မုန့်လုံးစက္ကူ ကပ်နေတဲ့ ရန်ကုန် ကားပါကင် ပြသနာ - Property News in Myanmar from iMyanmarHouse.com
3929 Views

မုန့်လုံးစက္ကူ ကပ်နေတဲ့ ရန်ကုန် ကားပါကင် ပြသနာ

ကိုယ်ပိုင်ကား ၀ယ်စီးနိုင်တဲ့ ရန်ကုန်က တိုက်ခန်းနေ ပြည်သူတွေအ တွက် နေ့တိုင်း ခေါင်းခြောက်ရတဲ့ ပြသနာက ကိုယ့်ကား အဆင်ပြေပြေနဲ့ တစ်ညတာကို ကောင်းကောင်းမွန်မွန် ရပ်တန့်နိုင်မယ့် နေရာတစ်နေရာ ရ ဖို့ဘဲ ဖြစ်ပါတယ် ၊ ဒါတောင် မြေညီထပ် အိမ်ရှင်တော်တော်များများ က သူ တို့ တိုက်ခန်းရှေ့က ဥပစာကို သူတို့ ပိုင်တယ်ဆိုပြီး ခုံတွေချထားတာ ၊ အ ၀တ်တွေ လှန်းထားတာ ၊ ကားလာရပ်ရင် နင်ပဲ ငဆ ပြောလွှတ်တာတွေ ရှိပါတယ် ၊ တစ်ချို့ဆို အပိုင်စီးပြီး တိုက်ခန်းရှေ့ကနေ လမ်းမပေါ်ထိေ ရာက်အောက် အဖီအဆွယ် ထိုးပြီး အပိုင်စား ဇာတ်လမ်း ရုပ်ရှင်ရိုက်ကြ ပါ တယ် ။

စည်ပင်က တိုက်ခန်းတွေရှေ့မှာ ကားရပ်လို့ မရအောင် အတားအဆီးေ တွ ပြုတာတွေ ၊ခုံတွေ တန်းတွေကို လိုက်လံ ဖယ်ရှားနေပေမယ့် နေ လာနှင်းပျောက်ဆိုသလို လုပ်မြဲအတိုင်း ခုံတွေချထားပြီး ကိုယ်ပိုင်ကားပါ ကင် နေရာ ဦးထားတဲ့ လူတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ် ။

ကားပါကင် နေရာလုလို့ အပြင်လူနဲ့ မဆိုထားနဲ့ တိုက်ခန်းပိုင်ရှင် အချင်းချင်းေ တာင် မခေါ်နိုင်မပြောနိုင် ၊ တုတ်ဆွဲ ဓါးဆွဲနဲ့ ကားပါကင်ရဖို့ အတွက် ဖြစ်ရတဲ့ အမှုအခင်းကလည်း နေ့တိုင်းနီးပါး ရန်ကုန်မှာ ဖြစ်ပျက်နေဆဲ ဖြစ်ပါတယ် ။ ကားပါကင် နေရာလုရင်း လူသတ်တဲ့ အထိ ဖြစ်သွားရတာ အားလုံးလည်း အသိဘဲဖြစ်ပါတယ် ။

လူဦးရေ ခြောက်သန်းကျော် နေထိုင်တယ်လို့ ပြောကြတဲ့ ရန်ကုန်မှာ အခုေ နာက်ပိုင်း တိုက်ခန်းနေ ပြည်သူတွေ နေ့တစ်ဓူဝ ရင်ဆိုင်နေရတာက ကားပါ ကင် ပြသနာဘဲဖြစ်ပါတယ် ၊ လမ်းကြီးလေးလမ်း နဲ့ အကွက်ချပြီး လူသုံးေ သာင်းလောက် နေဖို့အတွက် မစ္စတာ ဖရေဇာ တည်ဆောက်ခဲ့တဲ့ မြို့ဟောင်း ရန်ကုန်ဆိုရင် အခု အနည်းဆုံး လူသုံးသိန်းလောက်အထိ နေကြတာဖြစ် ပါတယ်။

လူတွေကားတွေသာ တိုးလာပေမယ့် ဒီကားတွေ လုံလုံလောက်လောက် ရပ်စရာနေရာ ဘယ်မှာလဲ လို့မေးရင် လမ်းပေါ်မှာ အဆင်ပြေသလို ရပ်ကြ တာပေါ့လို့ဘဲ ခေတ်အဆက်ဆက်မှာ လွယ်လွယ်ဖြေခဲ့ကြတာဖြစ်ပါတယ် ။ အဲဒိအကျိုးဆက်ကို ပြည်သူတွေ ခံစားနေရတာဖြစ်ပါတယ် ။

အရင်ခေတ်တွေတုံးက ကားပါမစ်တစ်စောင် ကျပ်သိန်း ၇၀၀ လောက် ဖြစ် ခဲ့တဲ့အတွက် လူတော်တော်များများ ကားဝယ်စီးဖို့ စိတ်ကူးမယဉ်နိုင် အနား မကပ်နိုင်ခဲ့ပါဘူး ၊ ၂၀၁၀နောက်ပိုင်း အစိုးရရဲ့ယာဉ်အိုယာဉ်ဟောင်းမူဝါဒ အရ ကားဟောင်းကားအိုတွေ ပျောက်ပြီး ကားသစ်တွေ စီးနင်းခွင့်ရလာသလို ၊ ဖြေလျှော့မှုတွေ အများကြီး ပြုလုပ်လာတာကြောင့်လည်း ကားဈေးတွေ ထိုး ကျပြီး အလယ်အလတ်တန်း မိသားစု နဲ့ စီးပွားရေး ပြေလည်တဲ့ မိသားစု တွေ ကားပိုင်ဆိုင်ခွင့်ရလာခဲ့ပါတယ် ။ ကိုယ်ပိုင်ကားတွေ ဖြစ်လာတဲ့ အတွက် သွားရေးလာရေးလည်း လွယ်ကူလာတာတော့ မှန်ပါတယ်။

၂၀၁၀ ကနေ ၂၀၁၅ အတွင်းမှာ ကားတွေ တင်သွင်းခွင့် ပြုလိုက်တာကြောင့် ကားသစ်တွေ အများကြီး လှိမ့်ဝင်လာပါတယ်။ နိုင်ငံစီးပွားရေး ၈၀ ရာခိုင်နှုန်း က ရန်ကုန်မှာ ရှိတာဖြစ်တဲ့ အတွက်ကြောင့် ရန်ကုန်က လူတော်တော် များ များက ကျပ်သိန်းတစ်ရာ လောက်နဲ့ ကိုယ်ပိုင်ကား ၀ယ်စီးလာနိုင်တဲ့ အခြေ အနေ ရောက်ခဲ့လို့ လူတိုင်းအိမ်တိုင်လိုလို ကားပိုင်ဆိုင်ခဲ့ပါတယ် ။

စုစုပေါင်းကားအစီးရေ လေးသိန်းကျော် ငါးသိန်းနီးပါးလောက် ၀င်လာခဲ့ပြီး ကားသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းက ရန်ကုန်မှာ ဘဲ အသုံးပြုတယ်လို့ ပညာ ရှင်တွေ ထောက်ပြ ခဲ့ပါတယ် ၊ အကျိုးဆက်ကတော့ ရန်ကုန်မှာ ကားထားဖို့ အတွက် နေရာအခက်အခဲ တွေ ရှိလာသလို ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ် လာပါတယ် ၊ ထပ်ဆင့် အကျိုးဆက်က တင်သွင်းလာတဲ့ ကားတွေ ကမော် ဒယ်မြင့်ပြီး မောင်းရတာ လွယ်ကူတဲံ အတွက်ကြောင့် မကျွမ်းကျင်တဲံ လူတွေ ပါ တက်မောင်းလာတာကြောင့် ရန်ကုန်လမ်းတွေက တစ်နေ့တစ်ခြား ပိတ်ဆို့ လို့လာပါတယ် ။

ရန်ကုန်ရဲ့ မြို့ဟောင်းရဲ့ ဖွဲ့စည်းပုံအနေအထား အရ လေးထောင့်ကျကျ အကွက်ဖော်ထားတာဖြစ်တဲ့ အပြင် ခေတ်အဆက်ဆက်မှာ မြေညီထပ် တွေ ကို ဆိုင်တွေ ၊ ရုံးခန်းတွေ ၊ လူနေအိမ်ခန်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကားေ တွကို လမ်းမပေါ် အဆင်ပြေသလို ရပ်ကြရပါတယ်။ ၁၉၉၀ နောက်ပိုင်း ရန် ကုန်မှာ ကန်ထရိုက်တိုက်တွေ အပြိုင်အဆိုင် ဆောက်လုပ်ကြတဲံ အချိန်မှာ လည်း ပုံမှန်ဆို မြေညီထပ်ကို ကားပါကင် အဖြစ် ချန်ထားခဲ့ရင် ယနေ့လို ပြဿ နာဖြစ်လာနိုင်မှာမဟုတ်ပါဘူး ၊ ဒါပေမယ့် ခေတ်အခြေအနေ ဖြတ်သန်းခဲ့တဲံ အနေအထားအရ တက်သိနားလည်တဲံ လူတွေ ၊ ပညာရှင်တွေ ကလည်း မ သိချင်ယောင်ဆောင်ခဲ့ပြီး နောင်ခါလာနောင်ခါဈေး ဖြေရှင်းမယ် ဆိုတဲ့ အေ တွးကြောင့်လည်း အခုဆို ရန်ကုန်က ကားပါကင် ပြသနာဖြေရှင်းဖို့ ဆေးမ မှီေ တာ့ပါဘူး ။

အရင်ခေတ်ကားတွေ နည်းပါးတဲ့ အချိန်တုံးက ပြသနာ မရှိပေမယ့် နောက် ပိုင်း ကားတွေကို မိသားစု တိုင်းပိုင်ဆိုင်နိုင်တဲ့ အခြေအနေမှာတော့ ကားရပ် နားတဲ့ ကိစ္စက ပြသနာဖြစ်လာပါပြီ ၊ တစ်ချို့ဆို တုတ်ဆွဲဓားဆွဲ ထိုးကြကြိတ်ြ က နဲ့ ကားပါကင် နေရာ ဦးတဲ့ ပြသနာ ကလည်း ရန်ကုန်လူထု အတွက် မထူးဆန်းတော့တဲ့ ပြကွက်တစ်ခုဖြစ်ပါတယ် ။ ရန်ကုန်က ကားပိုင်ရှင်ေ တွ တော်တော်များများ ခေါင်းခြောက်တဲ့ ပြသနာက ကားတွေကို အဆင်ြေ ပပြေ ရပ်နားနိုင်မယ့် နေရာတစ်ခု ကို လိုချင်ကြတာဖြစ်ပါတယ် ။

မျက်နှာဖွင့်အကျယ် ပေ ၂၅ လောက်ရှိတဲ့ ရှစ်လွှာကန်ထရိုက်တစ်တိုက်မှာ စုစုပေါင်း ၁၆ ခန်း ( မိသားစု ) ၁၆ စုနေထိုင်ပြီး ကားပိုင်တဲ့လူက အနည်းဆုံး မိသားစု ၇ စု ကနေ ရှစ်စု လောက်အထိ ရှိပါတယ် ၊ အိမ်ရှေ့မျက်နှာစာမှာ ၉၀ ဒီဂရီ ပါကင်နဲ့ ကားရပ်မယ်ဆိုရင်တောင် ကားလေးစီးဘဲ ရပ်လို့ရမြှာ ဖစ်ပြီး ကျန်တဲ့ သုံးစီးက အဆင်ပြေတဲံ နေရာမှာ ရှာကြံရပ်ရမှာဖြစ်ပါတယ် ။ ရန်ကုန်မှာတိုက်တွေမြင့်လာပြီး ကားရပ်နားစရာ နေရာ ကတစ်နေ့တစ်ခြား ရှားပါးလာလို့ နေတဲ့တိုက်ခန်းနဲ့ ကားရပ်ထားခဲ့တဲ့ နေရာက တော်ေ တ်ာလေးလှမ်းလာပါတယ် ။

နိုင်ငံတကာမှာ အထပ်မြင့်လေ ဈေးကြီးလေဖြစ်ပေမယ့် အခြေခံ အဆောက် အအုံအားနည်းပြီး ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာက မြေညီထပ် တိုက် ခန်းတွေက ဈေးအကြီးဆုံးဖြစ်နေပါတယ် ၊ ဆိုင်ဖွင့်မလား ၊ ဘာဘဲလုပ် လုပ် မြေညီထပ်မှ လုပ်စားလို့ ရတယ်ဆိုတာကြောင့် ဈေးအကြီးဆုံး မြေညီ ထပ်ကို ကန်ထရိုက်တွေကော ၊ မြေရှင်တွေပါ မက်မောကြတာဖြစ်ပါတယ် ။ ဒါကြောင့်လည်း ကားပါကင် ပြသနာကို လစ်လျုပြီး ဈေးကောင်းရတဲ့ မြေ ညီထပ်ကို အခန်းတွေ ဖွဲ့ပြီး ရောင်းနေကြတာဖြစ်ပါတယ် ။ ကွန်ဒိုတစ်ချို့က လွဲလို့ မြေညီထပ်ကို ကားပါကင် အဖြစ်ထားချင်တဲ့ မြေပိုင်ရှင် တွေ ကန်ထ ရိုက် တာတွေက မရှိသလောက် ရှားပါးပါတယ် ။ မြေညီထပ်ကို ကားပါကင် အဖြစ် ထားလိုက်ရအောင်လို့ ပြောလိုက်ရင်ဘဲ တီကောင်ဆားနဲ့ တွန့်သွား သလို ဖြစ်သွားတက်ပါတယ် ။

မြေနေရာရှားပါးတန်ဖိုးကြီးလို့ လေးထပ်တိုက်က ရှစ်ထပ်တိုက်ဖြစ် ၊ ရှစ်ထပ် တိုက်က ၂၂ ထပ်ကွန်ဒိုဖြစ်ပြီး နေတဲ့မိသားစုတွေ သာတိုးလာပေမယ့် ကား ရပ်နားစရာ နေရာ မတိုးလာလို့ ရန်ကုန်ပြည်သူလူထု နေ့တစ်ဓူဝ ပြသနာေ ပါင်းစုံနဲ့ ရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်ပါတယ် ။ကားပါကင် ပြသနာကို ဖြေ ရှင်ဖို့ အတွက် ကားဝယ်မယ်ဆိုရင် ကားထားဖို့နေရာ ပြရမယ်ဆိုတဲ့ ကားပါ ကင်စလစ်စနစ်ကို မိတ်ဆက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ပွဲစားတွေ လုပ် စားတာ နဲ့ ထူးမခြားနား ဇတ်လမ်းဖြစ်နေပါတယ် ။

၊ လူမနေတဲ့ လေးထောင့်ကန် ကမြေကွက်မှာ ကားထားပါမယ်ဆိုပြီး ပါ ကင်စလစ်ထုတ်ကားတွေ သွင်းခဲ့ပေမယ့် ဒီကားတွေ အမှန်တကယ် ကား ရပ်နားသုံးစွဲတာက ရန်ကုန်မြို့ထဲမှာဘဲ ဖြစ်တာကြောင့် ကားကျပ်မြဲ ၊ ကားပါ ကင် အခက်အခဲကတော့ ထူးပြီး မပြေလည်ခဲ့ပါဘူး ။

ကားပါကင်စလစ်အတွက် ပြထားတဲံ နေရာမှာ ကားရှိမရှိ လိုက်စစ်ဆေး မယ်ဆိုတဲ့ ကိစ္စကလည်း ဘီးလေးဘီးနဲ့ သွားနေတဲ့ ကားကို လိုက်ရှာဖမ်းဖို့ ဆိုတာ လွယ်ကူလှတဲံ ကိစ္စတော့မဟုတ်ပါဘူး ၊ အကျိုးဆက်ကတော့ မြို့ သစ်က လူတစ်ချို့ မှတ်ပုံတင်ဌားခ ငါးသောင်းနဲ့ မြေ နေရာအပြ အတွက်ေ လးငါးသိန်းလောက် ရသွားတာဘဲ အဖတ်တင်သွားပါတယ် ။ ပညာရှင်တွေ က တော့ လက်ရှိမြို့ဟောင်းကို ဒီအတိုင်းထားခဲ့ပြီး အခြေခံအဆောက်အအြုံ ပည့်ပြည့်စုံစုံပါဝင်တဲ့ မြို့သစ်တစ်ခု ထပ်မံဖော်ထုတ်ဖို့ ၊ လက်ရှိဘတ်စ်ကား စနစ်ကို အများပြည်သူတွေ စီးနင်းနိုင်ဖို့ ( အဆုံးတစ်နေ့မှာ ကိုယ်ပိုင်ကား ပိုင်ရှင်တွေပါ ဘတ်စ်ကားစနစ်ကို အသုံးပြုလာနိုင်တဲ့ အခြေအနေ ထိ မြုင့် တင်ရမှာဖြစ်ပါတယ် ) ၊ ဒါ့အပြင် စင်ကာပူလို လမ်းသုံးတာနဲ့ ကားအမျိုးအစား အလိုက် အခွန်ကောက်တာတွေ ၊ ကားရပ်မယ်ဆိုရင် နာရီ အလိုက်ေ ကာက်ခံတာတွေ လုပ်ဖို့လိုပါတယ် ၊ ဒါ့အပြင် ကားဝယ်မယ့် လူတွေ၊ ကား ပိုင်ရှင်တွေ အတွက်လည်း သီးသန့်အခပေးကားပါကင်တွေ လုပ်ပြီး ၀န်ေ ဆာင်မှုပေးဖို့အရေးကြီးပါတယ် ၊ အခြေခံအဆောက်အအုံ ကဏ္ဍ ကိုမြုင့် တင်ဖို့ ဆိုတာ အပြောလွယ်ပြီး အလုပ်ခက်သလို ရင်းနှီးမြုပ်နှံရမယ့် ပမာဏ ကလည်း အင်မတန်ကြီးမားပါတယ် ။

လက်ရှိဖြစ်နေတဲ့ ကားရပ်နားဖို့ နေရာရှားတဲ့ ပြသနာတွေ အတွက်လည်း နို င်ငံတကာအဆင့်မှီ နေရာကျဉ်းကျဉ်းမှာ ကားအများကြီးရပ်နိုင်တဲ့ ကွန်ပြုတာ စနစ်နဲ့ ထိန်းကျောင်းတဲ့ စနစ် ဖြစ်လာဖို့ ဆိုတာကလည်း လက်ရှိ ကျွန်တော် တို့ တိုင်းပြည်ဘဏ္ဍာရေးအနေအထားအရ အလှမ်းဝေးနေဆဲဖြစ်ပါတယ် ။ လတ်တလောဖြစ်နေတဲ့ ကားပါကင် ပြသနာတွေကို ဖြေရှင်းဖို့ အတွက် ရပ် ကွက်တိုင်းရပ်ကွက်တိုင်းမှာ နေရာကျဉ်းကျဉ်းနဲ့ ကားများများဆန့်မယ့် ပုဂ္ဂလိ က အခပေးကားပါကင် စနစ်ကိုအသက်သွင်းဖို့ လိုပါတယ် ၊ ဒါပေမယ့်လည်း ဒီစနစ်က ရင်းနှီးမြုပ်နှံရမယ့် စရိတ်ကြီးတဲ့အပြင် ကောက်ခံမယ့် ကားပါကင် စရိတ်ကလည်း ကြီးမြင့်မှာ ဖြစ်လို့ အခက်အခဲတွေ ကတော့ ရှိပြီး လုပ်နိုင် အုံးမယ် မထင်ပါဘူး ၊ ဒီတော့ လတ်တလော အနေဖြင့် ရန်ကုန်က ကားပိုင် ရှင်တွေ အနေနဲ့လည်း မြို့ပြင်မှာထွတ်နေရင်နေ မနေနိုင်ဘူး ဆိုရင်တော့ ကားပါကင် ၀ဲဂယက်ထဲမှာ ဆက်လက်ကူးခတ်နေရအုံးမှာ မလွဲဧကန် ဖြစ်ေ နအုံးမှာဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service