ကျိုက်ထီးရိုးဘုရားကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တည်ရှိရာဇုန်အဖြစ် သတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
2264 Views

ကျိုက်ထီးရိုးဘုရားကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တည်ရှိရာဇုန်အဖြစ် သတ်မှတ်မည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တည်ရှိရာနေရာကို မွန်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းအမွေအနှစ် တည်ရှိရာဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။

ကျိုက်ထီးရိုးဘုရား တည်ရှိရာ နေရာကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ နေရာအဖြစ် သတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ ကိစ္စရပ်နှင့်ပတ်သက်၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားတယ်၊ ရှေးဟောင်း ယဉ်ကျေးမှုဇုန်အနေနဲ့ သတ်မှတ်မယ်ဆိုရင် သူက စည်းကမ်းချက်များတယ်၊ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အနေနဲ့ သတ်မှတ်ဖို့ လိုက်နာရမယ့် စည်းကမ်းညွှန်ကြားချက် ၂၂ ချက်လောက်ရှိတယ်၊ အဲဒီမှာရှိတဲ့ လူတွေ၊ ဆိုင်တွေရော၊ ဂေါပကအဖွဲ့တွေရော၊ ဟိုတယ်တွေရော ချပြရှင်းလင်းပြီးတော့ သူတို့အနေနဲ့ လိုက်နာနိုင်မှ ဒီဇုန်ကို သတ်မှတ်မယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

ကျိုက်ထီးရိုးဘုရားနှင့် ပတ်သက်၍ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာမှ အမိန့်ကြော်ငြာစာအမှတ် (၄/၉၉) (၁၁-၁၀-၁၉၉၉) ရက်နေ့မှစ၍ ကာကွယ် ထိန်းသိမ်းထားသောဇုန် (Protected Zone) အဖြစ် သတ်မှတ်ထားကြောင်း၊ မွန်ပြည်နယ် အစိုးရအနေနှင့်လည်း ကျိုက်ထီးရိုးဘုရားကို ဇုန်နယ်မြေအဖြစ် သတ်မှတ် ကာကွယ်ထိန်းသိမ်းရန် အစီအစဉ်ရှိကြောင်း၊ အချိန်တစ်နှစ်ခန့် ယူရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရားကို ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာဇုန်အဖြစ် သတ်မှတ်မည်ဆိုပါက ဇုန်အတွင်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ အမိန့်ညွန်ကြားချက်များ သတ်မှတ်မည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရား၏ သဘာဝကြိုးဝိုင်းတောမြေဧရိယာမှာ ၃၈၅၅၃ ဒသမ ၆၁ ဧက ရှိပြီး ကျိုက်ထီးရိုး သာသနာ့မြေအဖြစ် ဧရိယာမှာ ၆၆၉၂ ဧကရှိကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service