၂၅ နှစ်အရွယ် CEO တစ်ယောက် ပြောပြတဲ့ အလုပ်လုပ်ရာမှာ အရေးကြီးတဲ့အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
4403 Views

၂၅ နှစ်အရွယ် CEO တစ်ယောက် ပြောပြတဲ့ အလုပ်လုပ်ရာမှာ အရေးကြီးတဲ့အချက်များ

Knowledge | Posted by Hnin Ei Khin

Brian Wong ဆိုတဲ့ ကနေဒါနိုင်ငံသား အင်တာနက်စွန့်ဦးတီထွင်
လုပ်ငန်းရှင်ဟာ ထူးချွန်လွန်းတာကြောင့် ၁၈ နှစ်မှာ ဘွဲ့ရခဲ့ပြီး
Kiip ဆိုတဲ့ မိုဘိုင်းကြော်ငြာလုပ်ငန်းကို စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ ၃၂ သန်း ရရှိခဲ့ပါတယ်။

အခုအချိန်မှာ အသက် ၂၅နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Brian Wong က
သူKiip ကုမ္ပဏီကို အောင်မြင်အောင်လုပ်ဆောင်ခဲ့ရာမှာ အရေး
ပါခဲ့ပြီး လူတိုင်းလည်းသိထား သင့်တဲ့ အောင်မြင်ရေးနည်းလမ်းတွေကို
ပြောပြခဲ့ပါတယ်။

၁။အကန့်ခွဲ ထားပြီး လုပ်ဆောင်တတ်ဖို့ ကြိုးစားပါ။

ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေနဲ့
ကြုံနေရရင် အလုပ်ကို သယ်မလာပါနဲ့ အိမ်မှာပဲထားခဲ့ပါလို့ Brian
က ဆိုပါတယ်။

ရည်းစားနဲ့ပြတ်တဲ့အချိန် ဒါမှမဟုတ် ပိုက်ဆံပိတ်ပြောက်တယ်၊
သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ အဆင်မပြေဖြစ်တာမျိုးတွေဖြစ်
တဲ့အခါမှာ အများစုက ဒီ ပြဿနာတွေကို စိတ်ထဲမှာရှိနေပြီး
အလုပ်အပေါ်ထိခိုက်တာ အလုပ်မှာပါသူများတွေနဲ့အဆင်မပြေ
တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါမျိုးမဖြစ်အောင်လုပ်သင့်ပါတယ်လို့
သူက ဆိုပါတယ်။

၂။ကြောက်စိတ်တွေကို မောင်းထုတ်ပါ။

Brian Wong အတွက်တော့ အကြောက်တရားတွေကို ဖယ်ထုတ်ဖြစ်
တာ က ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းတွေကို အပေါ်လွင်စေ
ဆုံးပါပဲ လို့ဆိုပါတယ်။

ကိုယ်မလုပ်နိုင်တာကို တွေးပြီးမကြောက်ပါနဲ့ လို့ သူကအကြံပေးပါတယ်။
ကိုယ်လုပ်နိုင်တာ ကိုပဲ မြင်အောင်ကြည့်ပြီးတော့ အသိအမှတ်ပြု
တတ်အောင်ကြိုးစားပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်
တတ်တာတစ်ခုတည်းရှိရင်တောင် အဲဒါ က တစ်ခြား
ဘယ်သူမှမုလုပ်နိုင်တဲ့အရာမျိုးလည်းဖြစ်နိုင်ပါတယ်။

အစည်းအဝေးတစ်ခု ဒါမှမဟုတ် အင်တာဗျူးတစ်ခုမှာ အခြေအ
နေမကောင်းဘူးဆိုရင် စိတ်ဓာတ်မကျဘဲ ဘာများဖြစ်နိုင်မှာမို့လို့
လည်း ၊အဆင်မပြေရင် ထပ်ကြိုးစားလို့ရတာပဲလို့ တွေးပါလို့
သူကဆိုပါတယ်။

၃။ ကိုယ့်ကိုယ်ကို ရောင်းပါ။

စီးပွားရေးလုပ်တယ်ဆိုတာအမြဲတမ်း ကိုယ့်အကြောင်းပါပဲ။ ခင်ဗျားရဲ့
ရည်မှန်းချက်က ရင်းနှီးမြှုပ်နှံသူတွေ ခင်ဗျားကို ယုံကြည်ပြီး
ရင်းနှီးမြှုပ်နှံလာဖို့ ဖြစ်ပါတယ်။ ခင်ဗျား ပရောဂျက် ကိုရင်းနှီးမြှုပ်နှံ
ဖို့မဟုတ်ပါဘူး၊ ခင်ဗျားအပေါ်မှာ ရင်းနှီးမြှုပ်နှံလာဖို့ပါ။ အဲဒီတော့
ကိုယ့်အရည်အချင်းတွေ၊ ကိုယ်လုပ်ဆောင်မှုတွေကို တစ်ခြား
သူတွေလေးစားပြီး ယုံကြည်လက်ခံလာအောင် ကိုယ့်ကိုယ်ကိုယ်
ရောင်းတတ်ဖို့ကြိုးစားပါ။

၎။ကိုယ့်ရဲ့ အားသာချက်တွေကို သိပါစေ။

ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ်၊ဘာအလုပ်ပဲလုပ်နေလုပ်နေ
ခင်ဗျားမှာ စူပါ ပါဝါတစ်ခုရှိနေပါတယ်။ဆိုလိုချင်တာက သူများတွေ
ထက်သာတဲ့အရည်အချင်းတစ်ခု၊ အချက်တစ်ချက်ရှိတာပါ။ ဒါကို
ခင်ဗျားဘ၀မှာ အသုံးမချဘူးဆိုရင်ခင်ဗျားဟာ ရူးနေလို့ပဲလို့
Wong က ထောက်ပြပါတယ်။

ကိုယ့်ရဲ့အားသာချက်တွေ၊အရည်အချင်းကောင်းတွေကဘာ
လည်းဆိုတာကို သေချာစဉ်းစားပါ။ ကိုယ်နဲ့ အရင်းနှီးဆုံးသူတွေကို
မေးကြည့်ပါ။ အသုံးချပါ။

၅။မလောပါနဲ့

အီးမေလ်းတွေ ၊ စာတွေ နဲ့ ဆိုရှယ်မီဒီယာတွေက အချက်အလက်
တွေကိုတွေ့ရတာအရမ်းများလာတဲ့အခါစိတ်ရှုပ်ရပါတယ်။ ဒါဟာ
သင်တစ်ယောက်တည်းကြုံရတာမဟုတ်ပါဘူး။

အင်တာနက်ခေတ်ကြီးမှာ ဘယ်သူကဘာလုပ်နေတယ်၊ဘယ်
ကုမ္ပဏီကဘာဖြစ်နေပြီ စတဲ့ သတင်း အချက်အလက်တွေ
ဟာဆိုရှယ်မီဒီယာကနေ အလွယ်တကူ ရရှိနိုင်နေပြီးတော့
အသုံးပြုမှုများလာတဲ့အခါ စိတ်ဖိစီးမှုပါ များလာတတ်ပါတယ်။
အဲဒီအတွက် လူတိုင်းနဲ့ ထိတွေ့ဖို့အမြဲမကြိုးစားသင့်ပါဘူး။

ဆိုရှယ်မီဒီယာကိုလည်းအမြဲသုံးနေတာမျိုးမဖြစ်သင့်ဘူးလို့သူက
ဆိုပါတယ်။

၆။ ကိုယ့်ကိုယ်ကိုသူများတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့

ကိုယ့်ထက် အောင်မြင်တဲ့သူ၊သာတဲ့သူတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး
သူတို့လောက် ငါမတော်ဘူးမတတ်ဘူးလို့ တွေးနေရင်တော့
အချိန်ကုန်တာပဲအဖတ်တင် ပါလိမ့်မယ်။ ကိုယ့်ထက်သာတဲ့သူတွေနဲ့
နှိုင်းယှဉ်ရင် သူတို့ကအမြဲသာနေမှာဖြစ်ပြီး ကိုယ်ပဲ အရှုံးသမားလို့
ခံစားရပါလိမ့်မယ်။

အဲဒီအစား ကိုယ့်လက်ရှိအခြေကနေ ရှေ့ဆက်သွားနိုင်အောင်
၊တိုးတက်အောင်ဘာဆက်လုပ်ရမလဲလို့တွေးပြီး ကြိုးစားမယ်ဆိုရင်
ကိုယ်နှိုင်းယှဉ်နေတဲ့ သူတွေထက်တောင်တစ်နေ့ကျရင်
ကိုယ်ကသာသွားပါလိမ့်မယ်။

၇။ကိုယ့်ကိုယ်ကို အကောင်းဆုံးပြသပါ။

အမှန်အတိုင်းပြောရရင် presentation ဆိုတာအသက်ပါပဲ၊ သင့်
brand ဟာ သင့် presentation ကောင်းသလောက်ပဲ လူသိ
မှာဖြစ်ပါတယ်။ ထုတ်ကုန်ကအရမ်းကောင်းနေပြီး presentation
မကောင်းရင် ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။

အဲဒီအတွက် သင်ဟာ ၀န်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုရင်လည်း
သင်ဘယ်လောက်အလုပ်လုပ်တယ်ဆိုတာအရေးကြီးပေမယ့်
ဘယ်သူမှ မသိဘူးဆိုရင် အသိအမှတ်ပြုခံရမှာမဟုတ်ပါဘူး။
အဲဒီအတွက် သင်လုပ်တဲ့အလုပ်တွေကိုလည်း အထက်လူကြီးတွေကို
ပြန်လည် အစီရင်ခံ ပြသနိုင်ဖို့ အရေးကြီးပါတယ်။

၈။အပြင်များများထွက်ပါ၊

Brian က တော့ လူငယ်တွေကို အလုပ်စားပွဲပေါ်က ကွန်ပျူတာ
ရှေ့မှာပဲအမြဲမနေဖို့ အကြံပေးထားပါတယ်။အပေါင်းအသင်းမိတ်
တွေနဲ့ တွေ့တာ၊ အတွေ့အကြုံအသစ်တွေရတာတွေက idea
အသစ်တွေရစေဖို့ အထောက်အကူဖြစ်စေတယ်လို့ သူကဆိုပါတယ်။

ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းလေးထဲမှာပဲ နေဖို့ကလွယ်ပါတယ်။ ဒါပေမဲ့
ကမ္ဘာကြီးကို ပိုမိုနားလည်နိုင်ဖို့ဆိုရင် အပြင်ထွက် လေ့လာမှ
ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အမြင်ပိုကြယ်လာမှာဖြစ်တယ်
လို့ ဆက်ပြောပါတယ်

၉။ ပြတိုက်တွေသွားပါ။

ဘ၀နဲ့ အလုပ်အတွက် စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့အတွက်
Brian Wong က တော့ သမိုင်းကြောင်းနဲ့ အနုပညာတွေတည်ရှိရာ
ပြတိုက်တွေကို သွားရောက်လေ့လာတယ်လို့ဆိုပါတယ်။ဆန်း
တော့ဆန်းပါတယ်။

ပြတိုက်တွေမှာ လူသားတွေရဲ့ အကြီးမားဆုံးအောင်မြင်မှုတွေကို
ပြသထားတာကိုတွေ့ရပါတယ်လို့ သူပြောပါတယ်။ ကြီးကြယ်
ခမ်းနားတဲ့အရာတွေကို တွေ့ရင်း ခွန်အားတွေရရှိစေပြီးတော့
အကြံဥာဏ်သစ်တွေလည်းရတယ်လို့ သူကတော့ဆိုပါတယ်။


Credit: SFJ Strategy First
၂၅ နှစ်အရွယ် CEO တစ်ယောက် ပြောပြတဲ့ အလုပ်လုပ်ရာမှာ အရေးကြီးတဲ့အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
၂၅ နှစ်အရွယ် CEO တစ်ယောက် ပြောပြတဲ့ အလုပ်လုပ်ရာမှာ အရေးကြီးတဲ့အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service