတိုးနှုန်းထားများကို သတ်မှတ် ပြဋ္ဌာန်းထားသင့်ပြီး ယခုနှစ်အတွင်း တိုက်ခန်းဝယ်ယူရာတွင် အရစ်ကျငွေပေးချေနိုင် သောနှစ်ကိုလည်း ဘဏ်များအနေဖြင့် ပိုမိုကြာရှည်စွာ ဝန်ဆောင်မှုပေးလာနိုင် ကြောင်း ဦးသူရသန့်က ပြောသည်။

'ပြည်တွင်းဘဏ်တွေက အိမ်ရာဝယ်ယူလိုသူတွေကို အရစ်ကျငွေချေးပေဖို့ စတင်ပြင်ဆင် ဆောင်ရွက်လာနေကြပါပြီ။ ပြီးခဲ့တဲ့နှစ်တွေက ဒီလိုဆယ်စုနှစ်တစ်ခုထိ အရစ်ကျငွေချေးပေးဖို့ တိကျတဲ့ဥပဒေ မရှိဘဲ မဖြစ်နိုင်ဘူးလို့ ဘဏ်တွေက ပြောနေပေမယ့် အခုအချိန်မှာ ဝန်ဆောင်မှုပေးဖို့ စတင်ပြင်ဆင်လာနေကြပါပြီ။ ဝန်ဆောင် မှုတွေကို အသုံးပြုသူတွေများမယ်ဆိုရင် ဘဏ်တွေအချင်းချင်း အပြိုင်အဆိုင်ဈေး ကွက်ဖြစ်လာပြီး အရစ်ကျငွေပြန်သွင်းချိန် ပိုမိုကြာမြင့်လာနိုင်ပါတယ်'ဟု ၄င်းက ပြောသည်။

နိုင်ငံတော်မှ တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို လက်ရှိကြာမြင့်ချိန် ရှစ်နှစ်မှ အချိန်ပိုကြာမြင့်စွာ ချေးနိုင်ရန် စီစဉ်နေဆဲဖြစ်ပြီး ၁၅ နှစ်အထိ အရစ်ကျချေးယူနိုင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။

'တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချတဲ့အခါ ရှစ်နှစ်မှာ အိမ်ရာတန်ဖိုးကို အပြည့်မသွင်းနိုင်လို့ အိမ်ရာမဝယ်နိုင်သူတွေရှိလို့ ၁၅ နှစ်အထိ အရစ်ကျသွင်းနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အစိုးရဆီ စာတင်ထားပြီး ချေးငွေတောင်းထားဆဲဖြစ်ပါတယ်။ အစိုးရက ပေးမယ်လို့ စာကျလာမှ ကျွန်တော်တို့က ၁၅ နှစ်အထိ အရစ်ကျချေးပေးလို့ ရမှာပါ။ လက်ရှိအချိန်အထိတော့ ဘယ်အချိန်ကစပြီး ၁၅ နှစ် အရစ်ကျချေးပေးမလဲဆိုတာကိုတော့ အတိအကျပြောလို့ မရသေးပါ ဘူး'ဟု ၄င်းကပြောသည်။

အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆောက်လုပ် သော အိမ်ရာများကို ဝယ်ယူလိုသူများအတွက်လည်း အရစ်ကျစနစ်ဖြင့် ချေးငွေပေးနိုင်ရန် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းဇော်ကပြောသည်။

'လက်ရှိအချိန်မှာတော့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဆောက်လုပ်တဲ့အိမ်ရာတွေကို ဝယ်ယူလိုသူတွေအတွက် အရစ်ကျစနစ်နဲ့ ချေးငွေမပေးနိုင်သေးပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်နေတဲ့ပုံစံအတိုင်း ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက မဆောင် ရွက်ပေးနိုင်သေးပါဘူး။ ပြီးတော့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ များမယ်ဆိုရင် တစ်ယောက်တစ်မျိုးညှိနှိုင်းရမှာတွေလည်း များပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ဆောက်လုပ်ထားတဲ့ အိမ်ရာတွေကို ဝယ်ယူဖို့ကိုလည်း ကျွန်တော်တို့ဘဏ်က ချေးငွေပေး ပေးမှာပါ'ဟု ၄င်းက ပြောသည်။

အိမ်ရာဝယ်ယူလိုသူများကို နှစ်ရှည် ငွေချေးစနစ်ဖြင့် ချေးငွေပေးနိုင်ရန် ငွေရေး ကြေးရေးဆိုင်ရာဥပဒေများနှင့် နှစ်ရှည် ငွေချေးခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက အတည်ပြုပြဋ္ဌာန်းပေးရန် လိုအပ်ပြီး လက်ရှိအချိန်တွင် မည်သည့် ဥပဒေမှ အတည်ပြု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

'အိမ်ရာဝယ်ယူလိုသူတွေကို တခြားနိုင်ငံတွေလို နှစ်၃၀ခန့်အထိ အရစ်ကျစနစ်နဲ့ ငွေချေးပေးဖို့ အစိုးရရဲ့ တိကျတဲ့ မူဝါဒတွေအပြင် ငွေရေးကြေးရေး အကူအညီတွေလည်း လိုအပ်ပါတယ်'ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူလို သူများအတွက် နှစ်ရှည်ချေးငွေပေးရန် ဘဏ်များအနေဖြင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး တိကျသောမူဝါဒများ မပြဋ္ဌာန်းနိုင်သေးပါက နှစ်ရှည် အရစ်ကျငွေချေးစနစ်မျိုးပေးရန် မလွယ်ကူသေးကြောင်းနှင့် လက်ရှိအချိန်တွင် အရစ်ကျ အိမ်ရာဝယ်ယူလိုသူများအတွက် ၅ နှစ်မှ ၁၀ နှစ်အတွင်း အရစ်ကျငွေသွင်း နိုင်သော ချေးငွေပေးလျက်ရှိကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit : မယ်တင်
(iMyanmarHouse.com Property မဂ္ဂဇင်းမှ)
ယခုနှစ်အတွင်း ဝယ်လိုအား များနေသည့် အရစ်ကျအိမ်ရာများ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service