ဒူဘိုင်းတွင် တည်ဆောက်မည့် ကမ္ဘာ့ပထမဆုံး လည်ပတ်နေသော မိုးမျှော်တိုက်ကြီး ဒီဇိုင်းရေးဆွဲခဲ့သည့် အီတလီ ဗိသုကာအဖွဲ့  မူပိုင်ခွင့်ရရှိ - Property News in Myanmar from iMyanmarHouse.com
1348 Views

ဒူဘိုင်းတွင် တည်ဆောက်မည့် ကမ္ဘာ့ပထမဆုံး လည်ပတ်နေသော မိုးမျှော်တိုက်ကြီး ဒီဇိုင်းရေးဆွဲခဲ့သည့် အီတလီ ဗိသုကာအဖွဲ့  မူပိုင်ခွင့်ရရှိ

အီတလီ အခြေစိုက် ဗိသုကာအဖွဲ့ဖြစ်သော Dynamic Architecture Group သည် ၎င်းတို့ ဒီဇိုင်းရေးဆွဲခဲ့သော လည်ပတ်နေသည့် မိုးမျှော်တိုက် အဆောက်အအုံ ဒီဇိုင်းကို အရှေ့ အလယ်ပိုင်းဒေသအတွက် မူပိုင်ခွင့်ရရှိခဲ့သည်ဟု အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ အဆောက်အအုံမျိုး ဆောက်လုပ်ရန်ပစ်မှတ်ထားသည့်ဒေသများအနက် အရှေ့ အလယ်ပိုင်း ဒေသသည် ထိပ်တန်းဦးစားပေး နေရာတွင် ပါဝင်သည်ဟု အဆိုပါ ဗိသုကာအဖွဲ့က ပြောကြားသည်။

ဒူဘိုင်းတွင် တည်ဆောက်မည့် Dynamic Tower သည် အထပ် ၈၀ အမြင့် ရှိမည်ဖြစ်ကာ ၃၆၀ ဒီဂရီ လည်ပတ်နိုင်စွမ်းရှိသည်။
အဆောက်အအုံ အထပ်တိုင်းကြားတွင် လေစွမ်းအင်သုံး တာဘိုင်များ တပ်ဆင်ထားမည်ဖြစ်ပြီး ရရှိလာသည့်စွမ်းအင်ဖြင့် လည်ပတ်စေမည် ဖြစ်သည်။

ဒူဘိုင်း၏ တစ်နှစ်တာ လေတိုက်ခတ်မှုများမှ လျှပ်စစ်စွမ်းအင်ပမာဏ ကီလိုဝပ်နာရီပေါင်း ၂၄၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိသည်။
မိုးမျှော်တိုက်ကြီး၏ အထပ်တိုင်းသည် တစ်မိနစ်လျှင် အများဆုံး ၆ မီတာအထိ လည်ပတ်နိုင်ပြီး တစ်ပတ်အပြည့်လည်ပတ်ရန် မိနစ် ၉၀ ကြာမြင့်မည် ဖြစ်သည်ဟု ဆိုသည်။

အထပ်တိုင်း လည်ပတ်နေသောကြောင့် အဆောက်အအုံဦ ပုံသဏ္ဍာန်မှာ အမြဲပြောင်းလဲနေမည် ဖြစ်သည်။

Dynamic Tower စီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျမည်ဖြစ်ပြီး မူလက ၂၀၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ မော်စကို မြို့ တော်တွင်လည်း ယင်းအဆောက်အအုံမျိုး တစ်ခု ဆောက်လုပ်သွားရန် စီစဉ်ထားသည်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းကပဲ လည်ပတ်နေတဲ့ အဆောက်အအုံ ဒီဇိုင်းကို ပင်လယ်ကွေ့ ဒေသအတွက် မူပိုင်ခွင့် ရခဲ့ပါတယ်ဟု ဒူဘိုင်းတွင် ကျင်းပသည့် မိုးမျှော်တိုက် ထိပ်သီးကွန်ဖရင့် တွင် Dynamic Architecture Group တည်ထောင်သူ အီတလီ ဗိသုကာပညာရှင် ဒေးဗစ် ဖစ်ရှာက ပြောကြားသည်။

ဒူဘိုင်း မိုးမျှော်တိုက် စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားကြောင်းလည်း ဖစ်ရှာက ဆက်လက်ပြောကြားသည်။

မြေညီထပ်မှ ပထမအထပ် ၂၀ ကို ရုံးခန်းများအဖြစ် အသုံးပြုမည်ဖြစ်ပြီး ၂၁ ထပ်မှ ၃၅ ထပ်အထိမှာ ဇိမ်ခံဟိုတယ်တစ်လုံးဖြစ်လာမည် ဖြစ်ကာ ၃၆ ထပ်မှ အထပ် ၇၀ အထိကို လူနေအိမ်ခန်းများအဖြစ် ရောင်းချသွားမည်ဖြစ်သည်။
ကျန်သည့် အပေါ်ဆုံး ၁၀ ထပ်မှာမူ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် တည်ဆောက်သွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင် တည်ဆောက်မည့် ကမ္ဘာ့ပထမဆုံး လည်ပတ်နေသော မိုးမျှော်တိုက်ကြီး ဒီဇိုင်းရေးဆွဲခဲ့သည့် အီတလီ ဗိသုကာအဖွဲ့  မူပိုင်ခွင့်ရရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service