အခွန်တံဆိပ်ခေါင်း မရှိသေးသော်လည်း ရွှေဆိုင်အချို့ အခွန်ကောက်ယူနေ - Property News in Myanmar from iMyanmarHouse.com
3831 Views

အခွန်တံဆိပ်ခေါင်း မရှိသေးသော်လည်း ရွှေဆိုင်အချို့ အခွန်ကောက်ယူနေ

ရွှေထည်အခွန် ကောက်ခံရန် အခွန်တံဆိပ်ခေါင်းများကို ရွှေဆိုင်များသို့ ဖြန့်
ဝေထားမှု မရှိသေးသော်လည်း ရန်ကုန်မြို့တွင်း ရှိ ရွှေဆိုင်အချို့တွင် ရွှေ ထည်အခွန် ကောက်ယူမှုများ ရှိနေကြောင်း ပြည်တွင်း ရွှေဆိုင်ပိုင်ရှင်များထံ
မှ သိရသည်။

ရွှေထည်အခွန်များကို ဧပြီ ၁ ရက်နေ့မှ စတင်ကောက်ခံမည်ဟု ကြေညာ ထားသော်လည်း တံဆိပ်ခေါင်းများ မရရှိသေး၍ ရွှေထည်အခွန် မကောက် ခံသေးသော်လည်း ရန်ကုန်မြို့အတွင်းရှိ ရွှေဆိုင်အချို့တွင် တံဆိပ်ခေါင်း မ ကပ်ဘဲ အခွန် ကောက်ခံနေကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်ေ အာင်က ပြောသည်။

ကိုဇော်အောင်က “အခုချိန်ထိ အခွန်တံဆိပ်ခေါင်းတွေ မပြီးတော့ မေ ကာက်တဲ့ဆိုင်က မကောက်၊ ကောက်တဲ့ဆိုင်က ကောက်နေပြီ။ ကျနော်တို့ ဆိုင်တွေ မကောက်သေးပါဘူး။ မကောက်တဲ့ဆိုင်က အများစု ဖြစ်ပါတယ်။ အခုကောက်နေတဲ့ ဆိုင်တွေက ဥပမာ ရွှေထည် ကျပ် ၅ သိန်းဖိုး လာလုပ် တယ်။ ဘောင်ချာမှာ ၅ သိန်း ၅ ထောင် ကျပ် ရေးပြီး အခွန်တံဆိပ် ခေါင်း မကပ်ဘဲ ကောက်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေထည်အခွန် ကောက်ယူရာတွင် ကျပ် ၁ သိန်းဖိုး ဝယ်ယူလျှင် ၁ ထောင် ကျပ်တန် အခွန်တံဆိပ်ခေါင်း၊ ကျပ် ၅သိန်းဖိုးခန့် ဝယ်ယူလျှင် တံဆိပ်ခေါင်း ၅ ထောင်ကျပ်တန် နှင့် ကျပ် ၁၀ သိန်းဖိုးခန့် ဝယ်ယူလျှင် ကျပ် ၁ သောင်း တန် အခွန် တံဆိပ်ခေါင်း ကပ်၍ အခွန်ဆောင်ရမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ရွှေထည် ဝယ်ယူသူများကို ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့မှ စတင်ပြီး အခွန် ၁ ရာခိုင်နှုန်း ကောက်ယူမည်ဟု ကြေညာ ထားသော်လည်း တံဆိပ်ခေါင်း များ ရိုက်နှိပ်မှု မပြီးသေးသောကြောင့် မေလဆန်းပိုင်းမှသာ ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ရွှေထည်များ အခွန်ကောက်ခံခြင်းကို ၁၉၉၀ ခုနှစ်မှ စတင်၍ ယခင်ပြဋ္ဌာန်း ထားသော အကောက်ခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှု န်း ကောက်ခံခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် ပြည်ထောင်စု အကောက်ခွန် ဥပဒေ အရ ရွှေထည်အခွန် ၁ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်း ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွဋ်က ” ဒီလကေ တာ့ အရင်ကောက်သလိုပဲ ကောက်ထားပေးရမှာ။ မေလထဲလောက်မှ တံ ဆိပ်ခေါင်း ကပ်ရမှာ ဖြစ်တယ်။ တံဆိပ်ခေါင်းခွန် အမြင့်ဆုံးက ကျပ် ၁ေ သာင်းတန် ဖြစ်ပါတယ်။ တံဆိပ်ခေါင်း ၅ ထောင်တန်လည်း ပါတယ်။ အစား စား ဖြစ်ပါတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် ရွှေဆိုင်ပိုင်ရှင် တဦးက ” ကျေ န်ာတို့ ရွှေကုန်သည်တွေက တနှစ်ပြည့်တာနဲ့ ကောက်ထားသည်ဖြစ်စေ၊ မကောက်ထားဘူးဖြစ်စေ အခွန်ဆောင်ရတာပဲ။ ဥပဒေအရ ဆိုရင်တော့ အ ရင်ကတည်းက ဝယ်သူက အခွန်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ် သူမှ မကောက်ကြတာပါ” ဟု ရှင်းပြသည်။

ယနေ့ ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၀၈၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service