ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် လျှောက်လွှာခေါ်မည် - Property News in Myanmar from iMyanmarHouse.com
56464 Views

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် လျှောက်လွှာခေါ်မည်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် မေလ ၂ ရက်နေ့ တွင် လျှောက်လွှာ စခေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ လေးခန်းတွဲ ရှစ် ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်းပေါင်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းများ သာမ က မိသားစု လစဉ်ဝင်ငွေ သုံးသိန်းရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း၊ေ လျှာက်လွှာ တစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် အင်ဂျင်နီယာဌာန (အဆော က်အအုံ) မြေညီထပ်တွင် ဝယ်ယူကာ ဇွန်လ ၂ ရက်နေ့အတွင်း လျှောက် ထားရမည်ဖြစ်ကြောင်း ယင်းဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြား သည်။

“ဗိုလ်ဗထူး အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ကို ၂၀၁၅ ဒီဇင်ဘာမှာ စ တယ်။ စီမံကိန်းကာလက သုံးနှစ်ကြာမြင့်မှာပါ။ တိုင်းအစိုးရအဖွဲ့ အစီအ စဉ်နဲ့ ပြည်သူလူထုကို ကြိုရောင်းပေးတာ။ စည်ပင်က ရောင်းတဲ့ ဗိုလ်ဗထူး (ပထမအဆင့်)နဲ့ ဗိုလ်မင်းရောင်တိုက်ခန်း ရပြီးသူတွေ လျှောက်လို့ မရပါ ဘူး” ဟု ၎င်းက ရှင်းပြသည်။

တိုက်ခန်းဝယ်ယူ လျှောက်ထားသူများအနေနှင့် အစိုးရဝန်ထမ်းဖြစ်ပါက လုပ် သက် အနည်းဆုံး ၂၀ နှစ် ရှိရမည်ဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြ စ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက် ပါရှိရမည်
ဖြစ်ကာ ပြင်ပမှ လျှောက်ထားသူများအနေနှင့် နိုင်ငံသား မှတ်ပုံတင် ကိုင်ေ ဆာင်သူ (အိမ်ထောင်ဦးစီး) ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာဝယ်သူနှင့် တင် သွင်းသူ တစ်ဦးတည်းဖြစ်ရမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆော က်အအုံ) ထံ မှ သိရသည်။

အဆိုပါ တိုက်ခန်းများကို အရစ်ကျ (သို့) ဘဏ်ချေးငွေဖြင့် ရောင်းချပေး မည်ဖြစ်ရာ တိုက်ခန်း ဝယ်ယူခွင့်ရသူများသည် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာ ခိုင်နှုန်းကို ဝယ်ယူခွင့်ရရှိပြီး နှစ်လအတွင်း အပြီးပေးချေရမည်ဖြစ်ကာ သတ် မှတ်ကာလအတွင်း ငွေပေးသွင်းခြင်း မရှိသည့် အခန်းများ၏ ဝယ်ယူခွင့်ကို ပယ်ဖျက်၍ မဲနှိုက်ထားသည့် အရန်စာရင်းအတိုင်း ရောင်းချမည် ဖြစ်သည်။

စတုရန်းပေ ၉၂၇ ရှိ အခန်း ၅၇၀ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၃၇၇ သိန်း၊ စတုရန်းပေ ၈၇၇ ပေရှိ အခန်း ၃၈ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၃၅၉ သိန်း၊ စတုရန်းပေ ၆၁၄ ပေရှိ အခန်း ၂၄၀ ခန်းအတွက် တစ်ခန်းလျှင် ကျပ် ၂၈၅ သိန်း၊ စတုရန်းပေ ၅၆၅ ပေရှိ အခန်း ၁၆ ခန်းအတွက် တစ်ခန်း လျှင် ကျပ် ၂၆၇ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service