ဇုန်အသစ်များ လာမည် - Property News in Myanmar from iMyanmarHouse.com
1437 Views

ဇုန်အသစ်များ လာမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ထိုအခြေအနေကို စဉ်းစားသုံးသပ်ေ နပြီး ကုန်ထုတ်လုပ်ငန်းများ အမှန်တကယ် ရင်းနှီးမြှုပ်နှံမည့် ဇုန်များ ဖော် ထုတ်နိုင်ရန် စီစဉ်နေသည်ဟု တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ ဒလမြို့နယ်တွင် အခြေပြုပြီး ပင်လယ်ပြင် ကို မျက်နှာမူသည့် စီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ပြင်ဆင်ေ နသည်ဟု သူက ဆိုသည်။ ထို့အပြင် လယ်ယာမြေများကို အခြားနည်းလမ်ြး ဖင့် အသုံးချခွင့် လန (၃၉) လျှောက်ကာ အိမ်ရာနှင့် အခြားစီမံကိန်း များ ဖော်ထုတ်မှုကို သုံးသပ်နေသည်။

လန (၃၉) ကို လယ်သမားများက မလျှောက်ဘဲ လုပ်ငန်းရှင်များကသာေ လျှာက်ထားခြင်းကြောင့် ပြန်လည်သုံးသပ်ခြင်း ဖြစ်သည်။ လန (၃၉) ကျလျှင် မူလလယ်မြေတန်ဖိုး သိန်း ၃၀၀ ဆိုလျှင် သိန်း ၅၀၀ မှ ၁၀၀၀ အထိ ဈေး တက်သွားသည်။

“လန ၃၉ ရပြီး လယ်မြေကို အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ပြုဖို့ လိုက်လြံ ကိုးပမ်းနေမှုကို သေသေချာချာ စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စီးပွားရေးအတွက် အရေးပါသော ကုန်ထုတ်လုပ်ငန်းများ ရင်းနှီးမြှု ပ်နှံရန် နေရာများ ဖန်တီးမည်ဟုဆို ၎င်းက ဆိုသည်။

ရန်ကုန်မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင် ကုန်ထုတ် ဇုန်များ ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ သို့ဆိုလျှင် မြေပေါလာ မည်။ မြေပေါလျှင် လုပ်ငန်းများ ဝင်လာပေလိမ့်မည်။

ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်း ရင်းနှီးလုပ်ကိုင် ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြေနေရာငှားရမ်း အသုံးပြုခွင့် ရှိသည်။ ပုဂ္ဂလိကမြေ၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေနှင့် နိုင်ငံတော် ပိုင် မြေ သို့မဟုတ် အဆောက်အအုံများကို ငှားရမ်းအသုံးပြုနိုင်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရသည့်နေ့မှ နှစ်ပေါင်း ၅၀ အထိ ငှားရမ်းအသုံးပြုနိုင်သည်။ သက်တမ်းတိုးခွင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ၁၀ နှစ်) ထပ်မံတိုးမြှင့်နိုင်သည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင် ဖြစ်ပါက ၎င်းပိုင်ဆိုင်သည့် မြေနေရာတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ မြေငှားရမ်းရာတွင် စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအက် ဥပဒေ မှတ်ပုံတင်၍ ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိအခြေအနေမှာ မြေအတွက် အခက်အခဲမှာ ပြေလည် စပြုပြီ ဖြစ်ေ ကာင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးမျိုးသက် က ဆိုသည်။

သီလဝါ အထူးစီးပွာရေးဇုန်တွင် SME လုပ်ငန်းများ မြေနေရာ ငှားရမ်းနိုင်မည့် အခွင့်အရေးများ ဖန်တီးထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လည်းြေ မနေရာအခက်အခဲကို ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ)ကို ကနဦးမြေဧရိယာ ၂၅၀ ဧကပေါ် တွင် စတင်အကောင်အထည်ဖော်မည် ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလပိုင်းက ယင်းဇုန်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းဇုန်၌ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။

“(မြေနေရာရရှိရေး) အစိုးရက ဖြေရှင်းပေးမယ် ပြောနေတာပဲလေ။ ခင်ဗျား တို့ ကြိုက်တာလာလုပ် ဖြေရှင်းပေးမယ်။ ဒါပေမဲ့ လာလုပ်မယ့်သူကိုက နည်းနေတာ” ဟု ဦးမျိုးသက်က ဆိုသည်။

လက်ရှိအနေအထားတွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်းက မြေကြောင့် မ ဟုတ်ဟု ၎င်းက ယူဆထားသည်။

အစိုးရ၏ ခိုင်မာအားကောင်းသော မူဝါဒများ မရှိခြင်း၊ ရှိသည့် မူဝါဒများမှာ ရှင်းလင်းတိကျမှု မရှိခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများကြောင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာသည်ဟု ဦးမျိုးသက်က သုံးသပ်သည်။

“အစိုးရအပေါ် ယုံကြည်မှု အားနည်းတယ်။ ပြည်ပကတောင် မဟုတ် ဘူး။ ပြည်တွင်းက လုပ်ငန်းရှင်တွေတောင် ပေါ်လစီတွေ ရှင်းရှင်းလင်းလင်း မဖြစ်တော့ ဝါးတားတား ဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဦးမျိုးသက်က ထိုသို့ဆိုသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပွဲ များ၊ ပြည် တွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲများတွင် အပြောများကြသည်က မြေယာ ရရှိေ ရးပင် ဖြစ်နေပြန်သည်။

“မြေကြီးကိုင်ထားတဲ့သူက ဈေး ဘာညာအော်နေတာ။ စက်မှုဇုန်တွေမှာ ဒီေ လာက်ကြီး Demand မဟုတ်ဘူး။ ဒီလောက်မြှုပ်နှံကြတာ မရှိဘူး။ Business က Slowdown ဖြစ်နေတာလေ” ဟု ၎င်းက ဆိုသည်။

ဆိုလိုသည်က မြန်မာ့စီးပွားရေး အခြေအနေမကောင်းဟူ၍။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service