တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချပါက အခန်းပြန်သိမ်းမည်ဟု ဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1240 Views

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချပါက အခန်းပြန်သိမ်းမည်ဟု ဝန်ကြီးပြော

ချမ်းမြသာစည်မြို့နယ် ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အခန်း ဝယ်ယူခွင့် ရရှိသူများ ပြန်လည်ရောင်းချပါက စာချုပ်ပါ စည်းကမ်းချက်အတိုင်း အ ခန်း ပြန်လည် သိမ်းဆည်းမည်ဟု မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ အိမ်ရာပိုင်ဆိုင်မှုမရှိသည့် အစိုးရဝန်ထမ်း၊ အငြိမ်း စား၊ ကုမ္ပဏီဝန် ထမ်းနှင့် ဝင်ငွေနည်းပြည်သူများ အတွက်အခန်း ၅၆၀ ပါဝင် သည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာ အပိုင်း(၂)ရှိ တိုက်ခန်း များကို မဲနှိုက် ၍ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က ရောင်းချခဲ့သည်။

‘‘ရောင်းလို့မရဘူး။ စစ်ဆေး တာတွေ လုပ်တော့မှာပါ။ ဘယ် ရက်ဆိုတာ အတိအကျ မပြော သေးဘူး။ စစ်လို့တွေ့ရင် အကုန် ပြန်သိမ်းမယ်။ စာချုပ် အတိုင်း လုပ်မယ်။ အစိုးရက စည်းမျဉ်း စည်းကမ်းပဲ သတ်မှတ်မှာ။ ဘယ် တော့မှ မလုပ်ဘူးထင်နေကြ တယ်။ စစ်မှာပါ။ မှန်မှန်ကန်ကန် အဂတိ မပါအောင် ကြိုးစားပြီး လုပ်ထားတယ်။ ဝယ်တဲ့သူဘက် ကလည်း လိုက်နာဖို့ လိုပါတယ်’’ ဟု ဦးဇာနည်အောင်က ပြောသည်။အိမ်ရာတွင် မဲပေါက်သူများ သည် ပြန်လည်၍ အမြတ်တင်ကာ ရောင်းချမှုအချို့ရှိနေ၍ အခန်း အလိုက် ကျပ်သိန်း ၁၅ သိန်းမှ သိန်း ၃၀ ကျော်အထိ အမြတ်ရရှိ နေကြောင်း ဈေး ကွက်မှ စုံစမ်း သိရသည်။

‘‘တချို့ဝန်ထမ်းတွေကလည်း ငွေမသွင်းနိုင်တော့ ပြန် ရောင်းကြတာတွေရှိတယ်။ အ များစု ပြန်ရောင်းတာတော့ ကျွန်မလက်ထဲဆိုရင် အစိုးရဝန်ထမ်းအ များစုပဲ။ ပထမသွင်းငွေ ၃၀ ရာ ခိုင်နှုန်းက ကျပ်သိန်း ၅၀ နားမှာ ကပ်နေ တယ်လေ။ ပြန်သိမ်းမယ် ဆိုတာ သိလျက်ဝယ်တာတော့ ပြင်ပပုဂ္ဂလိက ဝန် ထမ်းတွေများ တယ်’’ဟု ပွဲစားအမျိုးသမီးတစ် ဦးက ပြောသည်။

အိမ်ပိုင်ဆိုင်မှု မရှိသူများအ တွက် ရည်ရွယ်၍ တန်ဖိုးမျှတ အိမ်ရာ အပိုင်း(၂) တွင် အခန်း ပေါင်း ၅၆၀ ရောင်းချပေးခဲ့ရာ လာရောက်မဲနှိုက်ကံစမ်းသူ ၇,၂၁၇ ဦး ရှိသည်။

တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်း ၅,၁၅၅ ဦးအတွက် ၃၈၅ ခန်း၊ အ ငြိမ်းစားဝန်ထမ်း ၁,၁၄၆ ဦးအတွက် ၈၄ ခန်း၊ ကုမ္ပဏီဝန်ထမ်း ၅၃၁ ဦးအ တွက် ၄၀ ခန်း၊ ဝင်ငွေနည်းပြည်သူ ၇၁၂ ဦးအတွက် ၅၁ ခန်းတို့ကို အချိုးကျ ခွဲဝေရောင်းချခဲ့သည်။

ယခင်အစိုးရလက်ထက်က ၂၀၁၃ နှစ်ကုန်တွင် ရောင်းချခဲ့ သော အခန်း ၁,၃၀၀ ကျော်ရှိ သည့် မြရည်နန္ဒာတန်ဖိုးနည်းအိမ် ရာ၊ ၂၀၁၆ မတ်လ၌ပင် အရစ် ကျစနစ်ဖြင့် အခန်း ၄၃၀ ရောင်းချခဲ့သော မြရည်နန္ဒာတန်ဖိုးမျှတ အိမ် ရာ အပိုင်း (၁)တို့တွင် ပြန် လည်ရောင်းချမှု ရှိသော်လည်း ပြန်လည် စိစစ် အရေးယူမည် မဟုတ်ဘဲ လက်ရှိတာဝန်ယူနေ သည့် အစိုးရက ရောင်းချပေး သည့် အိမ်ရာများကိုသာ စိစစ် မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ် ဦးက ပြောကြားသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service