ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုအရှည်ကြာဆုံး ကာလတစ်ခု ဂျပန်တို့ ရရှိဖို့ ရှိနေ - Property News in Myanmar from iMyanmarHouse.com
1068 Views

ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုအရှည်ကြာဆုံး ကာလတစ်ခု ဂျပန်တို့ ရရှိဖို့ ရှိနေ

ငွေကြေးဖောင်းပွမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်းမရှိလို့
နိုင်ငံရဲ့အနာဂတ်အပေါ် ပြည်သူတွေဘက်က စိုးရိမ်ဒေါသမီးတွေ
ရှိနေသော်ငြားလည်းပဲ ယခုသီတင်းပတ်အတွင်း ထွက်ရှိလာမယ့်
ဂျီဒီပီ ကိန်းဂဏာန်းတွေအရတော့ ဂျပန်ရဲ့ စီးပွားရေးဟာ သုံးလပတ်
ငါးခုဆက်တိုက် တိုးတက်ချဲ့ကားလာနေတာကို ပြသပေးနိုင်ဖို့ရှိနေ
တယ်လို့ သိရပါတယ်။

ယင်းလိုမျိုး စီးပွားရေးတိုးတက်မှု ကာလအကြာဆုံး အခိုက်အတန့်ကို
ပိုင်ဆိုင်လာရခြင်းက ဂျပန်တို့အတွက် ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်
က ၀န်ကြီးချုပ်ဟောင်း Koizumi လက်ထက် နောက်ပိုင်း
အကောင်းဆုံးသော အခိုက်အတန့်လည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ယန်းငွေတန်ဖိုး ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှုနဲ့အတူ ပို့ကုန်ကဏ္ဍမှာ
အားကောင်းလာခြင်းတို့ကြောင့်လည်း လက်ရှိဝန်ကြီးချုပ်
Shinzo Abe ဦးဆောင်တဲ့ အစိုးရအတွက်ကတော့ ယခင်
Koizumi အစိုးရလက်ထက်က တိုးတက်မှုတွေထက်
ပိုမိုသာလွန်ကောင်းမွန်လာနိုင်အောင် ဦးဆောင်ပေးနိုင်ဖို့
ရှိနေပြီ ဖြစ်ပါတယ်။

လူသုံးကုန်ပစ္စည်းဈေးနှုန်းတန်ဖိုးတွေ မြင့်တက်လာမလား
မလားဘူးလားဆိုတာကတော့ ၂၀၁၇ နှောင်းပိုင်းလောက်မှ
သိရမှာ ဖြစ်ပေမယ့် စွမ်းအင် စရိတ်စကပိုင်းနဲ့ လုပ်ခလစာပိုင်း
တိုးမြင့်နိုင်မယ့် အလားအလာတွေ မြင့်တက်နေလျက်ရှိပါတယ်။
လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာတော့ ဂျပန်တို့အနေနဲ့
ငွေကြေးဖောင်းပွမှုနှုန်း သိပ်မများဘဲနဲ့ စီးပွားရေးတိုးတက်မှုပုံစံ
တစ်ခု ရရှိလာဖို့ရှိနေပြီ ဖြစ်ပါတယ်။

" ဂျပန်တို့အနေနဲ့ ခု ၂၀၁၇ ဟာ ကောင်းမွန်တဲ့ နှစ်စတစ်ခုကို
ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ၊ ပထမသုံးလပတ် တိုးတက်မှုနှုန်းကလည်း
ဖြစ်နိုင်ဖွယ် တိုးတက်မှုနှုန်းကို ရှင်းရှင်းလင်းလင်း ကျော်လွန်နိုင်
ခဲ့ပါတယ်၊ ရှေ့အလားအလာအခြေအနေတွေက ဆက်ကောင်း
နေပါတယ်၊ ဘုလို့လဲဆိုတော့ ပို့ကုန်လုပ်ငန်း ဆက်ကောင်းနေတယ်၊
ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း
မြင့်တက်လာနိုင်လို့ပါ" လို့ တိုကျိုက Dai-Ichi Life Research
Institute က စီးပွားရေးပညာရှင် Yoshiki Shinke က
ပြောသွားပါတယ်။

အလားတူ ပြီးခဲ့တဲ့လကတည်း ဂျပန် ဗဟိုဘဏ်က ၂၀၁၈ မတ်လ
မှာ ကုန်မယ့်ဘဏ္ဍာနှစ်အတွက် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို
၁ ဒသမ ၆ ရာခိုင်နှုန်းထိ တိုးမြင့်ခန့်မှန်းထားခဲ့တယ်လို့ သိရပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service