ရင်းနှီးမြှုပ်နှံလိုသူတွေကို နှစ်(၇၀)ထိ မြေငှားရမ်းခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
1144 Views

ရင်းနှီးမြှုပ်နှံလိုသူတွေကို နှစ်(၇၀)ထိ မြေငှားရမ်းခွင့်ပြုမည်

ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံလိုသူများသာမက ပြည်ပရှိ ရင်းနှီးမြှုပ်နှံလိုသူများ ကို ပါ မြေနေရာလိုအပ်မည်ဆိုပါက နှစ်(၇၀)အထိ ငှားရမ်းခွင့်ပြုသွားမည်ဟု စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုလိုက်သည်။

“မြေနဲ့ပတ်သက်လို့ အခက်အခဲ မရှိစေရဘူး။ ကျွန်တော်တို့ မြေငှားပေး မယ်။ နှစ်(၇၀)အထိ ငှားပေးမယ်။ နောက်ပိုင်းလိုအပ်လို့ရှိရင် ထပ်ပြီး တိုးရင် တိုးဦးမယ်။ လောလောဆယ်တော့ နှစ်(၇၀) ငှားရမ်းခွင့်ပေးမယ်။ သူတို့တေ တွ အေးချမ်း၊ လွယ်ကူ၊ ရိုးရှင်းစွာနဲ့ ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် ကျွန်တော်တို့ ဖန်တီးပေးနိုင်မှလည်း အခြား အခြားသော နိုင်ငံတွေက ကျွန်တော်တို့ နိုင်ငံ ကို စိတ်ဝင်စားမယ်။ ဒီအခွင့်အရေးကို ကျွန်တော်တို့ ပေးရမယ်” ဟု ဦးကျော် ဝင်းက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ဇွန် လ ၆ရက်က စတင်ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်(Myanmar Investment Forum 2017) တွင် ဦးကျော်ဝင်းက ထိုသို့ ပြောဆိုလိုက်ြ ခင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေကိုလည်း ဒီအခွင့်အရေးေ ပးမှာပဲ။ နိုင်ငံတကာက လူတွေကိုလည်း ဒီအခွင့်အရေးပေးမှာပဲ။ ဒါမှ ဒီလုပ် ငန်းကြီးက တိုးတက်လာမှာ” ဟု ဦးကျော်ဝင်းက ဆိုသည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်း ပထမတစ်နှစ်တာကာလအတွင်း စီး ပွားရေးနှင့်ပတ်သက်ပြီး လေယာဉ်တစ်စင်းဖြင့် ဦးကျော်ဝင်းက ဥပမာပေး ကာ “Run Way မှာ ပြေးတဲ့အချိန်ကာလလို့ သတ်မှတ်ပါတယ်” ဟု ပြော သည်။

ယခုနှစ်တွင်မူ “Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့် ကျင်တွန်းကန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကို ပြေးမယ့်နှစ် လို့ ပြောလို့ရပါ တယ်” ဟု ၎င်းက ကြုံးဝါးခဲ့သည်။

အစိုးရက စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းထားကိုလည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တင့်မျှတသည့် နှုန်းထားတစ်ခု ဖြစ်စေရမည်ဟုလည်း ဦးကျော်ဝင်းက သတင်းစကား ပါးလိုက်သေးသည်။

“အခွန်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ မူဝါဒက ဘာလည်းဆိုလို့ရှိရင် အခွန် ထမ်းဆောင်ထိုက်သူ ပုဂ္ဂိုလ် အားလုံး မကြီးလေးတဲ့ တာဝန်အဖြစ်နဲ့ အခွန်ကို ထမ်းဆောင်ရစေရမယ်။ အခွန်ထမ်းဆောင်ထိုက်သူအားလုံး အခွန်လွတ် ကင်းခွင့် မရှိဘဲနဲ့ အခွန်ကို မလွဲမသွေ ပေးဆောင်ရမယ်။ အခွန်ထမ်းဆောင် ထိုက်သူ အားလုံးအတွက် အခွန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေဟာ မျှ တတဲ့ စည်းမျဉ်းဥပဒေတွေ ဖြစ်စေရမယ်။ ဒီအချက်နဲ့ အခြေခံပြီးတော့ ရင်းနှီြး မှုပ်နှံသူအာလုံးအတွက် အခွန်နှုန်းထားဟာ သင့်လျော်မျှတတဲ့ တာဝန် တစ် ရပ်အဖြစ်နဲ့ ရှိစေရပါမယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service