ရွှေတင်သွင်းမှုပမာဏ သတ်မှတ်ရန် ဝန်ကြီးဌာနများထံ သဘောထား တောင်းမည် - Property News in Myanmar from iMyanmarHouse.com
1162 Views

ရွှေတင်သွင်းမှုပမာဏ သတ်မှတ်ရန် ဝန်ကြီးဌာနများထံ သဘောထား တောင်းမည်

ရွှေတင်သွင်းမှု ပမာဏကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ သဘောထားမှတ်ချက် တောင်းခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများထံမှ ရွှေထည် လက်ဝတ်ရတနာများကို တရားမဝင် တင်သွင်းခြင်းနှင့် ပြည်တွင်းမှ ရွှေထည်များကို တရားမဝင် တင်ပို့နေရာမှ တရားဝင် တင်ပို့၊ တင်သွင်းခွင့်ပေးရန် စီစဉ်နေပြီး တင်သွင်းမှု ပမာဏကို သတ်မှတ်ရန် လုပ်ဆောင်နေကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ရွှေတင်သွင်းတာ များတယ်ဆိုရင် ဒေါ်လာတွေက အများကြီး ထွက်သွားပြီး ငွေကြေး ဖောင်းပွလာမယ်။ ဒီတော့ တစ်နှစ်ကို ပမာဏ ဘယ်လောက်ပဲ သွင်းရမယ်။ ရွှေတုံး သွင်းမှာလား၊ လက်ဝတ်ရတနာ သွင်းမှာလားဆိုတာ ဗဟိုဘဏ်တို့၊ သတ္တုတွင်းတို့ရဲ့ မှတ်ချက်တွေ လိုတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ တွင်းထွက်ပစ္စည်းဖြစ်သည့် ရွှေကို ပို့ကုန် သာမက သွင်းကုန်ပါ ခွင့်ပြုပေးသည့်အတွက် ရွှေဈေးကွက် အလားအလာမှာ ပိုကောင်းလာနိုင်ကြောင်း၊ ရွှေအရောင်းအဝယ်မှ ပြည်တွင်း ငွေကြေး ဈေးကွက်ကို မထိခိုက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

“ရွှေကတော့ အဓိကက ဈေး အတက် အကျပေါ် မူတည်ပြီး အသွင်းအပို့ လုပ်ကြမှာပါ။ အပြင်မှာ ဈေးတက်နေပြီး ပြည်တွင်းမှာ ဈေးကျမယ်ဆိုရင် သွင်းတာ ဘယ်လုပ်မလဲ။ ကမ္ဘာ့ရွှေဈေးအပေါ်မှာ မူတည်ပြီးပဲ လုပ်ကြရမှာပါ”ဟု တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။

ယခင်က တားမြစ်ထားသည့်ကုန် စည်ဖြစ်သည့် ရွှေထည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ နေပြီး ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

“အဓိကကတော့ နိုင်ငံတကာမှာလည်း ပို့ခွင့်၊ သွင်းခွင့်ပေးတာ ရှိပါတယ်။ အဲဒီမှာ ဘာပြဿနာ တက်လဲဆိုတော့ ကိုယ့်ဘက်က များများ ပို့ရမယ်ထင်တာ။ သွင်းတာတွေ များပြီး ငွေကြေးဈေးကွက် ကမောက်ကမတွေ ဖြစ်ကုန်ပြီး သွင်းကုန် လိုင်စင် ပိတ်တာတွေ ဖြစ်ကုန်တယ်။ ဒါကို ဆင်ခြင်ဖို့ သွင်းတဲ့ပမာဏကို စိစစ်ရမှာပါ”ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service