၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင် - Property Knowledge in Myanmar from iMyanmarHouse.com
5088 Views

၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင်

Knowledge | Posted by Shwe Zin Win

သူနာမည်ကတော့ Brennan Agranoff ဖြစ်ပြီး အသက် ၁၇နှစ်သာရှိသေးတဲ့ Oregon ပြည်နယ်က ကုမ္ပဏီလုပ်ငန်းရှင်တစ်ယောက်ပါ။ သူဟာ အသက် ၁၃ နှစ်သား အရွယ်ကတည်းကကုမ္ပဏီထောင်ပြီး စီအီးအို ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကုမ္ပဏီကတော့ HoopSwagg လို့ခေါ်တဲ့ ခြေအိတ်တွေ
ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

၁၇ သား Agranoff ဟာ သူ့ရဲ့ နေ့ရက်တွေကို ကျောင်းတက်ရင်း၊
အိမ်မှုဝေယျာဝစ္စတွေ လုပ်ရင်း၊ သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းထုတ်
ခြေအိတ်ထုတ် လုပ်ငန်းကို ဦးစီးရင်း ဖြတ်သန်းနေသူဖြစ်ပါတယ်။
ခုချိန်မှာ HoopSwagg ရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်နေပြီး
လေးနှစ်အတွင်း သူ့ကုမ္ပဏီဟာလည်း ခြေအိတ်တွေ ဒေါ်လာ
၁ သန်း (စတာလင်ပေါင် ၇၈၀,၂၁၃) ကျော်ဖိုးထိ ရောင်းချ
ထားနိုင်ပြီး ဖြစ်ပါတယ်။

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်လောက်က
၎င်းဟာ ဘတ်စ်ကတ်ဘော ပွဲတစ်ပွဲကို သွားကြည့်တဲ့အခါမှာ
ကစားသမားတွေရဲ့ ခြေအိတ်တွေက အားလုံး အဖြူရောင်
ဆင်တူတွေ ဖြစ်နေတာ သူသတိထားမိခဲ့ပါတယ်။
အဲဒီအချိန်မှာ ခြေအိတ်တွေကို အရောင်တွေထည့်ပြီး ထုတ်ရင်
ဘယ်လိုနေမလဲလို့ သူအတွေးဝင်ခဲ့ပြီး တကယ်တမ်းလုပ်ဖို့လည်း
ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအကြောင်း သူ့မိဘတွေကို ပြောပြတော့
သူ့မိဘတွေက အရင်းအနှီးဆိုပြီး ဒေါ်လာ ၃,၀၀၀
(ပေါင် ၂,၃၄၀) ထုတ်ပေးပါတယ်။အဲဒီလုပ်ငန်းလုပ်မယ်ဆိုတဲ့ အတွေးရပြီးကတည်းက သူဟာ
ခြောက်လအချိန်ယူပြီး သူ့လုပ်မယ့်အလုပ်အတွက် သုတေသန
လုပ်ခဲ့ပြီး နောက်ဆုံး သူဟာ ဂိုဒေါင်ထဲမှာ သူ့လုပ်ငန်းကို
တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုလုပ်တဲ့အခါမှာ သူဟာbrandကြီးတွေက
ခြေအိတ်အဖြူရောင်တွေကို ၀ယ်လိုက်ပါတယ်။ ပြီးတော့
ကာလာအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးကို customerတွေစိတ်ကြိုက်
ရိုက်နှိပ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ မူပိုင် ဒီဇိုင်းကို
ဖန်တီးဖို့ အပူဖိစက်နဲ့ ဖိပြီး ထုတ်ခဲ့ပါတယ်။
လုပ်ငန်းစလုပ်ပြီး ဆိုရှယ်မီဒီယာအသုံးပြုမှုကြောင့်လည်း
သူ့ရဲ့လုပ်ငန်းပေါက်ရောက်မှုကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

အခုဆိုရင်သူ့လုပ်ငန်းမှာက သူ့အမေလည်း တွဲဘက်လုပ်ငန်းရှင်အဖြစ်
ရှိနေပြီး အခြား အချိန်ပိုင်း ၀န်ထမ်း ၁၇ ဦးကိုလည်း
ခန့်ထားလျက်ရှိပါတယ်။သူထုတ်လုပ်နေတဲ့ ခြေအိတ်တွေကိုတော့ သူ့ရဲ့ကိုယ်ပိုင်ဝက်ဆိုဒ်အပြင် Amazon ၊ etsy နဲ့ eBay တို့ကနေတဆင့်
ရောင်းချနေလျက်ရှိပါတယ်။ အနာဂတ်မှာလည်း
သူ့ထုတ်ကုန်တွေကို လက်လီဆိုင်တွေအားလုံးမှာ
မြင်တွေ့ရမယ်လို့ သူမျှော်လင့်နေလျက်ရှိပါတယ်။

Credit: SFJ Strategy First
၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင် - Property Knowledge in Myanmar from iMyanmarHouse.com
၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင် - Property Knowledge in Myanmar from iMyanmarHouse.com
၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင် - Property Knowledge in Myanmar from iMyanmarHouse.com
၁၃ နှစ်သားကတည်းက ကုမ္ပဏီထောင် စီးအီးအိုဖြစ်လာပြီး အောင်မြင်နေပြီဖြစ်တဲ့ ၁၇ အရွယ် လုပ်ငန်းရှင် - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service