လှိုင်သာယာ ကျူးကျော်စာရင်း ခန့်မှန်းသည်ထက် နှစ်ဆကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
2534 Views

လှိုင်သာယာ ကျူးကျော်စာရင်း ခန့်မှန်းသည်ထက် နှစ်ဆကျော်ရှိ

လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများ စာရင်း ကောက်ယူ လျက်ရှိရာ ခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေကြောင်း ကျူးကျော်စာ ရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ် အတွင်းရှိ အောင်မြေသာယာ၊ ညောင်ရွာ၊ ရေအုတ် ကန်နှင့် ရွှေလင်ပန်း နေရာတို့တွင် ဧပြီလ ၂၅ ရက်နေ့ကစ၍ မေလ ၁၁ ရက်နေ့အထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ခုဖြင့် စာရင်းေ ကာက်ယူလျက်ရှိကြောင်း၊ ၎င်းတို့ကို ကျူးကျော်နေထိုင်သူဖြစ်ကြောင်း သက်သေခံကတ် (စမတ်ကတ်) များ ထုတ်ပေးလျက်ရှိကြောင်း ကျူးကျော်စာ ရင်း ကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀၀၀ ကျော် ရှိတယ်။ မြေပြင်မှာ ကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့ စာရင်း ထက် နှစ်ဆလောက် များနေတယ်။ ၅၀၀၀၀ ကျော်လောက် ရှိနေတယ်လို့ ခန့်မှန်းရတယ်” ဟု ၎င်းက ရှင်းပြသည်။

ဧပြီ ၂၅ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ကျူးကျော်နေထိုင်သူများအတွက် စမတ်ကတ် ထုတ်ပေးသည့် စာရင်းအရ အိမ်ထောင်စု ၂၀၀၀၀ ကျော် ရှိေ ကြာင်း၊ စည်ပင်သာယာပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သူများ သာမက ပုဂ္ဂလိကပိုင်မြေနှင့် ဌာနဆိုင်ရာ မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို လည်း စမတ်ကတ် ထုတ်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက် ယူရေး အဖွဲ့ဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်း ကောက်ယူမှုလုပ်ငန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက စတင်ခဲ့ရာ လက်ရှိတွင် စာရင်းကောက်ယူမှု၏ ၇၀ ရာ ခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကျူးကျော်စာရင်း ကောက်ယူမည့် စီမံချက် တွင် ပါဝင်သည့် မြို့နယ်များအနေနှင့် အရှေ့ပိုင်းခရိုင်တွင် ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာပ၊ အနောက် ပိုင်းခရိုင်တွင် အလုံ၊ မရမ်းကုန်း၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက် တန်း၊ ဒလနှင့် မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာတို့ ဖြစ်ကြောင်း ရန်ကုန် တိုင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုတွင် တရားမဝင် နေထိုင်သည့် ကျူးကျော် အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင် သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service