ပြည်မြို့ ရေကြီးရေလျှံနေရာများရှိ ကျူးကျော်ဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူ - Property News in Myanmar from iMyanmarHouse.com
3844 Views

ပြည်မြို့ ရေကြီးရေလျှံနေရာများရှိ ကျူးကျော်ဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူ

ပြည်မြို့တွင် မိုးရာသီကာ လ၌ နှစ်စဉ်ရေကြီးရေလျှံသည့် နေရာများ တွင် နေ ထိုင်သည့် ကျူးကျော်နှင့် အိမ်ထောင်စုစာရင်းများကို ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်က တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြောင်း ပြည်မြို့ နယ်လူဝင်မှုကြီြး ကပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးဦးဇော် ဇော်ဦးက ပြောသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက စာရင်းကောက်ယူပေးဖို့ တင်ပြလာ တာကြောင့် ကူညီခဲ့ တာပါ။ သူတို့အနေနဲ့ ဘယ်လို အစီအစဉ်ရှိလဲတော့ မ သိဘူး။ အိမ်ထောင်စုနဲ့လူဦးရေစာရင်းကို ကောက်ယူတာပဲရှိပါတယ်’’ဟု ဦးဇော်ဇော်ဦးက ပြောသည်။

န၀င်းရပ်ကွက်အတွင်းရှိ ကမ်းနားလမ်း၊ ဘောဂကွက်သစ်၊ န၀င်းတာရိုးအေ ရှ့ခြမ်း၊ န၀င်း တာရိုးအနောက်ခြမ်း၊ ရွှေပုလ္လင် မော်ဘုရားဝန်းကျင်နေရာများ တွင် နှစ်စဉ်ရေကြီးရေလျှံလေ့ရှိ ပြီး ကျူးကျော်များ၊ ပျံကျနေထိုင် သူများရှိသည်။

စစ်တမ်းကောက်ယူမှုအရ အဆိုပါနေရာများတွင် အိမ်ခြေ ၃၇၆ ခု၊ အိမ်ေ ထာင်စု ၃၈၉ စု၊ ကျားဦးရေ ၈၄၁ ဦး၊ မဦးရေ ၈၉၅ ဦး စုစုပေါင်းလူဦးရေ ၁,၇၃၆ ဦး ရှိကြောင်း သိရသည်။

‘‘လ၀ကအဖွဲ့တွေစာရင်း လိုက်ကောက်နေတော့ အိမ် ထောင်စုဇယားတို့၊ မှတ်ပုံတင် တို့လုပ်ပေးမယ်ထင်နေတာ။ မေး ကြည့်တော့ ကျူးကျော်နေထိုင် သူ စာရင်းကောက်တာလို့ ပြောတယ်။ အိမ်ထောင်စုဇယားလုပ် ချင်ရင်၊ မှတ် ပုံတင်လုပ်ချင်ရင် လ၀ကရုံးကို လာခဲ့လို့ပြောပါ တယ်။ ဘာကြောင့်ကောက် မှန်း မသိတော့ စိုးရိမ်တယ်’’ ဟု န၀င်း တာရိုးအနီးနေထိုင်သူအမျိုးသမီး တစ်ဦးက ပြောသည်။

ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး သက်ဝင်းလှိုင်က ‘‘ရေကြီးရေလျှံ ဖြစ်တဲ့အခါ၊ ရောဂါတွေဖြစ်တဲ့ အခါ ကူညီမှုတွေ ထိရောက် စွာ ပေးနိုင်ဖို့အတွက်ရယ်၊ ဒီနေရာမှာ နေတဲ့သူတွေက ပြီးခဲ့တဲ့ရွေး ကောက် ပွဲတုန်းက ဆန္ဒမဲပေးချင် သော်လည်း မပေးလိုက်ရတာတွေ ရှိတယ်။ ဘယ်သူ ကိုပဲ ပေးပေး မဲ ပေးခွင့်ရစေချင်တယ်၊ မှတ်ပုံတင် နဲ့အိမ်ထောင်စုစာရင်း လည်း လုပ် ပေးနိုင်ဖို့ရည်ရွယ်တယ်’’ ဟု ပြော သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service