အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
861 Views

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြင်သစ်စိန့်မာတင်ကမ်းခြေနေအိမ်ကြီးကို ဝယ်ယူမည့်သန်းကြွယ်သူဌေးတစ်ဦးရှာဖွေလျက်ရှိပြီး
အဆိုပါနေအိမ်ကို ဝယ်ယူပြီးနောက်ပိုင်းကတည်းက
အငှားချထားလျက်သာ ရှိခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

နေအိမ်ကြီးကို Chateau des Palmiers ဟုအမည်ပေးထားပြီး ကာရစ်ဘီယံကျွန်းစု အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။
Sotheby’s Realty International မှတစ်ဆင့် အရောင်းဈေးကွက်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၈ သန်း ဖြစ်သည်။

သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံခြင်း မပြုမီ ၂၀၁၅ ဇူလိုင်လအတွင်း ပိုင်ဆိုင်မှုစာရင်း ထုတ်ဖော်ပြသရာတွင် အဆိုပါနေအိမ်ကြီး ကိုလည်း ထုတ်ဖော်ကြေညာခဲ့ပြီးဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။
ခြံဝန်းအကျယ်အဝန်းမှာ ၄ ဒသမ ၈ ဧကရှိပြီး ခြံဝန်းအတွင်းတွင် နေအိမ် ၂ လုံးပါဝင်သည်။

ပထမနေအိမ်တစ်လုံးတွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး အခြားတစ်လုံးတွင် အိပ်ခန်း ၄ ခန်းပါဝင်ကာ အနီရောင်အုတ်ကြွပ်များ မိုးထားသည်။
စုစုပေါင်း အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်း ပါဝင်သည်။
နေအိမ်အကြီးတွင် Jacuzzi ရေစိမ်ကန်၊ သီးသန့်လသာဆောင် ၂ ခုပါဝင်သည့် အထပ် ၂ ထပ်ပါ master bedroom ပါဝင်သည်။

နေအိမ်ငယ်တွင် တောအုပ်အရိပ်အငွေ့များ လွှမ်းထုံထားသည့် အိပ်ခန်းတစ်ခန်း အပါအဝင် themed bedrooms အများအပြား ပါဝင်သည်။
ခြံဝန်းတစ်ခုလုံးကို ၈ ပေအမြင့်ရှိသည့် တံတိုင်းကာရံထားသည်။
ထရမ့်က အဆိုပါနေအိမ်များကို သာမာန်ကာလတွင် တစ်ညလျှင် ကန်ဒေါ်လာ ၆၀၀၀ ဖြင့် ငှားရမ်းလေ့ရှိပြီး ဆောင်းအားလပ်ရက်များတွင် တစ်ညလျှင် ကန်ဒေါ်လာ ၂၈၀၀၀ ခန့်အထိ ယူလေ့ရှိသည်။

ပြည်ထောင်စုအစိုးရကျင့်ဝတ်ဆိုင်ရာရုံးသို့ ဒေါ်နယ်ထရမ့်၏ ဖော်ထုတ်တင်ပြမှုအရ အဆိုပါခြံဝန်းကို လိမိတက်ကုမ္ပဏီ ၂ ခုဖြစ်သော Excel Venture I LLC နှင့် Excel Venture Corp II တို့မှတစ်ဆင့် ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ထရမ့်က ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ထရမ့်သည် ယင်းနေအိမ်အတွက် ငှားရမ်းခနှစ်စဉ် ကန်ဒေါ်လာ ၁၀၀၀၀၀ မှ ကန်ဒေါ်လာ တစ်သန်းအကြား ရရှိလေ့ရှိသည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၁၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၉ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုရောင်းဈေးဖြင့် ရောင်းထွက်မည် ဆိုလျှင် ၄ နှစ်တာကာလအတွင်း ၄၀ ရာခိုင်နှုန်းခန့် မြတ်စွန်းမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင် ကာရစ်ဘီယံကျွန်းရှိ ၅ ဧကခန့်ကျယ်ဝန်းသည့် ကမ်းခြေခြံဝန်းနှင့် အပန်းဖြေနေအိမ်ကြီး ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service