အေးစက်နေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာ - Property News in Myanmar from iMyanmarHouse.com
8341 Views

အေးစက်နေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာ

ရန်ကုန်အိမ်ခြံ မြေဈေးကွက်အတွင်း အရောင်းအ ဝယ်များအေးနေခဲ့ရာမှ လတ်တလော ကာလအတွင်း အရောင်းအဝယ်များ ပြန်လည်ဖြစ်
လာခဲ့ပြီး ဈေးကွက်အ တွင်း အလှုပ်အခတ်များ ရှိလာခဲ့ ကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သိရသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်အ တွင်း ကာလအတော်အတန်ကြာအထိ အရောင်းအဝယ်များအေးစက် နေခဲ့ရာမှ ပြီးခဲ့သည့်မေလနှောင်း ပိုင်းမှစတင်ကာ အရောင်းအဝယ် များ ပြန်လည်လှုပ်ခတ်လာခဲ့ခြင်းဖြစ် ကာ လက်ရှိအနေအထားမှာ ဈေး ကွက်ကောင်းမွန်သည့်အနေအထား တစ်ရပ်သို့ရောက်ရှိရန်အတွက် အစ ပျိုးသည့် အနေအထားတစ်ရပ်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းကဆိုသည်။

စိုင်းခွန်နောင် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ""အဝယ်တွေကတော့ ပြန်လိုက်လာ နေပြီလို့ သုံးသပ်လို့ရတယ်။ အဝယ် တွေပြန်လိုက်လာတဲ့အကြောင်းအ ရင်းကတော့
အရင်နှစ်တွေတုန်းက လည်း ဒီအချိန်ဆိုရင် အဝယ်က အခု လိုပဲ မြင့်လာနေကျဆိုတော့ အခုချိန် က အဝယ်လိုက်လာတတ်တဲ့ ရာသီ လို့ ပြောလို့ရတယ်""ဟု ဇွန် ၂ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

ရန်ကုန်တိုင်းအတွင် အိမ်ငှား ရမ်းလုပ်ကိုင်မည့်သူများအနေဖြင့် အိမ်ငှားရမ်းခွင့်လိုင်စင်ရှိမှသာ အိမ် ငှားရမ်းခွင့်ရရှိမည်ဆိုသည့်
ကောလာ ဟလသတင်းများ ထွက်ပေါ်နေခဲ့ သော်လည်း

အဆိုပါသတင်းများမှာ ရန်ကုန်အိမ်အငှားဈေးကွက်အပေါ် တွင် တစ်စုံတစ်ရာရိုက်ခတ်မှုမရှိ ကြောင်းလည်း ဦးစိုင်းခွန်နောင်က ဆိုသည်။
""ဒီလိုမျိုးသတင်းတွေထွက်ပေါ် နေတဲ့အတွက်ကြောင့်တော့ ရန်ကုန် အိမ်အငှားဈေးကွက်အပေါ်မှာတော့ ရိုက်ခတ်မှုမရှိပါဘူး""ဟု ဦးစိုင်းခွန် နောင်က ဆက်လက်ပြောသည်။

အရောင်းအဝယ်ပိုင်းတွင် အ လှုပ်အခတ်များရှိလာသကဲ့သို့ အငှား ဈေးကွက်မှာလည်း မြို့နယ်တိုင်းတွင် ဆက်လက်အငှားသွက်နေဆဲဖြစ်ပြီး တိုက်ခန်းများသာမက လုံးချင်းများပါ အငှားဖြစ်နေကြောင်း သိရသည်။
မကြာမီကာလအတွင်း ဝါတွင်း ကာလသို့ရောက်ရှိလာမည်ဖြစ်သော် လည်း အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များမှာ ဆက်လက် ဖြစ်နေဦးမည်ဖြစ်ပြီး အငှားဈေးကွက် အပေါ်တွင် အနည်းငယ်သက်ရောက် မှုရှိနိုင်ကြောင်းလည်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု- ဥက္ကဋ္ဌ ဦးသန်းဦးက ဆိုသည်။

ဦးသန်းဦးက ""လာမယ့် ၇ လ ပိုင်းဆိုရင် ဝါဝင်တော့မယ်ဆိုပေ မယ့် အိမ်ခြံမြေအရောင်းအဝယ်ဈေး ကွက်အတွက်ကတော့ သိပ်ပြီးပတ် သက်မှုမရှိပါဘူး တကယ်တမ်းမှာက တော့ အငှားဈေးကွက်လောက်ပဲ၊ ဒီဟာက သက်ရောက်မှုရှိတယ်""ဟု ဇွန် ၂ ရက်က ဒီမိုကရေစီတူဒေးသို့
ပြောသည်။

လက်ရှိအချိန်တွင် အရောင်းအဝယ်အလှုပ်အခတ်များဖြင့် ဈေးကွက်
ကောင်းမွန်နေပြီး ဝါတွင်းကာလအ တွင်းပါ အရောင်းအဝယ်များ ဆက် လက်ကောင်းမွန်နိုင်ကြောင်း အိမ်ခြံ မြေအသိုင်းအဝိုင်းက သုံးသပ်ပြော ကြားသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service