အိမ်ခြံမြေရောင်းဝယ်မှုများ အခွန်ဆောင်ရမည့် တစ်ပေပတ်လည် နှုန်းထားအသစ်များ ပြင်ဆင်မည် - Property News in Myanmar from iMyanmarHouse.com
1799 Views

အိမ်ခြံမြေရောင်းဝယ်မှုများ အခွန်ဆောင်ရမည့် တစ်ပေပတ်လည် နှုန်းထားအသစ်များ ပြင်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှုများပြုရာတွင် အခွ န်ပေးဆောင်ရမည့် တစ်ပေပတ်လည်နှုန်းထား သတ်မှတ်ဈေးနှုန်းများကို ယ ခု ဘဏ္ဍာနှစ်တွင် အသစ်ပြင်ဆင်နိုင်ရန် လက်ရှိ မြေပြင်ဈေးနှုန်းများကို စတ င်ကောက်ခံနေပြီ ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန လက်ထော က်ညွှန်ကြားရေးမှူး ဦးထင်အောင်လင်းက ပြောသည်။

''စံနှုန်း ပြန်ပြင်ဖို့ ရှိတယ်။ ပြန်ပြင်ဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် အချက်အလက်တွေ စကောက်နေပြီ၊ မြို့နယ်အခွန်ရုံးတွေက တစ်ဆင့် မြေ ပင်က လက်ရှိ ကာလ ပေါက်ဈေးတွေကိုကောက်ခံပြီး ကျွန်တော်တို့ဌာနက ဘုတ်အဖွဲ့အစည်အဝေးထိုင်ပြီး သတ်မှတ်လိုက်တဲ့ နှုန်းတွေကို တိုင်းဒေသ ကြီးအစိုးရကို တင်ပြသွားပါမယ်''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်သူများက ဝင်ငွေခွန် ပေးဆောင်ရန် လက်ရှိ သတ်မှတ်ထားသည့် မြို့နယ်အလိုက်၊ လမ်းအလိုက် တစ်ပေပတ်လည် နှုန်း ထားများတွင် မရမ်းကုန်းမြို့နယ် (မေခနှင့် မလိခလမ်း) များတွင် တစ်ပေ ပတ်လည်နှုန်း ကျပ် ၁၃၅,ဝဝဝ သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ် (ပြည် လမ်းပေါ်ရှိ) တစ်ပေပတ်လည်နှုန်းများကို ကျပ် ၂၇၅,ဝဝဝ သတ်မှတ်ထား သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေဈေးများကို ၂ဝ၁၃ ခုနှစ်မှ စတင် ကာ ကာလပေါက်ဈေးနှင့်ချိန်ညှိ၍ ထိုသို့ တန်ဖိုးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေ ဝယ်ယူ၊ရောင်းချသူများက အခွန်ဆောင်ရာတွင် အဆိုပါ သတ်မှ တ်ထားသည့်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်သည့် ပမာဏအလိုက် ဝင်ငွေ ခွန်ကျသင့် ပေးဆောင်ရမည် ဖြစ်သည်။

''တကယ်ဆို အခွန်က စံနှုန်းတွေ သတ်မှတ်ဖို့မလိုဘူး။ ဒါပေမဲ့ အခွန်ရှောင် တဲ့သူတွေ များလို့သာ စံနှုန်းတွေ သတ်မှတ်ပေးရတာ။ ဝင်ငွေခွန်ဥပဒေအရ သူတို့ရဲ့ အရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုးပေါ်မှာပဲ ဆောင်ရမှာ၊ ဒါပေမဲ့ သူတို့ က အရောင်းအဝယ်ဖြစ်တဲ့ အပေါ်မှာ အခွန်မဆောင်တော့ အစိုးရဘက်က စံနှုန်း သတ်မှတ်ပေးလိုက်ရတာ''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အခွန်ဆောင်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းနှင့် ပေးဆောင် ရန် ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် နှစ်စဉ် ကာလပေါက်ဈေးဖြင့် ပြန် လည် ညှိနှိုင်းကာ အသစ် သတ်မှတ်သော်လည်း ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အစိုးရအပြောင်းအလဲကြောင့် စံနှုန်းအသစ် မသတ်မှတ်ဖြစ်ခဲ့ပေ။

''အခုလောလောဆယ်တော့ အိမ်ခြံမြေအခွန်ဆောင်ရင် ၂ဝ၁၄ က စံနှုန်း နဲ့ ဆောင်နေတယ်။ နှစ်နှစ်ကျော်ရှိပြီ။ မနှစ်က မပြင်ခဲ့ဖြစ်ဘူး၊ အစိုးရ အပြောင်းအလဲမှာ။ ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ မနှစ်က လည်း နှုန်းထားတွေ ကောက်ပြီးအသစ်တင်ပြတယ်၊ ဒါပေမဲ့ အစိုးရက အပြောင်းအလဲတွေကြောင့် မသတ်မှတ်နိုင်ခဲ့ဘူး''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ် အတွက် စံနှုန်းအသစ် ပြင်ဆင်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက ကာလပေါက်ဈေးများကို ကောက်ခံနေခြင်းဖြစ် ကာ မေလအတွင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ စံနှုန်းအသစ်များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်တော့ မြို့နယ်အကုန်လုံး စာတွေမရသေးတဲ့အတွက် ဘုတ်အဖွဲ့ မထိုင်ရသေးဘူး။ ဒီနှစ်ကတော့ ငါးလပိုင်းဆို တင်ပြမယ်၊ အစိုးရ အဖွဲ့က အတည်ပြုတာနဲ့ ချက်ခြင်းတရားဝင် စာထုတ်မယ်''ဟု ဦးထင်ေ အာင်လင်းက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်များကမူ ယခုဘဏ္ဍာနှစ်အတွက် စံနှုန်းအသစ်များမှာ ယခင်နှစ်များထက် နှုန်းထား လျှော့နည်းနိုင်ပြီး လက်ရှိ အိမ်ခြံမြေ ကာလေ ပါက်ဈေးများမှာလည်း အနည်းငယ် ကျဆင်းလျက်ရှိကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်လေးမျိုြး ဖစ်သည့် ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အထူးခွန်တို့ အား လုံး ကောက်ခံရရှိမှုမှာ ကျပ် ၇၅၄ ဘီလျံဖြစ်ပြီး ယင်းဘဏ္ဍာနှစ်အတွက် လျာ ထားသတ်မှတ်ချက်မှာ ကျပ် ၆၆၈ ဘီလျံသာဖြစ်သည့်အတွက် လျာထားချက် ထက် ကျော်လွန်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၁၂ ဒသမ ၉၃ ရာခိုင်နှုန်း
ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။


Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service