အားဆေးလိုနေတဲ့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေအတွက် မျှတတဲ့ အခွန်စနစ် ဖန်တီးကြရအောင် - Property News in Myanmar from iMyanmarHouse.com
4337 Views

အားဆေးလိုနေတဲ့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေအတွက် မျှတတဲ့ အခွန်စနစ် ဖန်တီးကြရအောင်

တစ်ချို့ အစိုးရတွေကတော့ သူတို့အားမပေးချင်တဲ့ လုပ်ငန်းတွေ ၊ ဈေးမတရားမြင့်နေတဲ့ လုပ်ငန်းတွေကို အခွန်အတုပ် မြင့်မြင့်မားမား ကောက်ခံပြီး ဈေးကွက်ကို ထိန်းပါတယ်၊ အကျိုးဆက်ကတော့ ဈေးကွက်
မှာ အခွန်မြင့်လို့ ၀ယ်လိုအား ကျပြီး အစိုးရရဲ့ ရည်မှန်ချက်ကို အကောင်အထည်ဖော်စေရာရောက်ပါတယ်၊ဈေးကွက်ရဲ့
အတက်အကျကိုအခွန်စနစ်နဲ့ထိန်းချုပ်ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကောက်နေတဲ့ အခွန်အတုပ် အတိုင်းတော့ သွားကောက်ရင် စီးပွားရေးတွေ ကမောက်ကမ ဖြစ်နိုင်ပါတယ် ၊ လူတစ်ဦးချင်းစီရဲ့ ၀င်ငွေ ၊ အဆင့်အတန်း ၊ ကျန်းမာရေးစောင့်ရှောက်မှု မတူညီကြတဲ့ အပြင် တိုင်ပြည်ရဲ့ တစ်မျိုးသားလုံး ထုတ်ကုန် GDPကလည်း ကွာခြားပါတယ် ၊ ချမ်းသာပြီး လူတစ်ဦးကျ ၀င်ငွေမြင့်မားတဲ့ နိုင်ငံမှာ အစိုးရက အခွန်ကောက်တာက ပြသနာ
မရှိပေမယ့် ဆင်းရဲပြီး ၀င်ငွေနိမ့်ကျတဲ့ နိုင်ငံမှာ အခွန်မြင့်မြင့်မားမား ပမာဏ ကောက်တာကတော့ ဈေးကွက်ကိုဆိုးကျိုးအများကြီးဖြစ်စေပါတယ်။ ။

မူဝါဒ ချမှတ်သူတွေကလည်း အခွန်စနစ်ကို လက်နက်တစ်မျိုးလို အသုံးချကြတာဖြစ်ပါတယ် ၊ မသမာတဲ့ သူတွေ ၀င်ငွေရပေါက်ရလမ်း မပြနိုင်တဲ့ လူချမ်းသာတွေ အတွက် ဒီ အခွန်လက်နက်က ဘယ်လောက်ပမာဏ ဖြစ်ဖြစ် မထောင်းသာပေမယ့် ၀င်ငွေနည်းပြီး
မရှိရှိတာ ရှာကြံရောင်းချပြီး ဖန်တီးရတဲ့ လူတွေ အတွက်ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေပါတယ်။

အခွန်အကောက်ဆိုတာ လူသားတိုင်း နဲ့ ပက်သက်ပါတယ် ၊
တစ်နည်းမဟုတ် တစ်နည်း ကျွန်တော်တို့က အခွန်တွေကို ပေးနေရတာဖြစ်ပါတယ် ၊ အခွန်ကောက်ခံ နိုင်မှဘဲ နိုင်ငံတော်က တည်ဆောက်ရေး ၊ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲမှုတွေကို လုပ်နိုင်တာဖြစ်ပါတယ် ၊ အခွန်စနစ် နဲ့
ပက်သက်ပြီး မျှတတဲ့ ကောက်ခံမှုမှသာ တိုင်းပြည်တွေ ၊နိုင်ငံတွေ ဟန်ချက်ညီညီ တိုးတက်လာစေမှာဖြစ်ပါတယ် ၊ ဒါက သီအိုရီပါ ။

သြစတြေးလျ ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုက ပြည်တွင်းမှာ သူဆောက်ထားတဲ့ လုံးချင်းအိမ်ကလေးတွေကို လာရောင်းတဲ့ပွဲမှာ သူတို့နိုင်ငံမှာ အိမ်ခြံမြေ ၀ယ်ရင် အခွန်ရှစ်ရာခိုင် နှုန်းဘဲပေးရတယ့် အပြင် အမည်ပေါက်လည်း ရတယ်လို့ ပြောသွားပါတယ် ၊
ချမ်းသာတဲ့ နိုင်ငံမှာ အခွန်ရှစ်ရာခိုင်နှုန်းဘဲ ကောက်တဲ့ အချိန်မှာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲလို့ ပြောနေတဲ့ နိုင်ငံက အခွန် ရာခိုင်နှုန်း ၃၀
( တံဆိပ်ခေါင်းခွန် အပါအ၀င် ၇ ရာခိုင်နှုန်း ) ကိုပါ ထပ်ပေါင်းလိုက်ရင် ၃၇ ရာခိုင်နှုန်းကောက်တဲ့ ကိစ္စကတော့ နည်းနည်းလေး ပြန်စဉ်းစားဖို့ လိုတယ်လို့ မြင်ပါတယ် ။

ဒါတောင် သြဇီရဲ့ တတိယ မြို့တော်အနားက ပေ ၈၀ ပတ်လည် တစ်ထပ်တိုက်လုံးချင်းအိမ် ရောင်းဈေးက မြန်မာငွေနဲ့ တွက်ရင် သိန်း ၆၀၀၀ လောက်ဘဲ ရှိပြီး အရစ်ကျ ၀ယ်လို့ ရပါသေးတယ် ။ ပြောချင်တာကတော့ လက်ရှိ မြန်မာပြည်မှာကောက်နေတဲ အိမ်ခြံမြေ အခွန်က အရမ်းများနေတဲ့ အတွက် ၀ယ်မယ့် သူတွေ ရှိပေမယ့် မ၀ယ်ရဲကြပါဘူး ၊ ရောင်းမယ့် လူတွေ များပြီး ဈေးကွက်ကလည်းတန့်နေပါတယ် ။

အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်လည်ပတ်
အသက်ဝင်ဖို့ အခွန်ကောက်နေတဲ့ ပမာဏ လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ အသင်းအဖွဲ့တွေက တင်ပြကြပေမယ့်လည်း အခုအချိန်အထိ
ထူးမခြားနား ဇာတ်လမ်းကနေ အဆင့်ကို မတက်နိုင်သေးပါဘူး ။

အကျိုးဆက်ကတော့ ၀ယ်မယ့်လူကလည်းအခွန်ကြောက်လို့ မ၀ယ်ရဲသလို ရောင်းမယ့် သူကလည်း ဆောက်ထားတဲ့ တိုက်တွေ ၊ ၀ယ်ထားတဲ့ မြေကွက်တွေပိုက်ပြီး ဒုက္ခနဲ့ လှလှ တွေ့ကြတာဖြစ်ပါတယ် ၊ အကျိုးဆက်ကတော့ အောက်ဈေးနှိုက်တဲ့ လူတွေ ၊ အပေါင်ခံတဲ့ လူတွေ အလုပ်ဖြစ်ကြသလို အခွန်ဆောင်ရမှာ စိုးလို့ နာမည်မပြောင်းဘဲ ဟိုလိုလို ဒီလိုလို လက်တစ်လုံးခြား လုပ်လို့ရသမျှ နည်းအကုန်လုပ်လာတာကြောင့် အစိုးရအတွက်လည်း အခွန်မရပါဘူး။

အမြတ်နည်းနည်း နဲ့ အရေအတွက်များများ ရောင်းတဲ့ တရုတ်လူမျိုးတွေရဲ့ နည်းစနစ် အတိုင်း အခွန်အကောက်စနစ်ကို ပြန်လည်ပြင်ဆင်ပေးဖို့လိုပါတယ် ၊ အခွန်အကောက်ကို လျှော့ကောက်မယ် ၊ လူထုကို အခွန်နဲ့ ပက်သက်ပြိးနားလည်အောင်ရှင်းပြမယ် ၊ လူတွေ အခွန်ပေးချင်လာအောင် တွန်းအားပေးမယ် ဆိုရင် ရောင်းတိုင်းဝယ်တိုင်းမှာ နိုင်ငံတော်လည်းအခွန်ရမှာဖြစ်သလို လုပ်ငန်းရှင်တွေလည်း ငွေလည်ပတ်သွားမှာဖြစ်ပါတယ် ၊။ အကျိုးဆက်ကဆောက်လုပ်ရေး လုပ်ငန်းတွေ ၊ အိမ်ခြံမြေ လုပ်ငန်းတွေမှာဒီထက်ပိုပြီး ရင်းနှီးမြုပ်နှံလာကြလို့ အလုပ်သမား ထောင်သောင်းနဲ့ ချီပြီးလည်း အလုပ်ဖြစ်လာမှာဖြစ်ပါတယ် ။

ဖွံ့ဖြိုးပြီး နိုင်ငံတွေ မဆိုထားနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် မြန်မာလုပ်ငန်းရှင် အများစုတွေက အရင်းအနှီး ၊ ဓနအင်းအား နည်းကြပါတယ် ၊ တစ်ချို့ လုပ်ငန်းရှင်တွေဆို မရှိရှိတာ စုဆောင်းပြီး တိုက်တစ်လုံးဆောက် ၊ အဲဒိတိုက်ရောင်းပြိး ပြန်ရမယ့် ငွေနဲ့ မှ နောက်ထပ် တစ်လုံးကို ဆက်ဆောက်ကြတဲ့ လူတွေ များပါတယ် ၊ လုပ်ငန်းတွေ မလည်ပတ်လို့ ဂျမ်းဖြစ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း အခုအချိန်မှာ မရေမတွက်နိုင်လောက်အောင်များပါတယ် ။

အခွန်အကောက်လည်း လျှော့မယ် ၊ ကွန်ဒိုနည်းဥပဒေ နဲ့ အဆောက်အအုံဆိုင်ရာ apartment law တွေပါ ထပ်ထွတ်လာမယ်ဆိုရင် ရပ်တန့်နေတဲ့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ရှင်သန်နိုးထလာမှာဖြစ်ပါတယ် ၊ ဒါတောင် နှစ်နှစ်ကျော် သုံးနှစ်နီးပါး အခြေအနေမကောင်းလို့ လုပ်ငန်းတွေ နားထားရတဲ့ အတွက် အရင်လို အရှိန်ပြန်ရဖို့တောင် လုပ်ငန်းရှင်တွေ တော်တော်လေး ရုန်းကန်ရမှာဖြစ်ပါတယ် ။ နိုင်ငံခြားသားဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ချို့ကတောင် ရီသလို မောသလိုနဲ့ ပြေတာကြားဖူးပါတယ် ၊ မြန်မာပြည်မှာ စီးပွားရေး လုပ်တက်ရင် တကမ္ဘာလုံး မှာ အလုပ်လုပ်လို့ရပြီလို့တောင်ပြောလာကြပါပြီ။

အိမ်ခြံမြေ ဈေးတွေ မဟားတရားတက်လို့ အခွန်တွေကိုတိုးကောက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်းအလုံးစုံတော့ မမှန်နိုင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ် ၊ အရင်အစိုးရလက်ထက် ၀န်ကြီးတစ်ပါးက အိမ်ခြံမြေဈေးတွေကို ကားဈေးတွေလို ထိုးကျအောင် လုပ်မယ်လို့ ကြုံးဝါးဖူးတာ စာစောင်တွေမှာဖတ်ဖူးပါတယ် ၊ အိမ်ခြံမြေ နဲ့ ကားလုပ်ငန်းတွေနဲ့ သဘောသဘာဝ မတူညီသလို လည်ပတ်ပုံနည်းစနစ်လည်း မတူကြပါဘူး ၊ ကားက ပြည်ပကနေ ကြို့သလောက်သွင်းလို့ရတဲ့ အတွက် ကားသွင်းတိုင်းအစိုးရက အခွန်ရသလို ပြည်တွင်းမှာလည်း ကားဈေးတွေ ကျသွားတာ အားလုံးအသိဘဲဖြစ်ပါတယ် ၊ အိမ်ခြံမြေ လုပ်ငန်းမှာကျတော့ မြေဆိုတဲ့အတိုင်း ကားတွေလို ထပ်တိုးချဲ့ဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါတောင် နောက်က အခြေခံ အဆောက်အအုံကို အပြည့်အစုံ လိုက်ထည့်နိုင်ဖို့ အင်မတန် ကြီးမားတဲ့ ငွေပမာဏကို ရင်းနှီးမြုပ်နှံထားရမှာဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံဖြစ်လာတဲ့ အတွက်လည်း အရင်အစိုးရ ခေတ်တွေကလို တွေ့ကရာ လယ်ကွင်း လက်ညိုးထိုးပြီး သိမ်းပြီး မြို့သစ်တည်ဖို့ ဆိုတာ ပိုပြီးတော့တောင် ခက်ခဲပါတယ် ။

အိမ်ခြံမြေ ဈေးကျအောင် ဖြေရှင်းစရာနည်းလမ်းတွေကလည်း ရှိပါတယ် ၊ အထပ်တွေကို အမြင့်ဆောက်မလား ၊ မြို့သစ်တွေချဲ့မယ်ဆိုရင်လည်း လယ်သမား တွေနဲ့ညှိလို့အဆင်ပြေရင် ရန်ကုန်ပတ်လည်မှာ
မြေဧက သိန်းနဲ့ ချီ အဆင်သင့်ရှိပါတယ် ၊ ဒါပေမယ့် အမှန်တကယ်လူနေထိုင်နိုင်တဲ့
အခြေခံ အဆောက်အအုံတွေကိုပါ တစ်ပါတည်းထည့်သွင်း
တည်ဆောက်ပေးမှ လူတွေသွားရောက်နေထိုင်ကြမှာဖြစ်ပါတယ် ၊ ဒါဆိုရင် အခြေခံအဆောက်အအုံ နည်းနည်းလေးကို
မှီခို အရောင်းအ၀ယ်လုပ်နေကြရလို့ မဟားတရားဈေးမြုင့်နေတဲ့ ပြည်တွင်းအိမ်ခြံမြေ ဈေးတွေလည်း အတိုင်းအတာတစ်ခု အထိ ကျဆင်းသွားမှာ သေချာပါတယ် ။ ဒါ့အပြင် လုပ်ငန်းရှင်တွေ အတွက် ရင်းနှီးမြုပ်နှံနိုင်မယ့် နယ်ပယ်ကို လည်း ထပ်ချဲ့ဖို့လိုပါတယ် ၊ ရွှေ ၊ ဒေါ်လာ ၊ မြေ နဲ့ စတော့ အနည်းငယ်လောက်ဘဲ ကစားကွက်ရှိတဲ့ အခြေအနေကနေ ကစားကွက်အသစ်အဆန်းတွေကို ဖန်းတီးပေးဖို့လိုပါပြီ ၊ ဒါမှလည်း မလိုအပ်ဘဲ နယ်ပယ်ကျဉ်းကျဉ်းမှာ စုပြုံရင်းနှီးမြုပ်နှံကြတဲ့ အန္တာရယ်ကနေ ကင်းလွတ်မှာဖြစ်ပါတယ် ။

အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မကောင်းလို့ အစိုးရလည်းအခွန်မရ ၊ လုပ်ငန်းရှင်လည်း ငွေကျပ် ၊ အလုပ်သမားလည်း ဒုက္ခေ၇ာက်တဲ့ သုံးဦးသုံးဖလှယ် ဒုက္ခဖြစ်ကြပါတယ် ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကလို လုပ်ငန်းရှင်က project ပြပြီး အလွယ်တကူ ဘဏ်က ချေးငွေရတယ့် အဆင့်ကို ချက်ခြင်း မရောက်နိုင်ဘူးဆိုတာ လည်းအားလုံးကနားလည်ထားကြပါတယ် ၊ နှစ်ပေါင်းများစွာ ပျက်စီးခဲ့ရတဲ့ တိုင်းပြည်ကို အသစ်တဖန် ပြန်လည်တည်ဆောက်ရတဲ့ အစိုးရ အတွက်လည်း အလုပ်များမှန်း အားလုံးက သိကြပါတယ် ၊ ဒါကြောင့်လည် အစိုးရလည်း အခွန်ရ ၊ လုပ်ငန်းရှင်ကော အလုပ်သမားတွေပါ အားလုံး အဆင်ပြေနိုင်ဖို့ အတွက် ဈေးကွက်ကို အင်ဂျက်ရှင်းလို့ ခေါ်တဲ့အားဆေးလေးတော့ ထိုးဖို့ အချိန်ရောက်ပါပြီ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service