ကျူးကျော်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုအနည်းစုသာ စာရင်းသွင်းခဲ့ပြီး အများစုမှာ ကျူးကျော်မဟုတ်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
1267 Views

ကျူးကျော်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုအနည်းစုသာ စာရင်းသွင်းခဲ့ပြီး အများစုမှာ ကျူးကျော်မဟုတ်ဟု ဆို

ဗဟန်းမြို့နယ် ဆရာစံမြောက်အနောက် နှင့် ငါးထပ်ကြီးဘုရား တောင်ဘက် တို့၌ ကျူးကျော်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု အနည်းစုသာ စာရင်း သွင်းခဲ့ပြီး အများစုမှာ ကျူးကျော်မဟုတ်ကြောင်း ယင်းနေရာတွင် နေထိုင်ကြ သူများထံမှ သိရသည်။

“ကျွန်တော်တို့ ဇွန် ၁၂ ရက်က ဆရာစံ မြောက် အနောက်နဲ့ ငါးထပ်ကြီးေ တာင်ဘက်မှာ ကျူးကျော်စာရင်း ကောက်ပါတယ်။ ဆရာစံ မြောက် အနောက် ဘက်မှာ စာရင်းကောက်တဲ့အခါမှာ လူဆယ်ဂဏန်းလောက်ပဲ လာစာရင်းေ ပးတယ်။ အဲဒီနေရာမှာ ၉၇၁ ခုက ကျူးစာရင်း ၀င်နေတယ်။ ဘာလို့လဲဆိုေ တာ့ သူတို့က ကျူးမဟုတ်တဲ့ အတွက်ကြောင့် နေတာကလည်းကြာပြီ။ ခေတ် အဆက်ဆက် အစိုးရလက်ထက်ကတည်းက သူတို့ကိုလည်း ကျူးလို့ မသတ် မှတ်ဘူး။ အဲဒီမှာပဲ နေခဲ့ကြတယ်။ အခုမှစပြီး စာရင်းကောက်တယ်ဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းတင်လိုက်တယ်။ အဲဒီစာရင်းက ပါလာပြီးေ တာ့ အခုအစိုးရလက်ထက်မှာ လာကောက်ရတယ်။ အဲဒါကြောင့် သူတို့က ၀န်ကြီးချုပ်ကို ကျူးမဟုတ်ဘူးဆိုတဲ့ အကြောင်း မြေအကွက် နံပါတ်တွေနဲ့ မြေ ခွန်တွေ၊ မြေဖိုးတွေ သွင်းထားတယ်ဆိုတာ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်ဆိုတဲ့အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို စာတင်မယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ နောက်တစ်ခုက ငါးထပ်ကြီး တောင်ဘက်မှာဆိုရင် ဆာဘိုးသာခြံမှာ ၃၇၃ လုံးရှိတဲ့အထဲမှာ နှစ်ခုပဲ လာတယ်။ ကျန်တဲ့ ၃၇၁ ခုက သူဌေးပိုင်နယ်မြေ ဖြစ်တဲ့အတွက်ကြောင့် ကျူး မဟုတ်ဘူးဆိုပြီး လာပြီး စာရင်းမသွင်းကြဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးက ပြောကြားသည်။


ထို့ပြင် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား တောင်ဘက်ရပ်ကွက်၊ ဆာဘိုးသာခြံ အတွင်း နေထိုင်သူများသည် အင်္ဂလိပ်လက်ထက်ကတည်းက နေထိုင်လာကြ သူများဖြစ်ပြီး ကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း အဆိုပါ ခြံထဲတွင် နေ ထိုင်သည့် ဦးတင်အောင်လင်းက ပြောကြားသည်။

“ကျွန်တော့်အဘိုးလက်ထက် ကျွန်တော့် အဖေ မမွေးခင်ကတည်းက ဒီမှာေ နလာတာ။ အရင်တုန်းကတော့ ဒီမှာလူဦးရေ အဲဒီလောက် မများသေးပါ ဘူး။ နောက်ပိုင်း တဖြည်းဖြည်း အိမ်ထောင်စုတွေ ခွဲရင်းနဲ့ များသွားတယ်။ ဂရန်တို့ဘာတို့တော့ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘွားပိုင် သူဌေးကြီးပိုင်တဲ့မြေဖြစ်တယ်။ ဘယ်သူမှတော့ ဂရန်တွေ မရှိ ဘူး။ အရောင်းအ၀ယ်လုပ်တဲ့ စာချုပ်တွေ မရှိဘူး။ ကျွန်တော်တို့ သိသလော က် က တော့ ကျူးကျော်စာရင်းကောက်မယ်။ စမတ်ကတ် ထုတ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကျူးကျော်မှမ ဟုတ်တာ။ ဘိုးဘွားပိုင်သူဌေးက ဖယ်ဆိုရင်ေ တာ့ ဖယ်ရမှာပေါ့။ အဲဒါကတော့ သူဌေးသဘောပေါ့။ ကျူးကျော်တော့ မ ဟုတ်ပါဘူး။ ယခင်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ ဆာဘိုးသာခြံထဲက လူေ တွ ဆိုပြီးတော့ စာရင်းသွင်းတယ်။ ပြီးတော့ လုပ်ထုံးလုပ်နည်းအရ မှန်လား၊ မမှန်လားဆိုတော့ ကျွန်တော်တို့ကို လာပြီးစာရွက်ပေးတဲ့အချိန်မှာ လက်ရှိ ကျွန်တော်တို့အိမ်မှာရှိတာ ရှစ်ယောက်။ ဒါပေမဲ့ ငါးယောက်နဲ့ပဲ လာကောက် တယ်။ အဲဒီ ငါးယောက်စာရင်းက အရင်ကစာရင်းပါ။ ကျွန်တော်တို့ဆီကို စာ ပို့အကြောင်းကြားတာက ဒီလ အစောပိုင်းကပို့တာပါ။ ပထမ ကျွန်တော်တို့ကို ချိန်းတာကပြီးခဲ့တဲ့ သောကြာ ကျောင်းဖွင့်ရက်ကြီး။ အဆင်မပြေလို့ ဘယ်သူမှ မသွားကြဘူး။ ဇွန် ၁၂ ရက်ကို ပြောင်းလိုက်တယ်။ မနေ့ကတော့ ရပ်ကွက် သုံးခု ဗိုလ်ချို (၁)၊ ဗိုလ်ချို (၂)၊ ငါးထပ်ကြီးတောင်ဘက်ရပ်ကွက် ဖြစ်တယ်။

ကျွန်တော်တို့ ငါးထပ်ကြီးတောင်ရပ်ကွက်က အများစုက ကျူးမဟုတ်တဲ့ အ တွက် နားမထောင်ဘဲနဲ့ ပြန်လာကြတယ်” ဟု ငါးထပ်ကြီးဘုရားတောင်ဘက် ရပ်ကွက် ဆာဘိုးသာခြံအတွင်း နေထိုင်နေသည့် ဦးတင်အောင်လင်း က ပြောကြားသည်။

ဆာဘိုးသာခြံအတွင်း နေထိုင်သူများသည် နှစ်ပေါင်း ၁၀၀ ကျော် ကာေ အာင် ဆွေစဉ်မျိုးဆက် နေထိုင်သူများဖြစ်ကြောင်း၊ အင်္ဂလိပ်လက်ထက်က တည်းက သူဌေးကြီး ဆာဘိုးသာက ၎င်း၏လုပ်ဖော်ကိုင်ဘက် ၁၄ ဦးအား ၎င်းပိုင်ခြံမြေနေရာတွင် နေထိုင်ရန်ပေးခဲ့ကြောင်း၊ ယင်း ၁၄ ဦး၏ ဆွေစဉ် မျိုးဆက် နေထိုင်ခဲ့ကြောင်း သိရသည်။

“လူပဲခေါ်ပေးရတာ။ သူတို့ပေးတဲ့ဟာလေးတွေ စလစ်တွေပေးတယ်။ သူတို့ သုတေသနအဖွဲ့ကပဲ လာကောက်တယ်။ အကုန် မလာတာတော့ သိတယ်။ လူဦးရေ စာရင်းအတိအကျ ငါတို့မသိဘူး။ အထဲ မ၀င်ရဘူး။ အကုန် မလာ ဘူး။ သူတို့ စာရင်းကောက်ယူရေးအဖွဲ့က ကောက်တာပါ။ စာရင်းေ ကာက် တာကတော့ နှစ်နေရာ ခွဲကောက်တာပါ” ဟု ဗဟန်းမြို့နယ် အထွေထွေ အုပ် ချုပ်ရေးမှူးရုံးမှ ဦးထိန်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းများ ကောက်ခံနေသည့် စီမံ ကိန်းအား ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်း၊ ကျူးကျော်ေ နထိုင်သူများ စာရင်းကောက်ယူရေးစီမံချက်ဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ မြောက် ဥက္ကလာ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ မရမ်း ကုန်း စသည့် မြို့နယ်များတွင် ကျူးကျော်စာရင်းများ ကောက်ခံ ပြီးစီးခဲ့ပြီ ဖစ်ကြောင်း ကျူးကျော်စာရင်း ကောက်ခံနေသည့်အဖွဲ့များထံမှ သိရသည်။

ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများအား သက်သေခံကတ်ပြားများ ထုတ်ပေးရာတွင် အမှန်တကယ် ကျူးကျော်နေထိုင်သူများကိုစိစစ်ပြီး အိမ်ေ ထာင်စုအလိုက် ဓာတ်ပုံရိုက်ခြင်း၊ လက်ဗွေနှိပ်ခြင်းစသည်တို့ အဆင့်ဆင့်ြ ပုလုပ်ကာ အထောက်အထားကတ်ပြား ထုတ်ပေးခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းကောက်ယူရန် မြို့နယ် ၁၃ မြို့ နယ် သတ်မှတ်ထားပြီး အဆိုပါ ၁၃ မြို့နယ် တွင် စာရင်းများ ကောက် ယူပြီးစီးပါက အခြားမြို့နယ်များတွင်လည်း ကျူးကျော်စာရင်း ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service