မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်း အကောင်အထည်ဖော်မည့် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်လုပ်ကိုင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
886 Views

မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်း အကောင်အထည်ဖော်မည့် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်လုပ်ကိုင်ခွင့်ပြု

မန္တလေးမြို့ ရှမ်းကလေးကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း အကောင် အထည်ဖော်မည့် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်လုပ် ကိုင်ခွင့်ပြုေ ကြာင်း တိုင်းအစိုးရ အဖွဲ့မှ သတင်းရရှိသည်။

ကနဦးအနေဖြင့် အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော် မည့် ကုမ္ပဏီအတွက် စီမံကိန်းဧရိယာမြေဧက ၂၀ ပေါ် တွင် ရုံးခန်းအေ ဆာက်အအုံများ စတင်ဆောက်လုပ်ခွင့်ပြုခြင်းဖြစ် သည်ဟု မန္တလေးတိုင်းေ ဒသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ပြောသည်။

‘‘ဧက ၂၀ လောလောဆယ် ပုံစံ (၁၀၅) ကူးခွင့်ပြုထားတယ်။ Office Tower တွေဆောက်ဖို့ အတွက်’’ဟု အမရပူရမြို့ပြဖွံ့ဖြိုး ရေးစီမံကိန်း အေ ကာင်အထည် ဖော်ရန် ခွင့်ပြုထားသည့် အခြေ အနေနှင့်ပတ်သက်၍ ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော သည်။

ယင်းအဆောက်အအုံများ တည်ဆောက်ပြီးစီးမှ တစ်ဆင့် ချင်းစီ ဆက်လက် လုပ်ကိုင်ခွင့် ပြုမည်ဟု ၎င်းကဆိုသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီ မံကိန်းကို မန္တလေးမြို့ ရှမ်းကလေး ကျွန်းကျေးရွာ အနီးရှိ မြေနုကျွန်း နှင့် ကိုင်းကျွန်းမြေများအပါအဝင် မန္တလေးမြို့အနီး ဧရာဝ တီမြစ် အတွင်းရှိ မြေဧက ၂,၀၀၀ ကျော် ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်သည်။ မြေ နုကျွန်းနှင့် ရေဝပ်ဧရိယာများကို မြေဖို့ကာ တည်ဆောက်မည်ဖြစ် သည်။

‘‘စီမံကိန်းရုံးတွေ စတင် ဆောက်လုပ်ဖို့ ခွင့်ပြုချက်ရတာ ပါ။ ဆောက်တာကေ တာ့ မိုးရာ သီကုန်မှ စဆောက်မှာပါ။ ဒီစီမံ ကိန်းရုံးတွေနဲ့ တစ်ပြိုင်နက်တည်း ဧရာဝတီမြစ်တာရိုးက မန္တလေး မြို့ပတ်လမ်းကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှာပါ။ ကျွန် တော်တို့က ငွေကြေးကုန်ကျခံပြီး အဲဒီလမ်း ကို ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင် တိုးချဲ့ပေ ဖို့ စည်ပင်သာယာကို ခွင့်ပြုချက် တောင်းထားပါတယ်’’ဟု အမရပူ ရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်မည့် Mandalay Business Capital City Development ကုမ္ပဏီ (MBCCD) ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်း က ပြောသည်။

MBCCD ကုမ္ပဏီသည် စီး ပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး အမ ရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန် တည် ထောင်ထားခြင်းဖြစ်သည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက် ပျက် စီးခြင်းနှင့် ဧရာ ဝတီမြစ်ကြောင်းပြောင်းကာ စီမံ ကိန်းနှင့်ထိစပ်နေသည့် အင်းဝ၊ တံတားဦး၊ စစ်ကိုင်း စသည့် ရှေး ဟောင်း သမိုင်းဝင်နေရာများ ထိ ခိုက်မှုရှိလာမည်ကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်မှုများ ရှိနေ သည်။ စီမံကိန်း ဧရိယာနှင့် ဆက်စပ်နေသည့် ဒေသခံများကလည်း အဆိုပါ တည်ဆောက်ရေးစီမံကိန်းများ ကြောင့် ၎င်းတို့၏ လူနေမှုဘဝ များအပေါ် ဆိုး ကျိုးသက်ရောက် မည်ကို စိုးရိမ်ကြောင်းပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်း မြေဖို့ကာ အေ ကာင်အထည်ဖော် မည့် စီမံကိန်းဖြစ်ပြီး မန္တလေး၊ အင်းဝ၊ အမရပူရ စ သည့် ရှေး ဟောင်းမြို့များနှင့် ဆက်စပ်သည့် နေရာဖြစ်၍ မြစ်ကြောင်ြးေ ပာင်း ခြင်းနှင့် မြစ်ကမ်းပြိုကျခြင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မည် ကို စိုးရိမ်ကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းများက ပြော သည်။ သဘာ ဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ စွန့်ပစ်ရေဆိုးများ ကြောင့် နေ့စဉ် လူနေမှုဘဝ အပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း လည်း ဒေသခံများက ပြောသည်။

စီမံကိန်းနှင့်သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘဝအပေါ် သက်ရောက်မှုဆိုင်ရာ စစ်တမ်း (EIA, SIA) များကို တိုင်း အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ် သည်ဟု MBCCD ကုမ္ပဏီကဆို သည်။

စီမံကိန်းပထမအဆင့်တွင် ပါဝင်မည့် မြေယာများ၏ ၇၀ ရာခိုင်နှုန်းကို ဝယ် ယူထားပြီး စီမံကိန်းတည်ဆောက်ခြင်း လုပ်ငန်းကို ၁၀ နှစ် သတ်မှတ်ထား သည်ဟု MBCCD ကုမ္ပဏီက ဆိုသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service