အိမ်ခြံမြေ အငှားဈေးကွက် သွက်လာ - Property News in Myanmar from iMyanmarHouse.com
1574 Views

အိမ်ခြံမြေ အငှားဈေးကွက် သွက်လာ

မန္တလေးမြို့ အိမ်ခြံမြေ အငှားဈေးကွက်မှာ နေရာကောင်းတွေရဲ့ ခေါ်ေ ဈးနှုန်းတွေက မြင့်မားနေဆဲဖြစ်ပြီး ဈေးကွက်တောင်းဆိုမှုကောင်းကာ ပုံမှန် လည်ပတ်နိုင်စွမ်းရှိကြောင်း မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်တချို့ထံက သိရ ပါတယ်။

အိမ်မြေ အရောင်းအဝယ်ဈေးကွက်အနေနဲ့ သွက်လက်ခြင်း မရှိသေးပဲေ ဈးနှုန်းအနိမ့်တန်းတွေမှာသာ အများဆုံး အရောင်းအဝယ်ဖြစ်နေပေမဲ့ အ ငှားဈေးကွက်မှာတော့ နေရာကောင်းတွေမှာ ဈေးကွက် လိုအပ်ချက် ကောင်း မွန်ဆဲ ဖြစ်ပါတယ်။ အဆောက်အအုံအနေအထားကို ထည့်မတွက်သေး ပဲ နေရာကောင်းရင် ကောင်းသလို တစ်လကို အောက်ထစ် ပျမ်းမျှ ကျပ်
၁ဝ သိန်း အထိ ဈေးပေးနိုင်ဖို့ လိုအပ်ကြောင်း အိမ်မြေအကျိုးဆောင်တချို့ က ပြောပါတယ်။

အချက်အချာကျတဲ့ မြို့တွင်းပိုင်းမှာဆိုရင် လူနေထိုင်ဖို့လောက်ပဲ ရမယ့် သင့်တင့်တဲ့ အကျယ်အဝန်းနဲ့ နှစ်ထပ် အဆောက်အအုံကို တစ်လ အနိမ့်ဆုံး ကျပ် ခုနစ်သိန်းခန့်ဈေးခေါ်နေကြပြီး အလုပ်ဖြစ်ဖို့လည်း မခက်ခဲကြောင်း သိရပါတယ်။ လမ်း ၈ဝ ကိုမူသေထားပြီး မြို့ကို အရှေ့နဲ့ အနောက် ခွဲခြာြးေ ပာရရင် လတ်တလော အနေအထားမှာလမ်း ၈ဝ အရှေ့ပိုင်းမြို့ အရှေ့ ဘက်ခြမ်းက အနောက်ဘက်ထက် ပျမ်းမျှအားဖြင့် ခေါ်ဈေးပိုကောင်းမွန်ေ နတယ်လို့ ဈေးကွက် သတင်းတွေအရ သိရပါတယ်။

ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်းလိုမျိုး လုပ်ငန်းကြီးတွေ လုပ်ကိုင်နိုင်မယ့် အချက် အချာနေရာမျိုးတွေဆိုရင်တော့ နေရာ အကျယ်အဝန်းကို လိုက်ပြီး တစ်လကို ပျမ်းမျှ အောက်ထစ် ကျပ်သိန်း ၂ဝ အထက်မှာ ခေါ်ဈေး ရှိနေတာကို တွေ့ရ ပါတယ်။ ဒါဟာ မြို့တွင်းမှာသာမဟုတ်ပဲ အခုအခါ မြို့သစ် ဧရိယာအတွင်း မှာပါ လမ်းကောင်းရင် ကောင်းသလို၊ အဆောက်အအုံကောင်းရင် ကောင်း သလို တစ်လကို ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၃ဝ ဝန်းကျင်အထိ ဈေးခေါ် လာတာတွေ ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အငှားဈေးကွက်ဟာ အရောင်းအဝယ်ဈေးကွက်နဲ့ ယှဉ်ရင် ပုံမှန် လည်ပတ်နို င်စွမ်းရှိနေလို့ နေရာကောင်းရင် အိမ်ရှင်တွေဘက်က ကြိုက်ဈေးရတဲ့အထိ အချိန်ယူဈေးခေါ်နိုင်စွမ်းလည်း ရှိနေပါတယ်။ ဒီအနေအထားမှာ လက်ရှိမှာ ငှားရမ်းလိုသူတွေအနေနဲ့ နှစ်ရှည်ချုပ်နိုင်ရင် ပိုကောင်းမွန်ပေမယ့် အိမ်ရှင်ေ တွဖက်က တန်ဖိုးကို နှစ်အလိုက် ရာခိုင်နှုန်းနဲ့တိုးယူတာ၊ ဒါမှမဟုတ် နှစ်တို သာ ငှားရမ်းတာမျိုးနဲ့ အလုပ်လုပ်လိုတာများပြီး အငှားဈေးကွက်ဟာ အေ ရာင်းအဝယ်ဈေးကွက်ထက် ရှေ့က ဦးဆောင်နေဦးမယ်လို့ အကျိုးဆောင် အများစုက သုံးသပ်ကြပါတယ်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service