ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက် ရှင်းလင်းပြုပြင် - Property News in Myanmar from iMyanmarHouse.com
1077 Views

ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက် ရှင်းလင်းပြုပြင်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မြို့၏ အိမ်ခြံမြေဈေးကွက်တွင် မသမာမှု၊ မူမမှန်မှုများကို နှိမ်နင်းရန် ယခုနောက်ဆုံးကြိုးပမ်းမှုအဖြစ် ကုန်သွယ်ရေးအဆောက်အအုံစီမံကိန်းအချို့
တွင် ရှင်းလင်းပြုပြင်ရေးအစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။

ကုန်သွယ်ရေးအမျိုးအစားအဖြစ် ခေါင်းစဉ်တပ်ထားသော စီမံကိန်း စတုရန်းမီတာ ၁၇ သန်းနီးပါးသည် ကုန်သွယ်ရေးမြေကွက်များတွင် တည်ဆောက်ထားသော်လည်း လူနေလိုအပ်ချက်များနှင့် ကိုက်ညီရန်လည်း ရည်ရွယ်တည်ဆောက်နေသည်ကို စစ်ဆေး
တွေ့ရှိရကြောင်း၊ ၎င်းစီမံကိန်းများအနေဖြင့် ယင်းအခြေအနေကို ပြင်ဆင်ရန် လိုအပ်ကြောင်း မြို့အစိုးရက ယမန်နေ့ (မေ ၁၇) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအစီအစဉ်သည် မြို့၏ အိမ်ခြံမြေဈေးကွက်ကို စည်းကမ်းထိန်းသိမ်းရန် အဓိကကျသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း မြို့တော်ဝန် ယင်ယုံက ပြောကြားခဲ့သည်။

ယင်းရှင်းလင်းပြုပြင်မှုအတွက် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူကုမ္ပဏီ) များတွင် တာဝန်ရှိမည်ဖြစ်ကာ မတူညီသော ကိစ္စရပ်များတွင် မတူညီကွဲပြားသော ချဉ်းကပ်နည်းများကို အသုံးပြုမည်ဖြစ်ကြောင်းလည်း အစိုးရက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဈေးကွက်ထဲ မရောက်ရှိသေးသည့် စီမံကိန်း စတုရန်းမီတာ ၁၂ သန်းခန့်ရှိနေသည်။ ၎င်းတို့၏ developer များသည် ဆောက်လုပ်မှုလုပ်ငန်းစဉ်အတွင်း စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုမရှိအောင် ပြုပြင်တည့်မတ်သင့်သည်။ ၎င်းတို့သည်
ဒေသခံအိမ်ခြံမြေအာဏာပိုင်များ၏ စစ်ဆေးမှုများကို မအောင်မြင်သေးသရွေ့ ဆောက်လုပ်မှုနှင့် ရောင်းချမှုများကို ရှေ့တိုး၍ရ မရပေ။

ရှန်ဟိုင်းအစိုးရသည် ကုန်သွယ်ရေးအမျိုးအစားအဖြစ် ခေါင်းစဉ်တပ်လာသော အဆောက်အအုံစီမံကိန်းသစ်များအတွက် ခွင့်ပြုချက်ကိုလည်း ဆိုင်းငံ့ထားမည်
ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service