L-U-C-K ကြောင့် အောင်မြင်သွားတဲ့ Tokopedia Founder William Tanuwijaya - Property Knowledge in Myanmar from iMyanmarHouse.com
2020 Views

L-U-C-K ကြောင့် အောင်မြင်သွားတဲ့ Tokopedia Founder William Tanuwijaya

Knowledge | Posted by Shwe Zin Win

Wiliam ဆိုတဲ့ လူငယ်တစ်ယောက် LUCK ကြောင့် တကယ့်အောင်မြင်မှုကို
ရရှိသွားခဲ့တာပါ။Indonisia နိုင်ငံသား အသက်၃၄ နှစ်နဲ့ Billionor တစ်ေ ယာက်ဖြစ်သွားတဲ့ William Tanuwijaya ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းအေ ကြာင်းပါ။

William ဟာ ဆယ်ကျော်သက်အရွယ်မှာ Sumatra ကနေ Jakarta ကို ပ ညာသွားသင်ခဲ့ပါတယ်။ သူရဲ့ဖခင်ဟာ သားဖြစ်သူအတွက် အသွားလက် မှတ် တစ်ခုတည်းကိုပဲ ဖြတ်ပေးခဲ့တာပါ။ ပြောရလို့ရှိရင်တော့ မဖြစ် ဖြစ်ေ အာင်လုပ်ရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော်တော်များများက မိဘတွေ ဟာ သူတို့ရဲ့ ကလေးတွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင်လို့ အဲဒီလိုနည်းတွေနဲ့ Train ပေးခဲ့ကြတာပါ။

ကောလိပ်ကျောင်း ၃နှစ် တက်ခဲ့ရပါတယ်။ ကျုရှင်ခပေးနိုင်အောင်လို့ အင် တာနက် ကဖေးဆိုင်တစ်ခုမှာ တစ်ညကို အလုပ်ချိန် ၁၂နာရီလုပ်ခဲ့ရပါတယ်။ အဲဒီလို လုပ်ခဲ့ရလို့ သူဟာ အင်တာနက်ကို ကျွမ်းကျင်ပိုင်နိုင်အောင် အ သုံးပြုနိုင်တဲ့အပြင် Internet Business ရဲ့ potential တွေကိုသိရှိပြီး အင် ဒိုနီးရှားရဲ့ First online marketplace ဖြစ်တဲ့ Tokopedia ကို ၂၀၀၉ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။

သတင်းကောင်းကတော့ သူ့ရဲ့ လုပ်ငန်းလေး တိုးတက်လာတာပါပဲ။ ဒါပေမ ယ့် သတင်းဆိုးကတော့ ဘယ် Invester ကမှ သူ့လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု မလုပ်ပါဘူး။ သူရုန်းကန်ခဲ့ရတဲ့ အချိန်တုန်းကဆိုရင် သူသွားတွေ့တဲ့ Inverstor တစ်ယောက်ကဆိုရင် " မင်းရဲ့ အချိန်တွေကို အလကား သက် သက် မဖြုန်းပါနဲ့ကွာ။ Amazon, Facebook နဲ့ Google တည်ထောင်တဲ့ သူတွေကတော့ တကယ်တော်လို့ အောင်မြင်သွားကြတာပါ။ ဒါပေမယ့် မင်းကတော့ မဖြစ်နိုင်ပါဘူး" တဲ့။William ကလည်း ကျွန်တော် ဘယ်တော့ မှ အရှုံးမပေးဘူးလို့ ပြန်ပြောခဲ့ပါတယ်။

တကယ်လည်း သူကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာတော့ Mining ကုမ္ပဏီတွေ ကို လိုက်လံရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတစ်ခုက William ရဲ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ Investment လုပ်ခဲ့တယ်ဆိုပေမယ့် ငွေပမာဏ အနည်းငယ်ကိုပဲထည့်ခဲ့တာပါ။ ဒါပေမယ့် အဲဒါကလည်း ရှေ့ဆက်ရမယ့် သူ့လုပ်ငန်းစဉ်အတွက်တော့ အင်အားတစ်ခုရလိုက်တာပါပဲ။

သူ့မှာ ချစ်သူမိန်းကလေးတစ်ယောက်တော့ရှိပါတယ်။ သူမက ဂျပန်လူမျိုး ပါ။ ဆေးပညာကို သင်ကြားရင်း သူနဲ့အတူတူ နေပါတယ်။တစ်နေ့မှာ ချစ်သူ မိန်းကလေးက သူ့မွေးရပ်မြေ ဂျပန်ကိုပြန်ချင်ကြောင်း၊ William ကိုလည်း လိုက်၍ လည်ပတ်စေလိုကြောင်း ပြောလာပါတယ်။ Tokopedia က သူမရှိ ရင် မဖြစ်ဘူးဆိုပြီး မလိုက်ဖြစ်တော့ဘူးလို့ ငြင်းခဲ့ပါတယ်။

တကယ်တမ်းကျတော့ သူ့ကောင်မလေးကို Suprise လုပ်ချင်လို့ တမင်ြေ ပာခဲ့တာပါ။ Tokopedia မှာ လုပ်လာတဲ့ ငါးနှစ်အတွင်းမှာ ပထမဦးဆုံး Leave Form တင်ပြီး Japan Visa ရဖို့ တစ်ယောက်တည်း ကျိတ်ပြီးလုပ်ခဲ့ တာပါ။ အောက်တိုဘာ ၁ ရက်နေ့ကျမှသူ့ကောင်မလေးကို ဖွင့်ပြောမယ်လို့ စိတ်ကူးခဲ့တာပါ။

စက်တင်ဘာလ ကုန်ခါနီးမှာတော့ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ေ ယာက်ဖြစ်တဲ့ Son-san (SoftBank) က William ကို အောက်တိုဘာလ အစောပိုင်းမှာ ဂျပန်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးချင်ပါတယ်ဆိုပြီး ဆက်သွယ် လာပါတယ်။ Japan Visa အဆင်သင့်ရှိတဲ့ William အတွက်တော့ အခွင့် သာသွားတာပေါ့။ မဟုတ်ရင် ငါးရက်အတွင် Japan Visa ရဖို့က မလွယ်ပါ ဘူး။ သူ ဂျပန်မှာ Son-san နဲ့ သွားတွေ့ခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ Proposal နဲ့ ပတ်သတ်လို့ မပြောလိုက်ရပါဘူး။ နောက်နေ့ နောက် တစ် ကြိမ်မှာတော့ Son-san ဆီကနေ Investment ရရှိခဲ့ပါတယ်။

တစ်ပတ်အတွင်းမှာပဲ William အတွက် မေ့မရတဲ့ အဖြစ်အပျက်(၃) ခုကေ တာ့ သူ့ရဲ့ Tokopedia အတွက် ရင်းနှီးမြှုပ်နှံငွေ $ 100 million ရရှိတာ ရယ်၊ အရှေ့တောင်အာရှရဲ့ နည်းပညာကုမ္ပဏီတွေထဲမှာ ရင်းနှီးမြှုပ်နှံငွေ အများဆုံးရပြီး မီလီယံနာ ဖြစ်သွားတာရယ် နောက်တစ်ခုက ချစ်သူကောင် မလေးနဲ လက်ထပ်တာတွေပါပဲ။ 2014 April မှာဆိုရင်တော့ $147 million ထိ တိုးတက်လာပြီး ဒီနေ့ အချိန်မှာဆိုရင် Tokopedia ရဲ့ တန်ဖိုးဟာ တစ် ဘီလီကျော်ထိ ရှိလာပါပြီ။

တစ်ချို့လူတွေက ကံဆိုတာ အမြဲတမ်း လှည့်ပြီး သွားနေတာ။ ကောင်းချင် တယ်အခါ ကံကောင်းမယ်။ မကောင်းချင်တဲ့အခါလည်း မကောင်းဘူးပေါ့။ အချို့ကလည်း အခွင့်အရေးနဲ့တိုးလို့သာ ကံကောင်းတာပေါ့။ တစ်ယောက် တစ်မျိုးပါပဲ။ဒါပေမယ့် William ကတော့ LUCK ကို ကောင်းကောင်း အသုံး ချနိုင်လို့ အခုလိုအောင်မြင်တာပါတဲ့။ ကဲ သူပြောတဲ့ L-U-C-K ကို လေ့လာ ကြည့်ကြရအောင်။

L- Location : Right Place , Right Time ဖြစ်ရပါမယ်။ လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့အချိန် စတင်မှ အောင်ြ မင်မှာပါ(ဥပမာ-ကိုယ်က နို့မှုန့်ရောင်းတဲ့ လုပ်ငန်းဆိုပါတော့။ မှန်ကန်တဲ့နေ ရာ တစ်ခုကိုရွေးမယ်ဆိုရင်စာသင်ကျောင်းပါ။ ကလေးတော်တော်များများ က နှို့မှုန့်ကြိုက်ကြလို့ပါပဲ။ နေရာမှန်တော့ရွေးပြီးပြီး။ နေ့ခင်း ၁ နာရီမှာ သွားရောင်းရင် ရောင်းသင့်သလောက်ရောင်းရမှာ မဟုတ်ဘူး။ အချိန်မှန် မဟုတ်တော့ဘူး။ ထမင်းစားဆင်းချိန်ဆိုတဲ့ အချိန်မှန်ကိုလွဲသွားခဲ့လို့ပေါ) ဒါက အရိုးရှင်းဆုံးဥပမာလေးပါ။

U-Understanding : နားလည်ရပါမယ်။ ဘာကို နားလည်ရမလဲဆိုတော့ ကြိုးစားနေသူတွေအတွက်ကတော့ အခွင့်အရေးဆိုတာ ရောက် ကို ရောက် လာမှာပါ။ သူရောက်လာတဲ့အချိန်မှာ သင့်ဘက်က အားလုံး Ready ဖြစ် ဖို့အတွက် လိုအပ်တာတွေ အကုန်လုံးကို ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာ နားလည်ထားရမှာပါ။

C-Connections : သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ team ကို Right people တွေနဲ့ ချိတ်ဆက်ထားပါ။ သင့်မှာ မိတ်ဆွေတွေတော့ အများကြီးရှိချင် ရှိပါလိမ့်မယ်။ ဒါပေမယ့် သင့်မိတ်ဆွေတွေတိုင်းကတော့ သင့်လုပ်ငန်းအတွက် အကြံ ညဏ် နဲ့ သတင်းအချက်အလက်တွေ မပေးနိုင်ပါဘူး။ အားလုံးက field မတူ ကြလို့ပါပဲ။ သင့်ရဲ့ team မှာလည်း မှန်ကန်သင့်တော်တဲ့သူတွေကိုသာ ရွေး ချယ်ထားသင့်ပါတယ်။

K- Knowledge : ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Knowledge တွေကို သိထားရပါမယ်။ Update ဖြစ်ဖို့အတွက်လည်း စဉ်ဆက်မပြတ်ေ လ့လာနေ ရမှာပါ။( ကြိမ်ဖန်များစွာ လေ့ကျင့်ထားတဲ့ ဘောလုံးသမားတစ်ယောက်ဟာ ဂိုးသွင်းဖို့အခွင့်အရေးရပြီဆိုတာနဲ့ ဘယ်လိုနည်းနဲ့ ကန်ရင် ဝင်နိုင်မလဲဆို တာကို သိသလိုမျိုးပါပဲ။) စီးပွားရေးလုပ်ရာမှာလည်း အဲဒီအတိုင်းပါပဲ။ စီး ပွားရေး ဗဟုသုတ ရှိတဲ့သူ တစ်ယောက်အတွက်တော့ အခွင့်အရေး ရပြီဆို တာနဲ့ အဲဒီအခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းဗျူဟာတွေက ရှိပြီးသားပါပဲ။

Credit: rogerjameshamilton

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service