လိုင်စင်ရ ကန်ထရိုက်တာတစ်ယောက်ဖြစ်ဖို့ရာ ရင်းနှီးရတဲ့ ငွေတန်ဖိုးက မနည်းပါ - Property News in Myanmar from iMyanmarHouse.com
2108 Views

လိုင်စင်ရ ကန်ထရိုက်တာတစ်ယောက်ဖြစ်ဖို့ရာ ရင်းနှီးရတဲ့ ငွေတန်ဖိုးက မနည်းပါ

မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်တဲ့ iMyanmarHouse.com မှာ အမေးအဖြေကဏ္ဍတစ်ခု ဖွင့်လှစ်ထားပါတယ်။ အဲ့ဒီ အမေးအဖြေ ကဏ္ဍမှာ အမေးအများဆုံးက တွေ့ရတာကတော့ ကန်ထ ရိုက်တိုက်ပြဿနာတွေပါပဲ။ မေးလဲ မေးလောက်တဲ့ ပြဿနာပါပဲ။ မေးသူတွေ တော်တော်များများကလည်း ဆောက်လက်စတန်းလန်း တိုက်ကြီးတွေကို ဆက်မလုပ်ကြဘဲ။ ကန်ထရိုက်တာတွေ ထွက်ပြေးသွားကြတဲ့အတွက် ဘယ် လို ဆက်လုပ်ရမလဲဆိုပြီး မေးကြတာ များပါတယ်။

"ကတိမတည်၊ သစ္စာမရှိ၊ ရှောင်တိမ်းနေကြသူတွေ"

လုပ်နည်းလုပ်ဟန်တွေကို ဖြေပြရတာတွေ များလွန်းလို့ အချို့အချက်တွေဆို ရင် အပ်ကြောင်းထပ်နေမှာစိုးလို့ သတိထားရှောင်တိန်းပြီး ဖြေပြနေရပါ တယ်။ iMyanmarHouse.com ဖွင့်ကြည့်တဲ့ facebook ပရိတ်သတ်များ သတိထားမိမှာပါ။ ဘာကြောင့်များ ကန်ထရိုက်တာဆိုသူတွေက ကတိမ တည်၊ သစ္စာမရှိ ထွက်ပြေးကြတာလည်း စာရေးသူလည်း အမြဲ စဉ်းစားနေ မိတယ်။

"အလှူရှင်မှန်း သိအောင်၊ မဏ္ဏပ်တိုင် တတ်ပြသူ"

နောက်ပိုင်း ထူးခြားတဲ့ အချက် တွေ့လာရပါတယ်။ တိုက်ခန်း အရောင်းအ ဝယ်တွေ စာချုပ်တွေ လိုက်ပါချုပ်ဆိုပေးရင်း တွေ့လာရတဲ့ ကန်ထရိုက်တာ ဆိုသူတွေလေ "သူက ဒီတိုက်ကြီးကို ပြီးအောင် ဆောက်ပေးတဲ့ ကန်ထ ရိုက်တာကြီးလေ" ဟု အထင်ကြီး လေးစားစွာနဲ့ မြေရှင်ကမိတ်ဆက်ပေးလို့ သိခဲ့ရပါတယ်။ အမယ်လေး အဲ့ဒီ ကန်ထရိုက်တာဆိုသူတွေကလည်း "မောင်မောင်ဆိုလေ...ထီးရိုးရှည်" စကားလိုပါပဲ။ "အလှူရှင်မှန်းသိအောင် မဏ္ဏပ်တိုင်ကိုလည်း တတ်ပြလိုက်ကြသေးတယ်" သိလား...

"ကျွန်တော်က ဒီတိုက်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ အင်ဂျင်နီယာနဲ့ အဆောက်အအုံဌာန(ယာ/အုံ)က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ထားတဲ့ အကြောင်း မည်သည့် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံချောင်း၊ အကောင်းစားတွေနဲ့ ဆောက်လုပ် ထားတဲ့ အကြောင်းသွပ်က အကောင်းစား၊ ပြတင်းပေါက်က အလူမီနီယံ၊ အိမ်ရှေ့က သံဘာဂျာတံခါးက အကောင်းစားကို လုပ်ထားတာ၊ ရေချိုးခန်း အိမ်သာကို ကြွေပြားအပြည့်ခင်းပေးထားတဲ့အကြောင်း၊ လျှပ်စစ်မီးကြိုး သွယ်တန်းမှုကလည်း၊ အာမခံတဲ့ မီးကြိုး/မီးလုံး၊ မီးခလုတ်များကို သုံးထား တဲ့ အကြောင်း ရေဆိုရင်လဲ ရေသန့်၊ ရေကြည်ရအောင် ရေအနက်ပေ ၅၀၀ ကျော်တဲ့အထိ တူးပေးထားတဲ့ အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြ တာကို ဝမ်းသာ အားရ နားထောင်ခဲ့ရဖူးပါတယ်။"

"အမည်တွေ ပေါလှတဲ့ ကန်ထရိုက်တာလောက"

ဝယ်သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်ထရိုက် ပိုင်ဆိုင်တဲ့ အခန်းကို ကန်ထရိုက် တာထံက ဝယ်ယူလိုက်ကြပါတယ်။ အရောင်းအဝယ် ချုပ်ပြီးတာနဲ့ ဝယ်သူေ တွက တိုက်ခန်းဖိုး ငွေချေကြရတာပေါ့။ ကန်ထရိုက်တာကလည်း သူပိုင်ဆိုင် တဲ့ တိုက်ခန်းနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေကို ဝယ် သူကို ပေးလို့ ကြည့်လိုက်တဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တာတို့ နှစ်ဦး သေ ဘာတူ တိုက်ခန်းဆောက်လုပ်ခြင်း ကတိစာချုပ်မှာ ကန်ထရိုက်တာလို့ အ မည်ခံထားတာ တွေ့ရပေမယ့် "အိမ်ဆောက်လုပ်ခွင့်ပြုမိန့်" ပါမစ် စာရွက်မှာ ကြည့်လိုက်တဲ့အခါ လိုင်စင်ရ ကန်ထရိုက်တာဆိုသူက အခြားသူတစ်ဦး အမည်ဖြစ်နေတာကို တွေ့ရတယ်။

ဒီနေရာမှာ ထင်သာမြင်သာဆုံး တွေ့ရတဲ့ အမှတ်အသားကတော့ ဆောက် လက်စ တိုက်ခန်းရှေ့ဘက် လှေကား၊ အတက်နားမှာ ထောင်ထားတဲ့ ခွင့်ြ ပုမိန့် ဆိုင်းဘုတ်ပါပဲ။ အရပ်ထဲမှာ အလွယ်ခေါ်နေတာကတော့ "အစိမ်း ဘုတ်" ဆိုပါတော့။ အဲ့ဒီအစိမ်းဘုတ်မှာ အသေအချာ ဖတ်ကြည့်လိုက် ရင် တွေ့ပါလိမ့်မယ်။

ဆောက်လုပ်သူ လိုင်စင်ရ အင်ဂျင်နီယာက မည်သူ၊ လိုင်စင်ရ ကန်ထရိုက် တာက မည်သူ ဆိုတာ ဖတ်ကြည့်လိုက်တဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တိုက် စာချုပ်ချုပ်ဆိုတဲ့ ကန်ထရိုက်တာရဲ့ အမည်မပါတာကို တွေ့ရပါလိမ့်မယ်။

"ဖွတ်မထွက်ခင်တည်းက တောင်ပို့မှန်း သိခဲ့သော်လည်း"

အဲ့ဒီလို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာတောင် မယ်မင်းကြီး မ မြေရှင်ကြီးတွေက မသိသလိုပဲ နေလိုက်ကြတာပဲ။ အဲ့ဒီလို နှုတ်ဆိတ်ေ နအောင် ကန်ထရိုက်တာအမည်ခံတွေကလည်း အလိုက်ငွေ သိန်း(၁၀၀)၊ သိန်း(၂၀၀) ဆိုပြီး ပြောင်းရွှေ့ခလိုလို အလကားပေးသလိုလို ပုံစံမျိုးနဲ့ ပစ်ေ ပါက်ပေးလိုက်တော့ ပါးစပ်ကို အာစေးထည့်ကျွေးလိုက်သလို ငြိမ်နေကြ တယ်လေ။ ကန်ထရိုက်တာ မဟုတ်မှန်း သိရင်လည်း ကိုယ့်မြေကွက်ထဲမှာ တိုက်အလကားဆောက်ပေးတယ်။ ၆-ထပ်တိုက်ဆိုရင် ၆ထပ်တစ်ခြမ်း လုံး လုံး ရေမီးအစုံနဲ့ အလကားရမှာလေ။ ဘယ်ယောက္ခမကမှ ဒီလို ဆောက်ေ ပးနိုင်မှာ မဟုတ်ဘူးဆိုတဲ့အတွေးနဲ့ မသိကျိုးကျွံနေခဲ့ကြတာ အထင်အရှား ပဲလေ။

တိုက်ခန်းဝယ်ရင် BCC လက်မှတ်ရှိမှ စိတ်ချရ

ဟော အခုလို အိမ်ခြံမြေ ဈေးကွက် မကောင်းတဲ့ အချိန်မှာ တိုက်ခန်း ဝယ် မယ့်သူတွေကလည်း BCC(လူနေထိုင်ခွင့်) လက်မှတ်မရှိဘဲ မဝယ်ကြတော့ ဘူးလေ။ ဒီတော့ ကန်ထရိုက်တာ အမည်ခံတွေက မိမိတို့ စိုက်ထုတ်ထား တဲ့ ငွေတွေ ပြန်မရနိုင်မှန်းလဲ သိရော ဆောက်လက်စ တိုက်တွေကို ပစ် ထားခဲ့ကြပြီး၊ အခြား စီးပွားရေးလုပ်ငန်းတွေ ပြောင်းရွှေ့သွားကြတယ်လေ။ သူတို့က တကယ့်လိုင်စင်ရ ကန်ထရိုက်တာ အစစ်တွေမှ မဟုတ်တာ။ အဲ့ဒီ လို ရှောင်ပြေးသွားတဲ့ ကန်ထရိုက်တာ တွေကို အရေးယူ ဆောင်ရွက်ပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနဲ့ အဆောက် အအုံဌာန(ယာ/အုံ)ကို သွားတိုင်ကြည့်ပါလား။

"ဈေးသည်က ဈေးသည်လို ဈေးတွက် တွက်ခဲ့တဲ့ ဆပ် ကန်ထရိုက်တာေ တွကြောင့်"

အဲ့ဒီမြေရှင်နဲ့ ကန်ထရိုက်တိုက်ဆောက်ဖို့ ချုပ်ထားတဲ့ ကန်ထရိုက်တာတွေ က သူတို့နဲ့ အနေသာကြီးလေ။ "မြေရှင်တွေကို သနားတယ်" လို့ ပြောမှာေ ပါ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ကို မြေရှင်ကသာ ကန်ထရိုက်တာလို့ အထင်ကြီးနေတာ တကယ်တော့...သူတို့က ကန်ထရိုက်တိုက်လောကမှာ တင် လာပြီး ငွေရင်းနှီးမြှုပ်နှံပြီး အမြတ်ရဖို့ လာလုပ်ကြတဲ့သူတွေလေ တ ကယ်လို့ လိုင်စင်ရ ကန်ထရိုက်တာအစစ်လို့ နားလည်ကြတာမှ မဟုတ်ဘဲ။ သူတို့က ငွေရင်းနှီးမြှုပ်နှံပြီး ပန်းရံသမားလက်သမား ငှားပြီး တိုက်ဆောက် ကြတာလေ။ သူတို့ ဆောက်ချင်တဲ့ ပုံစံကို ပန်းရံဆရာကို အပ်လိုက်တော့ တာပဲ။ ငွေဘယ်လောက်သုံးရင် ဘယ်လောက် အမြတ်ရမလဲဆိုတာကိုပဲ တွက်ချက်ကြတာလေ။

အခုလို အိမ်ခြံမြေ တိုက်ခန်းဈေးတွေ အဝယ်မလိုက်တဲ့အချိန်မှာ ဘယ်သူမှ အရှုံးခံပြီး ဆက်ပြီး ရင်းနှီးကြမှာလဲ ပြေးပြီပေါ့။ လိုင်စင်ရ ကန်ထရိုက်တာ ဆိုသူတို့ကလည်း (၂၅)သိန်း လောက်ရရင် လိုင်စင်ငှားပြီး ဆောက်လုပ် ခွင့်ပေးခဲ့ကြတယ်လို့လည်း ကြားသိနေရပါတယ်။ လက်ရှိ တိုက်တွေက တန်းလန်းဖြစ်နေတဲ့အချိန်မှာ အစိမ်းဘုတ်မှာ တွေ့ရတဲ့ လိုင်စင်ရ ကန်ထ ရိုက်တာတွေ မျက်နှာပျက်ကုန်ပြီပေါ့။

"လိုင်စင်ရ ကန်ထရိုက်တာ တစ်ယောက်ဖြစ်ဖို့ရာ ရင်းနှီးရတာ တန်ဖိုး မ နည်းပါ"

လိုင်စင်ရ ကန်ထရိုက်တာ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိန်း ၅၀၀ (ယာ/အုံ) မှာ ပေးခွင့်ထားရတာလို့ သိရပါတယ်။ မြေနဲ့အိမ် ပိုင်ဆိုင်မှုကလည်း အ နည်းဆုံး သိန်းနှစ်ထောင်လောက် ပြနိုင်မှ လိုင်စင်ထုတ်ပေးတာလို့ ဆိုပါ တယ်။ တစ်နှစ်မှာ ကန်ထရိုက်တိုက် ၁၅လုံး ဆောက်ခွင့်ရှိတယ်။ တိုက်တစ် လုံး ဆောက်တာနဲ့ သိန်း ၅၀ အာမခံကြေး တင်ထားရပြန်တယ်လို့ သိရပြန် တယ်။ အခုလို ဆောက်လက်စတိုက်တွေ တန်းလန်းနဲ့ ထားခဲ့တဲ့ တစ်ဆင့် အမည်ခံ ကန်ထရိုက်တွေကြောင့် အမှန်တကယ်လိုင်စင်ရ ကန်ထရိုက် တာတွေလည်း "ဝါးလုံးရှည်နဲ့ သိမ်းကျုံးခံနေရတယ်၊ အထင်အမြင်သေးခံနေ ရတယ်" လို့ ကြားသိနေရကြောင်းပါခင်ဗျား။

"ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်ကြပါစေနဲ့" လို့သာ ဆုတောင်းပေးေ နရပါတယ်။

ခေတ္တရာ မြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားေ ဖ်ာပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service