Shwe Zabu River View ကွန်ဒိုအရောင်းပြပွဲ ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
1368 Views

Shwe Zabu River View ကွန်ဒိုအရောင်းပြပွဲ ပြုလုပ်မည်

Shwe Zabu River View ကွန်ဒိုမီနီယံအရောင်းပြပွဲကို ဇွန်လ ၃ ရက်နဲ့ ၄ ရက်မှာ အလုံမြို့နယ် ကမ်းနားလမ်း Shwe Zabu River View ကွန်ဒို မြေညီထပ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ် ။

Shwe Zabu River View ကွန်ဒိုဟာ တာဝါလေးလုံးရှိပြီး အခန်းပေါင်း ၁၀၄ ခန်းရှိပါတယ် ။ လက်ရှိရောင်းချမယ့်အခန်းကတော့ အခန်း ၂၀ ကျော်ရှိပါတယ် ။ အခန်းအကျယ်တွေကတော့ စတုရန်းပေ ၂၀၀၀ ကျော်ရှိပါတယ် ။ ဈေးနှုန်းတွေကတော့ သိန်းထောင်ကျော်တန်တွေ ဖြစ်ပါတယ် ။

ဝယ်ယူသူတွေအနေနဲ့ ပထမဆုံး ၃၀ ရာခိုင်နှုန်း ပေးသွင်းနိုင်ပြီးတော့
ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်နဲ့ချိတ်ဆက်ပြီး သုံးနှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်ပါတယ် ။ ပြပွဲအချိန်ကတော့ မနက် ၉:၀၀ နာရီကနေ
ညနေ ၅:၀၀ နာရီအထိ ဖြစ်ပါတယ် ။

‘ကွန်ဒို အခန်းတွေရဲ့ လစဉ်ငှားရမ်းခက ဒေါ်လာ ၃၀၀၀ ရရှိနိုင်ပြီး အငှားစာချုပ်ပါ လွှဲပြောင်းရောင်းချပေးပါမယ် ၊ ခုလက်ရှိမှာတော့
ကျွန်တော်တို့ အနေနဲ့ ရိုးမဘဏ်နဲ့ ချိတ်ဆက်ထားပါတယ် ။ ပြီးတော့ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပိုင်ဆိုင်နိုင်ပါမယ်’ လို့ iMyanmarHouse ရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောပါတယ် ။

Shwe Zabu River View ကွန်ဒိုဟာ နိုင်ငံတကာအဆင့်မီ စင်ကာပူနည်းပညာနဲ့ လှပစွာ တည်ဆောက်ထားတဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး ရွှေတိဂုံစေတီတောမြတ်ကြီးနဲ့ ရန်ကုန်မြစ်ရဲ့ မြင်ကွင်းအလှအပတွေကို ရှု့မြင်ခံစားနိုင်ပါတယ် ။ မြေအကျယ်အဝန်းကတော့ ၁.၅ ဧကရှိတဲ့ အလုံမြို့နယ် ၊ ကမ်းနားလမ်းမကြီးပေါ်မှာ ဆောက်လုပ်ထားတာ
ဖြစ်ပါတယ် ။

အခန်းဖွဲ့စည်းပုံကတော့ ကွန်ဒိုနေ မိသားစုတွေ သက်သောင့်သက်သာ နေထိုင်နိုင်အောင် ကျယ်ဝန်းတဲ့ အခန်းတွေ ဖွဲ့စည်းပေးထားသလို လေကောင်းလေသန့်နဲ့ အလင်းရောင်ကောင်းကောင်းရရှိနိုင်အောင်
double glass မှန်တွေ တပ်ဆင်ထားတာကြောင့် အသံလုံခြင်းနဲ့ အအေးဓါတ်ကို ထိန်းထားပေးနိုင်ပါတယ် ။ ဘိုထိုင် ၊ ဘေစင်တေါကိုလည်း ဘရန်းတွေသာ တပ်ဆင်ပေးထားပါတယ် ။မီးဖိုခန်းတွေမှာ အဆင့်မြင့်
kitchen Counter နဲ့ Cabinet တွေ တပ်ဆင်ပေးထားသလို မီးဖိုခန်းနံရံနဲ့ ကြမ်းခင်းတွေကို ကြွေပြားအပြည့် ကပ်ပေးထားပါတယ် ။

Centralized Antenna System တပ်ဆင်ပေးထားတာကြောင့် သီခြားအင်တာနာတွေ ၊ စလောင်းတွေ တပ်ဆင်ဖို့ မလိုအပ်ပါ ဘူး ။ လိုင်းဖုန်းတစ်လုံးပါရှိတာရယ် ၊ အိမ်အဝင် Main Door ကို
ခန့်ညားလှပအောင် Security Door တွေကို တပ်ဆင်ပေးထားသလို ကွန်ဒိုအခန်း တစ်ခန်းစီအတွက် ကားပါကင် တစ်စီးစီ ထားရှိပေးထားပါတယ် ။
ပါဝင်တဲ့ facilities ကတော့ ၂၄ နာရီဖွင့်တဲ့ မီနီမတ် ၊ ရုပ်ရှင်ရုံနဲ့ ကာရာအိုကေ ၊ ကားပါကင်တွေ ၊ ရေကူးကန်တွေ ၊ အားကစားခန်းမ ၊ အလှပြင်ဆိုင် ၊ ကလေးအားကစားကွင်းနဲ့ အရေးကြီးအစည်းအဝေးတွေ ပြုလုပ်နိုင်တဲ့ Ambassador Lounge တွေ ပါဝင်ပါတယ် ။

ဒါ့ပြင် ၁၃ ယောက်စီးဓါတ်လှေကားရှစ်စီး ၊ ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝ ရရှိနိုင်တဲ့ မီးစက်နှစ်လုံး ၊ လုံခြုံရေးစနစ် ၊ ဗီဒီယိုဖုန်းနဲ့ စီစီတီဗီ ၊ မီးဘေးအန္တရာယ်အတွက် ဂါလန် ၃၀၀၀၀ ဆံ့ မီးသတ်ရေကန်နဲ့ firealarm system တွေ တပ်ဆင်ပေးထားပါတယ် ။

Credit: The Modern
Shwe Zabu River View ကွန်ဒိုအရောင်းပြပွဲ ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service