စက်ရုံလုပ်ငန်းများ လိုက်နာကျင့်သုံးရမည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စံနှုန်းသတ်မှတ်ချက်မူကြမ်း ရေးဆွဲပြီးစီး - Property News in Myanmar from iMyanmarHouse.com
1348 Views

စက်ရုံလုပ်ငန်းများ လိုက်နာကျင့်သုံးရမည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စံနှုန်းသတ်မှတ်ချက်မူကြမ်း ရေးဆွဲပြီးစီး

စက်ရုံလုပ်ငန်းများ မဖြစ်မနေ ကျင့်သုံးလိုက်နာရမည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စံနှုန်းသတ်မှတ်ချက်များ မူကြမ်းရေးဆွဲပြီးစီးပြီဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမော်က ပြောသည်။

‘‘မူကြမ်းပြီးသွားပြီ။ ပြည် နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဦးစီးဌာနတွေကနေ ပြင်ဆင် ဖြည့်စွက်ချက်တွေ တောင်းနေ တယ်’’ ဟု ဦးမင်းမော်က ပြော သည်။ရေဆိုးထုတ်လွှင့်မှုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် မဖြစ်မနေလိုက်နာရမည့် စံနှုန်း များ ရေးဆွဲထားပြီး လက်ရှိတွင် စက်မှုဇုန်များ၌ ရေဆိုးစွန့်ပစ်မှု၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုကို သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များက စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။ စိစစ်အရေးယူမှုများ ပြုလုပ်သော်လည်း စည်ပင်သာယာရေးကော်မတီက ချ မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြင့်သာ အရေးယူဆောင်ရွက်နေသည်။

၂၀၁၁ တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပေါ်ထွက် လာပြီးနောက်တွင် ဥပဒေပြဋ္ဌာန်း ချက်များအတိုင်း အရေးယူဆောင် ရွက်ရန် ပြည်ထောင်စုအစိုးရက ထုတ်ပြန်ခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်များ မဖြစ်မနေ ပြုလုပ်ရမည့် ပတ်ဝန်းကျင်ထိခိုက် မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်း အမျိုးအစားများကို ပြုစုထုတ်ပြန် ပြီးဖြစ်သော်လည်း စက်ရုံ၊ အလုပ် ရုံများ လိုက်နာရမည့် သဘာဝ ပတ်ဝန်းကျင် စံနှုန်းသတ်မှတ်ချက် များ ရေးဆွဲ၍ မပြီးသေးပေ။

အဆိုပါ သဘာဝပတ်ဝန်း ကျင်စံနှုန်း သတ်မှတ်ချက်များ မပြီးစီးမီ စက်ရုံ၊ အလုပ်ရုံများ လိုက် နာရမည့် စံနှုန်းသတ်မှတ်ချက် ဆိုင်ရာ လက်စွဲစာအုပ်ကိုသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာနကရေးဆွဲနေသည်။
‘‘ကျွန်တော်တို့ ဒီနှစ်ထဲမှာ စံနှုန်းသတ်မှတ်ချက်တွေ ထုတ်ပြန်ဖို့ လုပ်နေပါတယ်။ လတ်တလောတော့ လက်စွဲစာအုပ်အရင်ထွက်ပါမယ်’’ဟု ဦးမင်း မော်က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service