အိမ်မြေတံဆိပ်ခေါင်းခွန်ထက် ရောင်းဝယ်ခွန်နှင့် ရာပြတ်နှုန်းထားများကို အဓိကပြင်ဆင်ရန် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
1044 Views

အိမ်မြေတံဆိပ်ခေါင်းခွန်ထက် ရောင်းဝယ်ခွန်နှင့် ရာပြတ်နှုန်းထားများကို အဓိကပြင်ဆင်ရန် လိုအပ်နေ

အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့် သက် ဆိုင်သော တံဆိပ်ခေါင်းခွန်နှုန်းထားကို ပြီးခဲ့သော မေ ၃ဝ ရက်မှ စတင် ၍ လျှော့ချလိုက်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာ လိုက်သော်လည်း အိမ်ခြံမြေဈေးကွက်အရောင်းအဝယ် ပိုမိုသွက်လက်ရန် အတွက်မူ ရောင်းဝယ်ခွန်နှင့် အိမ်မြေရာပြတ်တန်ဖိုးနှုန်းထားများကို အဓိ က ပြင်ဆင်ရန် လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောသည်။

ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် မတ်လကုန်မှစတင်၍ တံဆိပ်ခေါင်းခွန်နှုန်းထားကို ခုနစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ လျှော့ချခဲ့ရာမှယခုအခါ လေးရာခိုင်နှုန်းသို့ ထပ်မံလျှော့ချခဲ့ခြင်းဖြစ်သော်လည်း နှစ်ကာလကြာရှည်စွာ အေးစက်နေသော အိမ်မြေအရောင်းအဝယ်ဈေးကွက်အတွက် ရောင်းဝယ်ခွန်နှုန်းထားနှင့် အိမ်ြေ မရာပြတ်တန်ဖိုးနှုန်းထားများကို လျှော့ချရန်မှာ ပိုမိုအရေးပါနေကြောင်း မန္တေ လးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

''တံဆိပ်ခေါင်းခွန် တစ်ရာခိုင်နှုန်း လျှော့ချတာက အိမ်မြေဈေးကွက်အတွက် မထူးခြားနိုင်သေးပါဘူး။ ဖြစ်သင့်တာက ရောင်းဝယ်ခွန်နဲ့ရာပြတ်တန်ဖိုးကို လျှော့ချမှပဲ အခွန်ထမ်းပြည်သူတွေ အိမ်မြေရောင်းဝယ်ရာမှာ အမည်ပေါက်ြေ ပာင်းတာ များလာမယ်။ ပြီးတော့မန္တလေးမှာ အိမ်မြေရောင်းဝယ်ရာမှာ အခွ န်ဆောင်ဖို့အတွက် သတ်မှတ်ထားတဲ့ အိမ်မြေရာပြတ် တန်ဖိုးတွေက ဈေး ကွက်ထဲက အမှန်တကယ် လက်တွေ့ပေါက်ဈေးထက် များနေတာတွေ ရှိပါ တယ်။ ဒါတွေကို သုံးသပ်တဲ့အဆင့် မဟုတ်တော့ဘဲ လျှော့ကို လျှော့ချရမှာပါ။ အဲဒီလိုလုပ်ဆောင်ခြင်းကလည်း ကောင်းတဲ့ဘက်ကို ဦးတည်ပေးတဲ့
လုပ်ဆောင်မှုဖြစ်မှာပါ''ဟု ဦးဝဏ္ဏစိုးက ယခုလ ၉ ရက်တွင်ပြောသည်။

အခွန်နှုန်းထား တိုးမြှင့်ထားပါက အိမ်မြေဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင် မည်ဟု တွေးဆမှုရှိနိုင်သော်လည်း ဈေးကွက်တွင်အရောင်းအဝယ် ထိုင်းသွား ပြီး ငွေစီးဆင်းလည်ပတ်မှုမရှိဘဲ ငွေသေဖြစ်သွားကြောင်း၊ အိမ်ခြံမြေကဏ္ဍ မှာ အခြား ကဏ္ဍများနှင့်လည်း ချိတ်ဆက်မှုရှိရာ စီးပွားရေးလည်ပတ်မှုကို ပါ နှေးကွေးစေနိုင်ကြောင်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ အားကောင်းစေမှုကိုပါ ရိုက်ခတ်မှုရှိနိုင်ကြောင်း ပြောသည်။

မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်ဦးအောင်ဝင်းက အိမ်ခြံမြေဈေးကွက်မှာ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှစတင်၍ အရောင်းအဝယ် သိသာစွာ နှေးကွေးခဲ့ေ ကြာင်း၊ ၂ဝ၁၆ခုနှစ်၊ ဧပြီလမှ စတင်သည့် အခွန်အကောက် ဥပဒေသစ်ေ နာက်ပိုင်းတွင် တန်ဖိုးမြင့်အိမ်မြေများ၏ အခွန်နှုန်းမှာ ပိုမိုသိသာစွာမြင့်တက် ခဲ့ကြောင်း ပြောသည်။

''အခွန်နှုန်း မြင့်သွားတော့ တန်ဖိုးမြင့်တဲ့အကွက်အကွင်းတွေ အရောင်းအ ဝယ် ပိုနှေးပါတယ်။ မြို့တွင်းဈေးကွက်မှာဆို အငှားဈေးကွက်ကို ပိုအားထား အလုပ်လုပ်နေကြရတယ်။ အိမ်မြေဈေးနှုန်းတွေကတော့ နေရာကောင်းရင် အပြောင်းအလဲက သိပ်မရှိဘဲ ဈေးနှုန်းတွေ မာပါတယ်။ ငွေလိုတဲ့ သူေ တွ၊ နေရာအကွက်အကွင်း သိပ်မလှတဲ့ တချို့အိမ်မြေတွေ လောက် သာ ဈေးနှုန်းအပြောင်းအလဲရှိတယ်'' ဟု ဦးအောင်ဝင်းက ယခုလ ၉ ရက်တွင်
ပြောသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စီး ပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ပြည်တွင်းရှိ အိမ်ခြံမြေ ရောင်း ဝယ်မှုများသည် အခွန်ကောက်ခံမှု နှုန်းထားများကြောင့် အရောင်းအဝယ်ေ လးလံနေသဖြင့်အခွန်နှုန်းထားများ ပြင်ဆင်မည်ဖြစ်ကြောင်း ပြီးခဲ့သော မေ ၂ဝ ရက်က ပြောကြားထားသည်။

လက်ရှိ အခွန်နှုန်းထားသတ်မှတ်ချက်များ မတိုင်မီက အိမ်မြေရောင်းဝယ်ရာ တွင် ဝင်ငွေခွန်နှုန်းထား (ရောင်းဝယ်ခွန်နှုန်းထား) ကို အိမ်မြေတန်ဖိုး ကျပ် သိန်း ၁,ဝဝဝ အထိသုံး ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း ၅,ဝဝဝ အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝဝ မှ ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝဝ မှ ကျပ်သိန်း ၁၅,ဝဝဝ အထိကို ၂ဝ ရာခိုင်နှု န်း၊ ကျပ်သိန်း ၁၅,ဝဝဝ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်စေခဲ့သည်။ လက်ရှိနှုန်းထားအရ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက ကျပ်သိန်း
၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားရာ နှိုင်းယှဉ်ကြည့်ပါက ယခင်နှုန်းထားမှာ များစွာလုပ်သာ ကိုင်သာရှိကြောင်း အိမ်မြေအကျိုးဆောင်အချို့က ပြောသည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ပေးဆောင်ရာ၌ ကျင့်သုံးရန် အိမ်ခြံမြေ များ၏ သတ်မှတ်ရာပြတ်တန်ဖိုးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်ဖြင့်နှစ်စဉ် ထုတ်ပြန်ပေးလေ့ရှိရာ ၂ဝ၁၆–၁၇ဘဏ္ဍာနှစ် အ တွက် သတ်မှတ်စံနှုန်းများကိုပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ကုန် က နောက်ဆုံး ထုတ်ပြန်ထားသည်။ ၄င်းတွင်ဈေးနှုန်းအမြင့်ဆုံးမှာ မြို့သစ် (၁) ဧရိယာအတွင်း သိပ္ပံလမ်းမပေါ်၊ လမ်း ၆ဝ မှမင်္ဂလာမန္တလေး
အနောက်ဘက် ရေနီမြောင်းအထိဖြစ်ကာ တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၈,၉ဝဝ မှ ကျပ်သန်းပေါင်း ၁၉,၈ဝဝအတွင်း ဈေးနှုန်း သတ်မှတ်ချက် ရှိနေ သည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service