ရန်ကင်းတောင်ခြေအနီးတွင် တိုက်ခန်းပေါင်း တစ်သောင်းကျော် ပါသည့် မြို့ပြအိမ်ရာ စီမံကိန်း ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
2859 Views

ရန်ကင်းတောင်ခြေအနီးတွင် တိုက်ခန်းပေါင်း တစ်သောင်းကျော် ပါသည့် မြို့ပြအိမ်ရာ စီမံကိန်း ဖော်ဆောင်မည်

မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ် ရန်ကင်းတောင်ခြေ အနီးရှိ မြေဧက ၁၄၀ ကျော်တွင် တိုက်ခန်း တစ်သောင်းကျော်ပါ သည့် မြို့ပြအိမ်ရာ စီမံ ကိန်း ဖော်ဆောင်ရန် မြေနေရာရရန် စောင့်ဆိုင်းနေကြောင်း မြို့ပြနှင့် အိမ် ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော် ဦးက ပြောသည်။

အစိုးရဝန်ထမ်းများ၊ အငြိမ်း စားများနှင့် ပုဂ္ဂလိကဝန်ထမ်းများ အတွက် အ ခန်းပေါင်း ၈,၆၀၀ ပါမည့် အိမ်ရာစီမံကိန်းကို ပြည် ထောင်စုအစိုးရအဖွဲ့နှင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ခွင့်ပြုထား၍ မြေနေရာအတည် တကျမရရှိသေးသဖြင့် ဆောက် လုပ်နိုင်ခြင်းမရှိသေးကြောင်း ဦး အောင်ေ ကျာ်ဦးက ပြောသည်။

‘‘ဆောက်ဖို့အတွက် ဘတ် ဂျက်ငွေလည်း ကျပြီးပါပြီ။ ဝန် ထမ်းထဲမှာမှ လူပျို၊ အပျိုတွေပါ နေထိုင်လို့ရအောင် မူလထက် နှစ်ထောင်လောက်တိုးဆောက်ပါ မယ်။ အဓိကက မြေနေရာပြဿ နာပါပဲ။ စီမံခန့်ခွဲမြေနေရာနယ်နိ မိတ်တိုင်း တာရေးအဖွဲ့ကနေ သွားစစ်ပြီး နေရာ သတ်မှတ်ပေးမှ ဆောက်လို့ရမှာပါ။ ဟိုဘက်က လည်း ဘာမှ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ မြေနေရာ ရ တာနဲ့ ကျွန်တော်တို့က ချက်ချင်း ဆောက်လို့ရပါပြီ’’ဟု ၎င်းက ဆိုသည်။ အဆိုပါမြေ ၁၄၇ ဧကပေါ်တွင် လက်ရှိနေထိုင်သူများ ရှိနေ၍ စစ်ဆေးရန် မန္တလေးတိုင်း အစိုးရအဖွဲ့မှ စီမံခန့်ခွဲမြေနေရာ နယ်နိမိတ်တိုင်းတာရေး အ ဖွဲ့ကို ဧပြီလကုန်က ဖွဲ့စည်းခဲ့သည်။

‘‘ကျွန်တော်တို့မှာလည်း တ ခြားအလုပ်တွေ ရှိသေးပါတယ်။ တခြားအဖွဲ့ေ တွလည်း စုံမှ စစ်လို့ ရမှာပါ’’ဟု မန္တလေးတိုင်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ဦးစီးမှူး ဦးဇော် မင်းအောင်က ပြောသည်။

အိမ်ရာစီမံကိန်းများပါ အ ဆောက်အအုံ အကျယ်အ ဝန်းနှင့် ဈေးနှုန်းများ ကို ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ပေးခဲ့ရာ ၄၀၀ စတုရန်းေ ပအ ကျယ်ရှိ တစ် ခန်းလျှင် ကျပ်သိန်း ၉၀၊ ၅၀၀ စတုရန်းပေ အကျယ်ရှိ တစ်ခန်း လျှင် ကျပ် ၁၁၅ သိန်း၊ ၆၀၀ စတုရန်း ပေလျှင် ကျပ်သိန်း ၁၄၀၊ ၇၅၀ စတုရ န်းပေလျှင် ကျပ်သိန်း ၁၇၀၊ ၉၀၀ စတုရန်းပေလျှင် ကျပ်သိန်း ၂၀၀ ဖြစ်၍ အ ရစ်ကျငွေပေး ချေမှုနှစ်သည် ငါးနှစ်မှ ၁၅ နှစ်အ ထိ သတ်မှတ်ပေးမည်ဖြစ် သည်။

Credit: 7DayDaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service