နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
2442 Views

နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင်

Knowledge | Posted by Aye Myat Thu

မြေဈေးကြီးမြင့်လှတဲ့ ရန်ကုန်မြို့မှာ နေထိုင်နေသူတွေအတွက် အိမ်ခန်းရဲ့
အကျယ်အဝန်း တစ်စတုရန်းပေတိုင်းက ဈေးနှုန်း မြင့်မားလှပါတယ်။ ဈေးနှုန်း
အများအပြား ပေးရပြီး ဝယ်ထားတဲ့ သို့မဟုတ် ငှားရမ်းထားတဲ့ အိမ်ခန်း အ တွင်းမှာ အသုံးမပြုရသေးတဲ့ နေရာလွတ်တွေ ထားရတာက အင်မတန် မှ နှမြောစရာ ကောင်းလှတဲ့အတွက် အိမ်အတွင်းမှာ အသုံးမပြုဘဲ ထား တဲ့ နေရာအလွတ်တွေကို အကျိုးရှိအောင် အသုံးပြုသင့်ပါတယ်။

ရန်ကုန်မြို့လယ်ကောင်မှာ တိုက်ခန်းပျမ်းမျှ အငှားဈေးနှုန်းနဲ့ တွက်ချက် ကြည့်ရင် တစ်စတုရန်းပေကို တစ်လ နှစ်သောင်းကျော်ခန့် ဈေးနှုန်း ရှိတဲ့အ တွက် အိမ်အတွင်းမှာ အသုံးမပြုဘဲ ထားရတဲ့ မြေနေရာလွတ်တွေကို အကျိုး ရှိအောင် နေရာချထားသင့်ပါတယ်။ ဥပမာဖိနပ်ဗီရိုကို အိမ်အတွင်းမှာ တစ်ခု သီးသန့်ထားမယ့်အစား လှေကားနားမှာပဲ ထားနိုင်တဲ့ ဖိနပ်ဗီရိုမျိုး အသုံးပြု သင့်ပါတယ်။

မွန်းကျပ်လှတဲ့ မြို့ပြပတ်ဝန်းကျင်က တိုက်ခန်းငယ်လေးတွေမှာ နေထိုင်သူ အများစုက နေအိမ်တွင်းမှာ မနေထိုင်လိုကြဘဲ အားလပ်ချိန်ရှိတိုင်း အပြင် ထွက်လည်လိုကြတာက နေထိုင်ရာ တိုက်ခန်းလေးတွေက နေချင်စဖွယ် မြ ဖစ်လို့ပါပဲ။ အိမ်က မိသားစုတွေ နေအိမ်တွင်းမှာပဲ ပျော်ရွှင်နှစ်ခြိုက်စွာ အ နားယူနိုင်ဖို့ အလှဆင်ပစ္စည်းတွေကို အသုံးပြုပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်ခန်းလေးဖြစ်အောင် ဖန်တီးဖို့ ဒီဇိုင်း စတူရီယို တည်ထောင်သူနဲ့ ဒါရိုက်တာ အိမ်အတွင်း အလှဆင်ဒီဇိုင်နာ ဦးသန့်စိုးဦး အကြံပြုထားတဲ့
လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဝေမျှ ပေးလိုက်ပါတယ်။

အိမ်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ မတူညီတဲ့ ခံစားမှုတွေ ရရှိစေဖို့ အိမ်တစ်ခု လုံးကို တူညီတဲ့ အိမ်သုတ်ဆေးရောင် တစ်ရောင်တည်း အသုံးပြုခြင်းထက် အခန်းတစ်ခန်းကို သင့်တော်တဲ့ ဆေးရောင်တစ်ရောင်စီ ရွေးချယ် သုတ်သင့် ပါတယ်။ ဧည့်ခန်းအတွက်ဆိုရင်တော့ ရွှင်လန်း တက်ကြွမှု ဖြစ်စေနိုင်တဲ့ အပြာရောင်၊ ခရမ်းရောင်နဲ့ ရွှေဝါရောင် ဆေးလေးတွေကို ရွေးချယ် သင့်ပါ တယ်။ အိပ်ခန်းဆိုရင်တော့ အရောင်နုလေးတွေနဲ့ ပိုသင့်တော်ပြီး အထူး သဖြင့် ပန်းနုရောင်နဲ့ လိုက်ဖက်ပါတယ်။ ထမင်းစားခန်းအတွက်တော့ အဝါရောင်၊ အဖြူရောင်နဲ့ အစိမ်းနုအရောင်လေးတွေက သင့်တော်ပါတယ်။

အခန်းတစ်ခန်းအတွင်းမှာလည်း ဆေးရောင် နှစ်ရောင် သို့မဟုတ် သုံးေ ရာင် ရောနှောပြီး ဆေးသုတ် အလှဆင်ခြင်းကလည်း နေထိုင်သူတွေကို အမြင်ဆန်းစေမှာ ဖြစ်ပြီး သဘောကျ နှစ်သက်ဖွယ် မြင်ကွင်းမျိုး ရရှိခံစားနို င်မှာ ဖြစ်ပါတယ်။ အရင်က အခန်းတစ်ခန်းစီတိုင်းမှာ အိမ်သုတ်ဆေးရောင် တစ်ရောင်တည်း အသုံးပြုခြင်းထက် အခုအချိန်မှာတော့ အခန်း
တစ်ခန်းတည်းမှာကို အရောင်သုံး၊ လေးရောင် ရောစပ် အလှခြယ်တာတွေ ပိုမိုခေတ်စားလာပါတယ်။ အခန်းတွင်းမှာ နေထိုင်မယ့်သူရဲ့ အသက်အ ရွယ်ပေါ် မူတည်ပြီး လိုက်ဖက်တဲ့ အရောင်မျိုးတွေ ရွေးချယ် အလှဆင်ပေး သင့်ပါတယ်။ အခုအချိန်မှာ အလွယ်တကူ ဝယ်ယူနိုင်ပြီဖြစ်တဲ့ နိုင်ငံခြားဖြစ် အိမ်တွင်း အလှဆင်ရာမှာ အသုံးပြုတဲ့ နံရံကပ် ပိုစတာတွေကလည်း သင့် အိမ်ကို မယုံနိုင်လောက်အောင် မြင်ကွင်းဆန်းကြယ် သွားစေဖို့ ကူညီနိုင် မှာ ဖြစ်ပါတယ်။

အိမ်ခန်းအလှပြင်ဆင်တဲ့အခါ သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အတွက် အိမ် ခန်းတစ်ခန်းလုံးမှာ ရွေးချယ်အလှဆင်ထားတဲ့ အရောင်တွေနဲ့ အိမ်အတွင်း မှာ အလှဆင်ထားတဲ့ မီးရောင်အသုံးပြုမှုတွေ သဟဇာတဖြစ်ဖို့ လိုပါတယ်။ ကာလာသီအိုရီကို ဦးစားပေးပြီး အလင်းဒီဇိုင်းကို စဉ်းစားရင် လိုက်ဖက်ညီ တဲ့ အရောင်လေးတွေရှိတဲ့ နှစ်သက်ချင်စဖွယ် အခန်းလေးတွေကို နေ့ပိုင်း သာမက ညပိုင်းမှာပါ နှစ်သက်ခံစားနိုင်မှာ ဖြစ်ပါတယ်။


Credit: Myanmar Time
နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင် - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Upcoming Property Events

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service