မင်္ဂလာဈေးသစ်တည်ဆောက်ရန် ဒီဇိုင်းအသစ် အတည်ပြုရွေးချယ်ထား - Property News in Myanmar from iMyanmarHouse.com
842 Views

မင်္ဂလာဈေးသစ်တည်ဆောက်ရန် ဒီဇိုင်းအသစ် အတည်ပြုရွေးချယ်ထား

မီးသင့်မင်္ဂလာဈေး အသစ် ပြန်လည် တည်ဆောက်ရန် အဆောက်အအုံဒီ ဇိုင်း ပုံစံကို မေလ ၁၃ ရက်က အတည်ပြုရွေးချယ်ခဲ့ကြောင်း ရန်ကုန်မြို့ေ တာ် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

ဒီဇိုင်းအတွက် တင်ဒါခေါ်ယူခဲ့ရာ လာရောက်တင်ပြသည့် ကုမ္ပဏီ ၁၃ ခုမှ Amenity DesignGroup ကို ရွေးချယ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးကော်မတီ ဈေးများဌာန ဌာန မှူး ဦးစံရွှေထွန်းက ပြောကြား သည်။

ဒီဇိုင်းအတွက် တင်ဒါခေါ်ယူ မှုကို ပြီးခဲ့သည့် ၂၀၁၆ ဖေဖော် ၀ါရီက စတင် ခဲ့ပြီး ဗိသုကာပညာရှင်များအသင်းမှ ပညာရှင်များက ပါဝင်ရွေးချယ်ခဲ့သည်။

ဗိသုကာဒီဇိုင်းပိုင်း ရွေးချယ် မှုများပြီးစီးသွားပြီဖြစ်၍ ဆောက်လုပ်ရေး လုပ် ငန်းများ စတင်နိုင်ရန် တည်ဆောက်ရေးတင်ဒါကိုပါ တစ်ဆက်တည်း ခေါ် ယူမည်ဟု YCDC တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ထို့အပြင် မင်္ဂလာဈေး ဈေးအသစ် အလျင်အမြန် တည်ဆောက်ရန် ဈေး သူ၊ ဈေးသားများ က ဆန္ဒထုတ်ဖော်ခြင်း၊ သတင်း စာရှင်းလင်းပွဲများ ပြု လုပ်ခြင်းဖြင့် တောင်းဆိုခဲ့သည်။

မီးသင့် မင်္ဂလာဈေးကို ဖြို ဖျက်ရန် ၂၀၁၆ အောက်တိုဘာက တင်ဒါခေါ်ယူ ခဲ့၍ နှစ်လအတွင်း အပြီးဖြိုဖျက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကု န်မြို့တော် စည်ပင်သာယာေ ရးကော်မတီတို့ သည် မီးသင့်အဆောက်အအုံဖြို ဖျက်ခြင်း လုပ်ငန်းစဉ် ပြီး စီးချိန် တွင် ဈေးသစ်တည်ဆောက်ရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင် ရန် ဒီဇိုင်းပုံစံ ရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးတင်ဒါ ခေါ်ယူ ခြင်း စသည့် လုပ်ငန်းစဉ်များ ကြို တင် လုပ်ဆောင်သင့်ပြီး ဈေး သည်များ ဈေး အဆောက် အအုံ ပေါ် ပြန်တက်နိုင်မည့်အချိန်ကိုပါ ထုတ်ဖော်ကြေညာသင့်ကြောင်း မီး သင့်မင်္ဂလာဈေးသူ၊ ဈေးသား များက ဆိုသည်။

မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ခဲ့၍ ၂၀၁၀ ပြည့် နှစ်၌ ပထမ အ ကြိမ်၊ ၂၀၁၆ ဇန် န၀ါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးေ လာင်ကျွမ်းခဲ့သည်။ ဒုတိယအ ကြိမ် မီးလောင်ကျွမ်းမှုတွင် တတိ ယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင် ခန်းပေါင်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့ သည်။

Amenity Design Group ကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသ ကြီးလွှတ်ေ တာ် တည်ဆောက်ရန် အဆောက်အအုံ ဒီဇိုင်းပိုင်းတွင် ရွေးချယ်ခံ ထားရ သည့် ကုမ္ပဏီဖြစ်သည့်အပြင် ရန်ကုန်မြို့ရှိ ကွန်ဒို တိုက်ခန်းများ တည်ေ ဆာက်သည့် အပိုင်း၌ ဒီဇိုင်းရေးဆွဲပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service