နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1377 Views

နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည်

မှော်ဆရာကြီးဟု နာမည်ကျော်ကြားခဲ့သည့် မျက်လှည့်ပညာရှင် ဟူဒီနီ ၊ ရုပ် ရှင်သရုပ်ဆောင် Robert Vaughn ၊ အမေရိကန် သံအမတ်ကြီး တစ်ဦးတို့ နှင့် ပတ်သက်ဆက်နွှယ်သည့် ဇာတ်လမ်းများ ရှိခဲ့ဖူးသော နေအိမ်ကြီး တစ် လုံးကို မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း နယူးေ ယာက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်သည့် ထင်ရှားသည့် ဖြစ်ရပ်မှာ ၁၉၀၄ ခုနှစ်တွင် လန်ဒန်ရှိ Daily Mirror သတင်းစာကြီးက ဟူဒီနီကို ၎င်းတို့ အထူး စီမံပြုလုပ်ထားသည့် လက်ထိပ်မှ လွတ်မြောက်အောင် ပြုလုပ်ရန် စိန်ခေါ်ခြဲ့ ခင်း ဖြစ်သည်။

အဆိုပါလက်ထိပ်ကို ဘာမင်ဂမ်ရှိသော့ဝိဇ္ဇာနသန်နီယယ်ဟာ့ထ်က ငါးနှစ်
ကြာ အချိန်ယူ၍ အထူးစီမံ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဟူဒီနီက Daily Mirror ၏ စိန်ခေါ်မှုကို လက်ခံကာ ၁၉၀၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် လန်ဒန်ရှိ ဟစ်ပိုဒရုမ်းကဇာတ်ရုံကြီးတွင် အများပြည်သူရှေ့ တွင် လက်ထိပ်မှ လွတ်မြောက်အောင် လုပ်ဆောင်ပြခဲ့သည်။

အဆိုပါ အစွမ်းပြစိန်ခေါ်ပွဲသို့ သတင်းထောက်ပေါင်း ၁၀၀ ကျော်နှင့် ပရိ သတ် ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ရစ်ဂ်ျဖီးမြို့ ရှိတောင် ကုန်းတစ်ခုပေါ်တွင် တည်ရှိကာ ယခင်က ကန်ဒေါ်လာ ၅ ဒသမ ၇၅ သန်ြး ဖင့် အရောင်းဈေးကွက်သို့ တင်ခဲ့ဖူးသည်။ ယခုလေလံတင်မည့် နေအိမ် ကြီးကို ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Sunset Hall ဟု လူသိများသည်။

စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းပြီး မြို့ တွင်း အမြင့်မားဆုံး တောင်ကုန်းပေါ် တွင် တည်ရှိသည်။ အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၂ ခန်းအထိပါဝင်ကာ ၆၅ ပေ အလျားရှိရေပူကန်၊ တင်းနစ်ကွင်း၊မီးလင်းဖို ၉ ခု၊ စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းသည့် ဧည့်ဂေဟာဆောင်တို့ ပါဝင်ပြီး ခြံအကျယ်အဝန်းမှာ ၇ ဧကနီးပါးအထိ ရှိသည်။

၁၉၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့သူမှာ ဗြိ တိန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဂျိမ်းစ် စတိုကာ ဖြစ်သည်။

၁၉၂၀ ပြည့်လွန်ကာလများတွင် ကားမှော်ဆရာကြီးဟူဒီနီ၏ အစ်ကို ဒေါက် တာ လီယိုပိုဝိတ်စ်က ဝယ်ယူခဲ့ပြီးနောက် ဟူဒီနီနှင့် ဇနီးတို့က သီတင်း ပတ် ကုန်ရက်များတွင် လာရောက် လည်ပတ်လေ့ ရှိခဲ့သည်။

နောက်ပိုင်း ပိုင်ဆိုင်ခဲ့သူများတွင် ဘရွတ်ကလင်းမှ ဘီယာလုပ်ငန်းရှင် သူေ ဌးကြီး ဆင်မြူရယ် ရူဘယ်လ်၊ ရုပ်ရှင်မင်းသား Robert Vaughn တို့ အပါ အဝင် ဖြစ်သည်။

၁၉၄၆ ခုနှစ်အတွင်း အဆိုပါနေအိမ်ကြီးကို ကုလသမဂ္ဂဌာနချုပ်အဖြစ် အ သုံးပြုရန် သုံးသပ်ခြင်း ခံခဲ့ရဖူးသည်။

နေအိမ်ကိုရောင်းချသူဂျနီဖာ နိုဘန်ဒီဂါနီသည် ခင်ပွန်းဖြစ်သူနှင့်အတူ ၂၀၀၈ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နာမည်ကျော် မှော်ဆရာကြီးဟူဒီနီနှင့် ပတ်သက်မှုရှိသည့် နေအိမ်ကြီး မေလ ၁၉ ရက်တွင် လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service