ယခုဘဏ္ဍာနှစ်စမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၅၆၀ ရှိ လုပ်ငန်း ၂၄ ခု ၀င်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
906 Views

ယခုဘဏ္ဍာနှစ်စမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၅၆၀ ရှိ လုပ်ငန်း ၂၄ ခု ၀င်ရောက်လာ

၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ ဧပြီလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
၂၄ ခုဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
၅၆၀ ဒသမ ၇၀၆ သန်း ရှိတယ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၂၇၇ သန်း
စီးဝင်ခြင်း ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ
သီလ၀ါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ခွင့်ပြုခဲ့တဲ့အတွက်
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ
၆၇၅ ဒသမ ၇၇၇ သန်း စီးဝင်ခဲ့ခြင်းဖြစ်ပါတယ်။

ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ
အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၇ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်း၁၅ ခု ခွင့်ပြုခဲ့ပြီး စက်မှုလုပ်ငန်း ၁၂ ခု၊
မွေးမြူရေးနဲ့ ရေလုပ်ငန်း ၁ ခု၊ ၀န်ဆောင်မှုလုပ်ငန်း ၁ ခု၊
အိမ်ယာလုပ်ငန်း ၁ ခုတို့ ပါဝင်ပါတယ်။

အစည်းအဝေးအမှတ်စဉ် ၇/၂၀၁၇ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်း ၉ ခု ခွင့်ပြုခဲ့ပြီး စက်မှုလုပ်ငန်း ၆ ခု၊ ပို့ဆောင်ရေးနဲ့
ဆက်သွယ်ရေးလုပ်ငန်း ၁ ခု၊ ၀န်ဆောင်မှုလုပ်ငန်း ၁ ခုနဲ့
စိုက်ပျိုးရေးလုပ်ငန်း ၁ ခု တို့ ပါဝင်ပါတယ်။

ဧပြီလအတွင်း ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
၂၄ မှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်
အခွင့်အလမ်း ပေါင်း တစ်သောင်းကျော်
ဖန်တီးပေးနိုင်ပါတယ်။

ဧပြီလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
၁၄ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
၁၈၆ ဒသမ ၆၄၇ သန်း အပါအ၀င် ကျပ် (၃၆၆,၁၇၂
ဒသမ ၆၂၅) သန်း ရှိပါတယ်။ ပြည်တွင်းလုပ်သားများ
အတွက် အလုပ်အကိုင်အခွင့်အလမ်း ၂၄၀၀ ကျော်
ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service