၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း - Property Knowledge in Myanmar from iMyanmarHouse.com
1974 Views

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း

Knowledge | Posted by Si Thu Aung

ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းကို နှစ်စဉ် ထုတ်ပြန်နိုင်ဖို့ အမြဲတမ်း မှတ်တမ်းတွေ ထားရှိ မှတ်သား ထားသလို အဲဒီထဲကမှ တနှစ်တာအတွင်း ဘယ်သူက ဘယ်လောက် ပိုမို ချမ်းသာလာတယ်၊ ဘယ်သူက တိုးတက်မှု အား နည်းသွားတယ်၊ ဘယ်သူက ဘယ်သူ့ကို ကျော်တက်ပြီး ပိုမို ချမ်းသာလာတယ်ဆိုတာတွေကို စောင့်ကြည့်ပြီး အခုလို စာ ရင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ၂၀၁၆ ခုနှစ်ကနေ အခုနှစ်အတွင်း ဘီလီယံနာဦးရေ တိုးတက်နှုန်းဟာ အလျင်အမြန် ခုန်တက်လာ ခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ် အတွင်း ကမ္ဘာနဲ့အဝှမ်း ဘီလီယံနာ ၁၈၁၀ပဲ ရှိရာကနေ အခုနှစ်မှာတော့ ၂၀၄၃ဦး ထိအောင် ရှိလာတာ ကြောင့် ၁၃ ရာခိုင်နှုန်းထိအောင် မြင့်တက်လာတာ ဖြစ်သလို ကမ္ဘာမှာ သူဌေးတွေ ပေါများလာခြင်းကလည်း ကောင်းသော တိုးတက်ခြင်း တခုပါပဲ။

အခု ကျနော်တို့ကတော့ အချမ်းသာဆုံး လူ ၂၀၀၀ လောက်ကို သေချာ လေ့လာပြီး အခုစာရင်းကို ထုတ်ပြန်တာ ဖြစ်သလို သူတို့အားလုံးရဲ့ချမ်းသာမှု စုစုပေါင်းက ဒေါ်လာ ၇.၆၇ ထယီလီယံထိအောင် ရှိလာလို့ အရင်နှစ်ကထက် ဘီလီယံနာ တိုး တက်နှုန်းက ၁၃ ရာခိုင်နှုန်း ဆိုပေမယ့် ငွေကြေးပိုင်ဆိုင်မှု တိုးတက်နှုန်းကတော့ ၁၈ ရာခိုင်နှုန်း ထိအောင် ရှိခဲ့တာပါ။

တနှစ်အတွင်း ဘီလီယံနာ ၂၃၃ယောက် တိုးလာတယ်။ ဒါဟာ Forbes ကနေ နှစ်စဉ် အချမ်းသာဆုံးစာရင်း ထုတ်ပြန်ဖို့ လေ့လာ၊ ထုတ်ပြန်ခဲ့တဲ့
၃၁ နှစ်တာ ကာလအတွင်း တနှစ်အတွက် ဘီလီယံနာ
တိုးတက်နှုန်း အများဆုံး ဖြစ်လာခဲ့တာပါ။

အခုနှစ်အတွက်လည်း ပြီးခဲ့တဲ့ ၃နှစ်ကတည်းက ကမ္ဘာ့ အချမ်းသာဆုံး
အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ နာမည်ကျော် Microsoft ရဲ့ သူဌေးကြီး Bill Gates ကပဲ လေးနှစ်ဆက် ကမ္ဘာ့အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ သူ့ရဲ့ ချမ်းသာမှုက ၂၃ နှစ်တာ ကာလအတွင်း ကမ္ဘာ့အချမ်းသာဆုံး လူ ၁၈ ယောက်ရှိခဲ့တဲ့ အထဲမှာလည်း အားလုံးထဲမှာ ပိုင် ဆိုင်မှု အများဆုံး ဖြစ်နေခဲ့တာပါ။

အရင်နှစ်က ဘီလီယံ ဒေါ်လာ ၇၅သန်း ပိုင်ဆိုင်ရာကနေ အခုနှစ်မှာတော့ ၈၆ သန်း ပိုင်ဆိုင်မှု ရှိလာခဲ့ပါတယ်။ ဒါဟာ အရင်ကတည်းက ကြွယ်ဝမှုရဲ့ ရလဒ် ဖြစ်ပေမယ့် တနှစ်အတွင်း ပိုင်ဆိုင်မှု တိုးတက်နှုန်းမှာတော့ Bill Gates က အများ ဆုံး မဟုတ်သေးပါဘူး။

နံပတ်(၂)နေရာမှာတော့ တနှစ်အတွင်း ဒုတိယဝင်ငွေအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Warren Buffett က တနှစ် ဝင်ငွေ ၁၄.၈ ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်းပိုင်ဆိုင်မှု ၇၅.၆ ဘီလီယံ ရှိလို့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ဒုတိယနေရာ ရပ် တည်နေနိုင်တာ တွေ့ရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၃)နေရာကို ရောက်လာတဲ့ Amazon ရဲ့ သူဌေးကြီး Jeff Bezos က တနှစ်အတွင်း ဝင်ငွေ ၂၇.၆ ဘီလီယံ ရှိလာခဲ့ပြီး စုစုပေါင်း အခုနှစ်မှာ ၇၂.၈ ဘီလီယံ ချမ်းသာပြီး တတိယနေရာ ရောက်လာပါတယ်။

စပိန် အဝတ်အထည်လုပ်ငန်း Zara ရဲ့ ပိုင်ရှင် Amancio Ortega ကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းက ဝင်ငွေ ၄.၃ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၇၁.၃ဘီလီယံနဲ့ နံပါတ်(၄)နေရာမှာပါ။

ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၅)နေရာမှာတော့ လက်ရှိ လူကြိုက်များတဲ့ လူမှုကွန်ရက် Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က ပိုင်ဆိုင်မှု ၅၆ ဘီလီယံနဲ့ ရပ်တည်နေပါတယ်။

အခြား အချမ်းသာဆုံး ပုဂ္ဂိုလ်များကတော့ Carlos Slim Heluက ၅၄.၅ ဘီလီယံနဲ့ နံပါတ်(၆)၊ Larry Ellison က ပိုင်ဆိုင်မှု ၅၂.၂ဘီလီယံနဲ့ နံပါတ် (၇)၊ Charles Koch နဲ့ David Koch တို့က ပိုင်ဆိုင်မှု ၄၈.၃ဘီလီယံနဲ့ ပူးတွဲနံပါတ် (၈)၊ Michael Bloomberg က ပိုင်ဆိုင်မှု ၄၇.၅ ဘီလီယံနဲ့
ကမ္ဘာ့အချမ်းသာဆုံး နံပါတ်(၁၀)တွေ အဖြစ် ရပ်တည်နေတာ
တွေ့ရပါတယ်။

ဘီလီယံနာသစ်တွေထဲမှာ တရုတ်ပြည်မကြီးကနေ အများဆုံး တိုးတက်လာတာ တွေ့ရပြီး တိုးတက်လာတဲ့ ဘီလီယံနာ အားလုံးထဲက ၇၆ ယောက်ထိအောင် တရုတ်က ဖြစ်သလို ဒုတိယနေရာမှာတော့
အမေရိကန်က ၂၅ ဦး တိုးလာတာ ဖြစ် ပါတယ်။

ဘီလီယံနာတွေထဲမှာ အသက် ၄၀အောက် ဘီလီယံနာ ၅၆ ဦးပဲ ပါလာပြီး အရင်နှစ်က ၆၆ ဦး ပါဝင်မှုထက်တော့ နည်းပါး ခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်ပြီး ကြီးပွားချမ်းသာလာတဲ့ အမျိုးသမီး ဘီလီယံနာ ၁၅ ဦး ပါရှိနေတယ် လို့ သိရသလို တရုတ်နိုင်ငံက ၁၀ ဦးနဲ့ ဗီယက်နမ်က Nguyen Thi Phuong Thao တို့ ပါရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းမှာ မွေးပြီး ငယ်စဉ်ကတည်းက အမေရိကန်မှာ အခြေချပြီး SHI လုပ်ငန်းလုပ်ကိုင်နေတဲ့ Thai Lee လည်း ဘီလီယံနာ စာရင်းမှာ ပါလာခဲ့ပါတယ်။ အခု တကမ္ဘာလုံးက ဘီလီယံနာ စာရင်းမှာ အမျိုးသမီး ဘီလီယံနာ ၂၂၇ ဦး ပါရှိတာ တွေ့ရပြီး ဒီထဲက ၁၀ ဦးကတော့ သူတို့ရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် ဆွေးမျိုးသားချင်းတွေနဲ့အတူ လုပ်ငန်းပူးတွဲတည်ထောင်လုပ် ကိုင်ချမ်းသာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံအလိုက် ချမ်းသာမှုအများဆုံး စာရင်းမှာတော့ အမေရိကန်ကပဲ ဦးဆောင်နေဆဲ ဖြစ်ပြီး အရင်နှစ်က ၅၄၀ ဦး ရှိရာ ကနေ အခုနှစ်မှာ ၅၆၅ ဦး ထိ ရှိလာခဲ့ပါတယ်။

တရုတ်က ၃၁၉ ဦး၊ ဟောင်ကောင်က ၆၇ ဦး၊ မကာအိုက ၁ ဦး၊ ဂျာမနီက ၁၁၄ ဦး၊ အိန္ဒိယက ပထမဆုံး ဦးရေ ၁၀၀ ကျော် ဘီလီယံနာ ဖြစ်လာပြီး အခုနှစ်မှာ ၁၀၁ ဘီလီယံနာထိအောင် ရှိလာခဲ့တာ တွေ့ရပါတယ်။

အရင်နှစ်စာရင်းမှာ ပါဝင်သူတွေထဲက ၇၈ဦးကတော့ အခုစာရင်းမှာ ဆက်လက် ပါဝင်လာတော့ခြင်း မရှိဘဲ တရုတ်က ၃၃ ဦး၊ အမေရိကန်က ၇ ဦး၊ အခြား ၉ ဦးတို့ဟာ ရှယ်ယာလုပ်ငန်းတွေ ခွဲဝေလိုက်ခြင်း၊ အမွေကဲ့သို့ ခွဲဝေလိုက်ခြင်းတွေကြောင့် ဘီ လီယံနာတွေဖြစ်နေသည့်တိုင်အောင် ပိုင်ဆိုင်မှုကို အတည်ပြုသတ်မှတ်လို့ မရတော့တာကြောင့် အခုစာရင်းမှာ ထည့်မတွက် တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ နှစ်အတွင်းက ဘီလီယံနာ ၂၀ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့ထဲမှာ Enterprise ကား အငှားလုပ်ငန်းတည်ထောင်သူ Jack Taylorနဲ့ Michael Ilitch လို ပုဂ္ဂိုလ်မျိုးတွေ ကွယ်လွန်သွားကြတာလည်း ဖြစ်ပါ တယ်။

Credit: irrawaddy
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း - Property Knowledge in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း - Property Knowledge in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း - Property Knowledge in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်း - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service