ကွန်ကရစ်နှင့်ပတ်သက်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
1134 Views

ကွန်ကရစ်နှင့်ပတ်သက်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန် လက်မှတ်ရေးထိုး

ကွန်ကရစ်နှင့်ပတ်သက်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ် လုပ်ဖြန့်ချိသည့် စက်ရုံတည်ဆောက်ရန် ပြည်တွင်းအခြေစိုက် Tiger Supply ကုမ္ပဏီ၊ ဂျပန်နိုင်ငံ အခြေစိုက် Aizawa ကုမ္ပဏီနှင့် Fukken ကု မ္ပဏီတို့ မေ ၉ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း Tiger Supply ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်ညိုမီဆွေမြင့်က ပြောသည်။

''ကွန်ကရစ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ထုတ် လုပ်ဖို့ ကျွန်မတို့ ပြည်တွင်း ကုမ္ပဏီက ၅ဝ ရာခိုင်နှုန်းနဲ့ ပြည်ပ ကုမ္ပဏီနှစ်ခု က ၅ဝ ရာခိုင်နှုန်း အချိုးကျ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ စက်ရုံကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင် ဆောက်လုပ်ခဲ့ပြီး အခုချိန်မှာတော့ Phase 1 ဆောက်လုပ်ပြီးပါပြီ။ ကျန်တဲ့ Phase 2 နဲ့ 3 တွေကို ဆက်လက် ဆောက် လုပ်မှာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

အဆိုပါစက်ရုံကို ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်တွင် တည်ေ ဆာက်နေခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရန်နှင့် နည်းပ ညာများမျှဝေရန် ယခုတရားဝင် လက်မှတ်ထိုးပြီးသည့် အချိန်မှစ၍စက်ရုံ စတင် လည်ပတ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''စက်ရုံမှာ ကွန်ကရစ်နဲ့ပတ်သက်တဲ့ အဆင့်မြင့် နည်းပညာသုံး ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို အဓိက ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အသင့်သုံး ကွန်ကရစ်တွေဖြစ်တဲ့ ပရီကတ်စနစ် ကွန်ကရစ်ေ တွကို ဖြန့်ချိမှာဖြစ်ပါတယ်။ ပရီကတ် ကွန်ကရစ်တွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြာချိန်ကို ခေါက်ချိုးမက လျှော့ချနိုင်လို့ ရန်ကုန်မြို့မှာ လက်ရှိလာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ၊
သီလဝါစက်မှုဇုန်က စက်ရုံတွေ တည်ဆောက်ရာမှာအသုံးများပါတယ်။ စက်ရုံစတင် မလည်ပတ်သေးခင်မှာကို ကျွန်မတို့စက်ရုံကို ကြိုတင်ပစ္စည်း မှာထားတာတွေလည်း ရှိပါတယ်''ဟု ၄င်းက ပြောသည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service