အိမ်ခြံမြေတံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းသာ ကောက်ခံတော့မည် - Property News in Myanmar from iMyanmarHouse.com
2598 Views

အိမ်ခြံမြေတံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းသာ ကောက်ခံတော့မည်

အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့် သက်ဆိုင် သည့် တံဆိပ်ခေါင်းခွန်နှုန်းထားကို လေးရာခိုင်နှုန်း သို့ လျှော့ချကောက်ခံေ တာ့မည်ဟု ပြည်တွင်းအခွန် ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်တွင်းရှိ အိမ်ခြံမြေရောင်းဝယ်မှုများသည် အခွန်ကောက်ခံမှု နှုန်းထား များကြောင့် အရောင်းအဝယ်လေးလံနေသဖြင့် အခွန်နှုန်းထားများ ပြင်ဆင် မည်ဟု စိမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေ ၂ဝ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။

ယင်းသို့ပြောခဲ့ပြီးနောက် ယခု မေ ၃၁ ရက်တွင် တံဆိပ်ခေါင်းခွန်နှုန်းထားကို
လျှော့ချလိုက်သည့် အသိပေးကြေညာချက်တစ်ရပ်ကို ပြည်တွင်းအခွန်ဦးစီးဌာ နက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

''အခွန်ထမ်းတွေအတွက် မှန်ကန်မျှတတဲ့အခွန်ဖြစ်ရမယ်၊ ထမ်းဆောင်နိုင်တဲ့ အခွန်လည်းဖြစ်ရမယ်၊ နိုင်ငံတော်အတွက် တကယ်ကို အထောက်အပံ့ဖြစ်တဲ့ အခွန်ဖြစ်ရမယ်။ ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွန်အခတွေအတွက် ပြန်လည် စဉ်းစားသွားပါမယ်။ ရွှေ၊ အိမ်ခြံမြေ ရောင်းဝယ်မှုနဲ့ တံဆိပ်ခေါင်းခွန်တွေ ကို ပြင်ဆင်ဖို့ စီစဉ်နေပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မေ ၂ဝ ရက်က ပြုလုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

လက်ရှိတွင် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်
သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ကိုငါးရာခိုင်နှုန်းဖြင့် ကောက်ခံနေသည်။ သို့ ရာတွင် ယခုထုတ်ပြန်ချက်အရ တံဆိပ်ခေါင်းခွန်မှာ လေးရာခိုင်နှုန်းဖြင့်သာ ကျသင့်စေတော့မည် ဖြစ်သည်။

ထို့အတွက် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်း ပြု လုပ်မည့် သူများသည် တံဆိပ်ခေါင်းခွန်ကို စနစ်တကျ လိုက်နာပေးဆောင် ရန်လည်း အသိပေး ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး၏ ကတိပေးချက်အရ အခွန်ပြင်ဆင်မည့် နယ်ပယ်များ အနက် ယခု တံဆိပ်ခေါင်းခွန်နှင့် ပတ်သက်သော အခွန်ပြင်ဆင်မှု ထွက်ပေါ် လာပြီဖြစ်သော်လည်း ရွှေနှင့်အိမ်ခြံမြေရောင်းဝယ်မှုနှင့် သက်ဆိုင်သည့် အ ခွန်များ ကျန်ရှိနေဆဲဖြစ်သည်။ 

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service