စာချုပ်ပါအချက်တစ်ချို့ အမှားပြင်ဆင်ခြင်း သတိပြုဖွယ် - Property Knowledge in Myanmar from iMyanmarHouse.com
2067 Views

စာချုပ်ပါအချက်တစ်ချို့ အမှားပြင်ဆင်ခြင်း သတိပြုဖွယ်

Knowledge | Posted by Hnin Ei Khin

အိမ်ခြံမြေတွေကို အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ်ကြမယ်ဆိုရင် စာချုပ်ပါ အကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရ ပါတယ်။ “သေချာစွာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါ မစ်အတု တွေဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေရတာပါ။ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ပါဘူး။”

အိမ်၊ ခြံ ၊ မြေ ဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့အခါမှာ သတိထားရမယ့် အချက်တွေ နဲ့ အရေးကြီးအချက်တွေကို ရောင်းဝယ်သူတချို့ အမှတ်တမဲ့ ထားရှိတက်ပါ တယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှု အထောက်အထားတွေကို နား လည် တက်ကျွမ်းသူတွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တစ်ချို့က စာ ရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှု စစ်ဆေးတက်ကြတာေ ကြာင့် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေ တွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အ တွက် သေချာစစ်ဆေးသင့်တာဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက်တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါတယ်။

ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါ စကားလုံးတွေကို တစ်လုံးချင်းစီ သေသေချာချာ စစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကြွဲ ပားမှုတွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင် မှတ်ပုံတင်ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင် ဆင်ချက်နဲ့ အမှားပြင်ဆင်တာတွေဖြစ်ပါတယ်။ စာချုပ်ထဲမှာ အမှားတစ်စုံ တစ်ရာရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေးရပါမယ်။

စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် Correction Pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုေ တာ့ Correction Pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို Initial Sign (လက်မှတ်အတိုကောက်) ထိုးထားပေမယ့် မသမာသူတွေက Correction Pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါတယ်။

လက်မှတ်အတိုကောက်ထိုး စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရ မယ့် အကောင်းဆုံးအချက်ကတော့ အမှားစကားလုံးပေါ်မှာ Cross မျဉ်း တစ်ကြောင်းသာ ခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့အချိန်မှာ ဒီလိုအမှားမျိုးကို ရပါတယ်လို့ သဘောထားလိုက်ေ ပမယ့် ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ရော၊ အဲဒီလို အမှားပြင်ဆင် ချက်က သို့လော သို့လော ဖြစ်စေပါတယ်။” အခုလို အမှားမျိုးတွေ စာချုပ် မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ်ပိုင်းမှာ အခက်အခဲ တစ်ချို့ ရှိလာ ပြီး ပြဿနာ တတ်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦး သဘော တူ စာချုပ်အသစ် တစ်ခု ထပ်မံ ချုပ်ဆိုလို့ ရတယ်လို့ သိရပါတယ်။

ဝယ်ယူသူအနေနဲ့ သံသယ ရှိတယ်ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ရသလို ချုပ်ဆိုခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည် သူတွေကိုသာ သက်သေ အဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စတာတွေကို သက်သေထိုးခိုင်းတာက လဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့က စာချုပ်ပါ အကြောင်းအရာကို မသိတော့ အခက်တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို သက်သေ လုပ်ခိုင်း မယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်ပါတယ်။”


Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service