ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
821 Views

ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည်

ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ်သည် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်လည်ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

“Little Britain” ဇာတ်ကားတွင် သရုပ်ဆောင်ထားသူ လူးကက်စ်သည် လော့စ်အိန်ဂျိရှိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်း ဈေးခေါ်ကာ ရောင်းထုတ်လာခြင်း ဖြစ်သည်။

အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စတာလူးကက်စ်သည် Bridesmaids နှင့် Alice in Wonderland ရုပ်ရှင်ဇာတ်ကားများတွင်လည်း ဟာသသရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။
အကယ်၍ ယခုခေါ်ဈေးအတိုင်းသာ ရောင်းစွံခဲ့မည်ဆိုလျှင် မစ္စတာလူးကက်စ်အတွက် ကန်ဒေါ်လာ ၂ ဒသမ ၄၅ သန်း
အမြတ်ရမည် ဖြစ်သည်။

မစ္စတာလူးကက်စ်သည် အမေရိကန်ပြည်ထောင်စုသို့ ၂၀၁၁ ခုနှစ်တွင် ပြောင်းရွှေ့ အခြေချခဲ့စဉ်က ယခုနေအိမ်ကို
ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော မေလအတွင်း အရောင်းဈေးကွက်တင်ထားခဲ့ခြင်း ဖြစ်ကာ ယခုချိန်အထိ ရောင်းမထွက် သေးချေ။

လူးကက်စ်သည် ထိုနေအိမ်တွင် ရုပ်ရှင်မင်းသမီး ရီဘယ်လ်
ဝီလ်ဆင်နှင့်အတူ အခိုက်အတန့် ပူးတွဲနေထိုင်ခဲ့သေးသည်။
ရီဘယ်လ်ဝီလ်ဆင်သည် နောက်ပိုင်းတွင် လော့စ်အိန်ဂျလိတွင်ပင် သူမ၏ ကိုယ်ပိုင်နေအိမ်ဝယ်ယူခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ ၃၈၄၀ စတုရန်းပေရှိပြီး မီးလင်းဖိုပါသည့် ညစာစားခန်း၊ စာကြည့်ခန်းတစ်ခု၊ ရုံးခန်းနှင့် ဧည့်ဂေဟာဆောင်တို့ ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် Coldwell Banker
က ထုတ်ဖော်ပြောကြားထားသည်။

အဝတ်အစားထားသိုခန်းတွင် အာဆင်နယ်ဘောလုံးအသင်း၏ အထိမ်းအမှတ်ပစ္စည်းများတွေ့ရသည်။
ခြံဝန်းအတွင်းတွင် အိပ်ခန်း ၂ ခန်းပါ နှစ်ထပ်ဧည့်ဂေဟာအိမ်တစ်လုံးပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်ဟာသ သရုပ်ဆောင် မက်ထ်လူးကက်စ် အမေရိကသို့ ပြောင်းရွှေ့ အခြေချခဲ့စဉ်က ပထမဆုံးဝယ်ခဲ့သည့်နေအိမ်ကို ပြန်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service