နာလန်ထဈေးကွက်ကို အသက်ဆက်မယ့် ဆေးသုံးခွက် - Property News in Myanmar from iMyanmarHouse.com
4301 Views

နာလန်ထဈေးကွက်ကို အသက်ဆက်မယ့် ဆေးသုံးခွက်

အိမ် ခြံ မြေ ဈေးကွက်တွေအရောင်းအဝယ်သွက်တယ်ဆိုပေမယ့် ၂၀၁၅ မတိုင်ခင်ကာလကိုတော့ မမှီဘူးလို့ပဲပြောရမှာပါ။လတ်တလောမှာတော့
အိမ် ခြံ မြေ အရောင်းအဝယ်အနေအထားဟာ ငြိမ်သက်နေရာကနေ ပြန်လည်နိုးထာလာတဲ့အနေအထားတစ်ခုကိုရောက်လာပါပြီ။

နာလန်ထစ လူမမာလို အားလျော့နေတဲ့ အိမ် ခြံ မြေ ကဏ္ဍအတွက် အခွန်နဲ့ပတ်သက်တဲ့သတင်းတွေကတော့ အားဆေးတစ်ခွက်လို့ပြောရမှာပါ။ဘာကြောင့် ဒီလိုပြောဆိုရသလဲဆိုရင် အိမ်ခြံမြေ အခွန်နှုန်းထားတွေကို ပြန်လည်ပြင်ဆင်သတ်မှတ်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးကပြောဆိုထားခဲ့တာကြောင့်ပါ။ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ မေလ ၂၀ ရက်နေ့က စက်မှုလက်မှုကုန်သည်လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေဆုံပွဲမှာ အထက်ပါအတိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အိမ် ခြံ မြေ အရောင်းအဝယ်နဲ့ပတ်သက်ပြီး အခွန်နှုန်းထားတွေကိုကြည့်ရင်တော့ သုံးပိုင်းရှိပါတယ်။စည်းကြပ်မှုမှလွတ်ကင်းနေသော အခွန်ကို စည်းကြပ်ကောက်ခံခြင်း ၊ တံဆိပ်ခေါင်းခွန် ၊ တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်တွေကိုအဓိကထား ပြောရမှာပါ။ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ အခွန်နှုန်းထားတွေကိုပြန်လည်ပြင်ဆင်သတ်မှတ်မယ်ဆိုတာကတော့ ဝင်ငွေခွန်ကိုရည်ရွယ်ပြီးပြောခဲ့တာပါ။

"" ဝင်ငွေခွန်""

ဘဏ္ဍာရေးဝန်ကြီး အနေနဲ့ အိမ် ခြံ မြေ အခွန်နှုန်းထားတွေကိုပြန်လည်ပြင်ဆင်သတ်မှတ်သွားမယ်လို့ဆိုခဲ့တာ
မှန်ပေမယ့် လျှော့ချပေးသွားမယ်လို့ပြောတာမဟုတ်ပါဘူး။ဒါပေမယ့် အိမ် ခြံ မြေဈေးကွက်အားကောင်းလာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောခဲ့တာဖြစ်
တာကြောင့် လက်ရှိအခွန်နှန်းထားတွေကိုလျှော့ချသွားနျုင်ခြေများတယ်လို့ အိမ် ခြံ မြေ အကျိုးဆောင်တွေကသုံးသပ်ထားကြပါတယ်။လက်ရှိ ကျင့်သုံးနေတဲ့အခွန်နှုန်းထားကလည်း ကြီးမြင့်ကြောင်း အိမ် ခြံ မြေ ဈေးကွက်နဲ့ နှီးနွယ်ဆက်စပ်နေသူတွေက မကြာခဏထောက်ပြကြပါတယ်။လက်ရှိသတ်မှတ်ကျင့်သုံးနေတဲ့ အခွန်နှုန်းထားတွေကို စာဖတ်ပရိသတ်အတွက်ပြန်လည် မိတ်ဆက်ပေးလိုက်ပါတယ်။အခုလက်ရှိအခွန်ဆောင်ရတဲ့နှုန်းထားက တစ်ကျပ်မှ သိန်းသုံးရာ အထိ အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက် ၃၀ ရာခိုင်နှုန်း ဆိုပြီး ၂၀၁၆ ဧပြီလကသတ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုသတ်မှတ်ပြီးနောက်ပိုင်းမှာ အကျဘက်ကိုဦးတည်နေတဲ့ ဈေးကွက်ဟာ ဇောက်ထိုးဆင်းငြိမ်သက်သွားပါတော့တယ်။ဒါကြောင့်လည်း ပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်တွေက အခွန်နှုန်းထားကိုပြန်လည်ပြင်ဆင်သတ်မှတ်ပေးဖို့မကြာခဏတောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် မပြင်ဆင်နိုင်ခဲ့ပါဘူး။ဒီလိုမပြင်ဆင်နိုင်တာနဲ့အမျှ အိမ် ခြံ မြေ ဈေးကွက်ဟာလည်း အေးအေးစက်စက်နဲ့သာ ရှေ့ဆက်ခဲ့ရပါတယ်။အခုအချိန်မှာတော့ ဒီလိုအခြေအနေတွေကြောင့် အစိုးရကပါ အိမ် ခြံ မြေ ဈေးကွက်ကိုပြန်လည်ကောင်မွန်ဖို့ ဝိုင်ဝန်းကြိုးစားလာတာကြောင့် ဘဏ္ဍာရေးဝန်ကြီးကပါ ခုလိုပြောဆိုလာတာပါ။ဒီလိုပြောဆိုချက်နဲ့အညီ အချိန်တိုအတွင်းလုပ်ဆောင်ပေးမယ်ဆိုရင်တော့ အကောင်ဆုံးဆေးတစ်ခွက်ဖြစ်လာမယ်ဆိုတာ
မြေကြီးလက်ခတ်မလွဲပါဘူး။

အခွန်နှုန်းထားကိုပြင်ဆင်မယ်ဆိုရင်တော့ ၂၀၁၆ မတိုင်ခင်က ကျင့်သုံးခဲ့တဲ့ နှုန်းထားတာအသင့်တော်ဆုံးပဲလို့ အိမ်ခြံမြေ လောကာသားတွေကဆိုပါတယ်။အမှန်တကယ်လည်း ၂၀၁၆ မတိုင်ခင်က အခွန်နှုန်းထားတွေဟာ ပေးဆောင်ချင်သူတွေအတွက် သင့်တင့်မျှတတဲ့ နှုန်းထာတစ်ရပ်လည်းဖြစ်ပါတယ်။အဲဒီနှုန်းထားကတော့ တစ်ကျပ်မှ သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်း ၊ သိန်း တစ်ထောင်မှ ငါးထောင်အထိ ၅ ရာခိုင်နှုန်း ၊ သိန်း ငါးထောင်မှ သိန်းတစ်သောင်းအ ထိ ၁၀ ရာခိုင်နှုန်း ၊
သိန်း တစ်သောင်းမှ သိန်း တစ်သောင်ခွဲအထိ ၂၀ ရာခိုင်နှုန်း ၊သိန်း ငါးသောင်အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံခဲ့တာပါ။ဒီနှုန်းထားဟာ အမှန်တကယ်မျှတတဲ့ နှုန်းထားတစ်ရပ်ဖြစ်တယ်လို့ လောကသားတွေကဆိုထားပါတယ်။

နောက်ထပ်ဆေးတစ်ခွက်အဖြစ်ရည်ညွှန်းရမှာကတော့ တံဆိပ်ခေါင်းခွန်နှန်းထားပဲဖြစ်ပါတယ်။တံဆိပ်ခေါင်ခွန်သတ်မှတ်ရာမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ၇ ရာခိုင်နှုန်း၊ တစ်ခြားနေရာတွေမှာ ၅ ရာခိုင်နှုန်းကောက်ခံခဲ့ပေမယ့် အခုလက်ရှိမှာတော့ အားလုံးတစ်ပြေးညီ ၅ ရာခိုင်နှုန်းပဲ ကောက်ခံနေပါတယ်။ဒီတော့ ပြင်ဆင်ပြီးသားလို့ပဲ ပြောရမှာပါ။ဒီလိုပြင်ဆင်ပြီးတာကြောင့် တံဆိပ်ခေါင်းခွန်ဟာလည်း ဆေးကောင်းတစ်ခွက်လို့ သတ်မှတ်ရမှာပါ။

""တတိယဆေး""

နောက်ဆုံးဆေးတစ်ခွက်ကတော့ တစ်ပေပတ်လည်နှုန်းထား ရာဖြတ်တန်ဖိုးတွေကို လျှော့ချမယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းကတော့ ဧပြီလမှာ ကတည်းကထွက်ပေါ်ခဲ့တဲ့ သတင်းပါ။ပထမအကြိမ်ပြောဆိုခဲ့ချက်အရတော့ ရာဖြတ်တန်ဖိုးတွေလျော့ကျအောင် မေလမကုန်ခင်လုပ်ဆောင်သွားမယ်လို့ပြောထားပါတယ်။လုပ်ဆောင်
တဲ့နေရာမှာလည်း မြေပြင်အနေအထားတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် သက်ဆိုင်ရာ အိမ် ခြံ မြေ အသင်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ပြောထားပါတယ်။
ဒီလိုပြောထားတာနဲ့အမျှအမှန်တကယ်လည်တွေ့ဆုံဆွေးနွေးပြီး
အချက်အလက်တွေကောက်ယူနေတာ
ကိုတွေ့ရပါတယ်။လက်ရှိ တစ်ပေပတ်လည်နှုန်းထားတွေဟာ ကနေ့ကာလနဲ့ မကိုက်ညီတော့တဲ့ဈေးတွေဖြစ်နေတာတွေလည်းရှိပါတယ်။တချို့နေရာတွေမှာ တစ်ပေပတ်လည်နှုန်းထားသတ်မှတ်ချက်ဟာ မြေပြင်ပေါက်ဈေးနဲ့နှိုင်းယှဉ်ရင် များပြားနေတယ်လို့အကျိုးဆောင်တွေကဆိုပါတယ်။
ဒါကို သင့်တင့်မျှတတဲ့ နှုန်းထားတစ်ရပ်ဖြစ်အောင် ပြန်လည်
သတ်မှတ်နိုင်ခဲ့ရင် ဈေးကွက်အားကောင်းဖို့အထောက်အကူ
တစ်ရပ်ဖြစ်စေမှာ မလွဲပါဘူး။

ဒီလိုအခြေအနေတွေကောင်းတွေဟာ လတ်တလောမှာ နာလန်ထလာတဲ့အိမ် ခြံမြေ ထူထူထောင်ထောင်ဖြစ်လာဖို့ အကောင်းဆုံးဆေးသုံးခွက်ဖြစ်တယ်ဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။


မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service