ကမ္ဘောဒီးယားတွင် အသံလွှင့်ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုအတွက် ဆန္ဒပြသူများနှင့် အာဏာပိုင်တို့ ထိပ်တိုက်တွေ့ - Property News in Myanmar from iMyanmarHouse.com
782 Views

ကမ္ဘောဒီးယားတွင် အသံလွှင့်ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုအတွက် ဆန္ဒပြသူများနှင့် အာဏာပိုင်တို့ ထိပ်တိုက်တွေ့

ကမ္ဘောဒီးယားနိုင်ငံ၊ ပရက်ပီနော့ဗ်ခရိုင်တွင် ဒေသခံများသည် အရှေ့ ဖျားအသံလွှင့်ကုမ္ပဏီ (FEBC) နှင့် မြေယာအငြင်းပွားမှု အရေးနှင့် စပ်လျဉ်း၍ ဆန္ဒပြကြသူများကို အာဏာပိုင်တို့က ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ဒေသတွင်းအရာရှိတို့က ပြောကြားရာတွင်မူ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြောင်း ပြောကြားသည်။

မြေပိုင်ရှင်တစ်ဦးဖြစ်သူ လန်းချိုအန်၏ ပြောကြားချက်အရ ဖနွမ်းပင်လေဆိပ်အနီးရှိ ၄ ဟက်တာခန့် ကျယ်ဝန်းသောမြေကို ၁၉၇၉ ခုနှစ်ကတည်းက ဒေသခံ မိသားစုများ ပိုင်ဆိုင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင်မူ FEBC သို့ ရောင်းချပေးရန် သဘောတူခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်အထိ မြေဖိုးရရှိခြင်းမရှိသောကြောင့် Oknha Sok Heng သို့ ရောင်းချရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် FEBC သည် မိမိတို့၏ မြေနေရာကို Oknha Hong Piv သို့ ရောင်းချခဲ့ပြီးဖြစ်နေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

အခြားမြေပိုင်ရှင်တစ်ဦးဖြစ်သူ မော်သွန်၏ ပြောကြားချက်အရ အဆိုပါမြေနေရာကို ရွာသားများထံ ပြန်ပေးရန် တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့ရာ FEBC က အယူခံဝင်ထားပြီး အပြီးသတ်အမိန့်ချမှတ်ရသေးခြင်းမရှိကြောင်း ပြောကြားသည်။

FEBC ၏ ရှေ့ နေ ချန်ဆမ်ဘိုက ပြောကြားရာတွင် တရားရုံးသည် ကျေးရွာသားများအား အနိုင်ပေးခဲ့သည်ကို မိမိတို့သိရှိ အသိအမှတ်ပြု ပါကြောင်း၊ သို့ရာတွင် မြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည်
မိမိတို့ဘက်မှရှိကြောင်း ပြောကြားခဲ့သည်။

“မြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကို ကျွန်တော်စာရေးတင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့တယ်။ ဒီစုံစမ်းမှုအရ မြေယာကိစ္စမှာ မူမမှန်တာတွေ အများကြီးတွေ့ခဲ့ရပြီး ပွဲစားတွေ၊ ဒေသခံတွေနဲ့ စာရွက်စာတမ်းထုတ်ပေးတဲ့ ဒေသတွင်း အာဏာပိုင်တွေအကြားမှာ ပူးပေါင်းလိမ်လည်မှု စနစ်တကျလုပ်ထားတာကို တွေ့ခဲ့ရတယ်” ဟု ချန်ဆမ်ဘိုက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service