ကမ္ဘောဒီးယားတွင် အိမ်ခြံမြေပိုင်နက်အငြင်းပွားပြီး လှည်းလမ်းဖောက်မှုမှတစ်ဆင့် လူသတ်မှုဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
1885 Views

ကမ္ဘောဒီးယားတွင် အိမ်ခြံမြေပိုင်နက်အငြင်းပွားပြီး လှည်းလမ်းဖောက်မှုမှတစ်ဆင့် လူသတ်မှုဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်း၊ ပါဆက်ခရိုင်တွင် အိမ်ခြံမြေပိုင်နက် အငြင်းပွားရာမှတစ်ဆင့် အိမ်နီးချင်းကို သတ်ဖြတ်ရန် သား ၃ ဦးအား လှုံ့ဆော်ခဲ့သည့် လင်မယား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင်ဖော်ပြသည်။

ကဘယ်လ်ထရက် မြူနီစပယ်ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ကီယက် ဆိုခါက ပြောကြားရာတွင် အသက် ၅၂ နှစ်အရွယ်ရှိ ကမ်ရန်နှင့် သူ၏ဇနီးဖြစ်သူ အသက် ၅၀ အရွယ်ရှိ ပရွမ်ခွမ်တို့ကို ကရာကော်ခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း၊ အဆိုပါ ဇနီး မောင်နှံသည် အိမ်နီးချင်းဖြစ်သူကို ရန်ပြုတိုက်ခိုက်ရန် သားဖြစ်သူများကို တိုက်တွန်းခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ထွက်ဆိုခဲ့ ကြောင်း ပြောကြားသည်။

မျက်မြင်တို့၏ ပြောကြားချက်အရ ကမ်ရန်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏ နေအိမ်ပိုင်နက်ပြင်ပတွင် လှည်းလမ်းတိုးချဲ့ဖောက်လုပ်ရန် ပြင်ဆင်ရာတွင် အိမ်နီးချင်းဖြစ်သူနှင့် ပိုင်နက် အငြင်းပွားကာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းကပင် မကြာခဏ ဆဲဆိုရန်ရှာမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုခါက ပြောကြားသည်။
အသတ်ခံရသူမှာ အသက် ၃၉ နှစ်အရွယ်ရှိ ဆံသဆရာ သူး ဆာမန်ဆိုသူဖြစ်ပြီး နေအိမ်ပေါ်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်မဖြစ်ပွားမီတွင် အခြားအိမ်နီးချင်းတစ်ဦးဖြစ်သူ တိုင်းင်သည် သူးဆာမန်၏ နေအိမ်တွင်းသို့ ဝင်သွားရာ ဆာမန်က သောက်ရေခပ်ပေးခဲ့သည်ကို ကမ်ရန်တို့မိသားစုက တွေ့မြင်လိုက်ကြောင်း၊ ထို့အတွက် သူးဆာမန်သည် တိုင်းင်ကိုပါ သူ့ဘက်ပါအောင် စည်းရုံးနေသည်ဟု ထင်မြင်ဒေါသထွက်ခဲ့ကြောင်း ဆိုခါက ဆက်လက်ပြောကြားသည်။
“ညီအစ်ကို ၃ ယောက်ဟာ သူးဆာမန်ရဲ့ ခြံစည်းရိုးကို ဖျက်ဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူးဆာမန်က အိမ်ပေါ်မှာ တစ်ယောက်တည်း ရှိနေခဲ့တယ်” ဟု ကီယက်ဆိုခါက ဆိုသည်။

ယခုဖြစ်ရပ်တွင်မူ အိမ်နီးချင်းဖြစ်သူကလည်း ကမ်ရန်တို့ကို ပြန်လည်ဆဲဆိုခဲ့ကြသည်ဟု ဆိုသည်။
အိမ်နီးချင်းက ပြန်လည်ဆဲဆိုသောကြောင့် ကမ်ရန်တို့ ဇနီးမောင်နှံက အမျက်ထွက်ကာ သွားရောက်ရိုက်နှက်ရန် သားဖြစ်သူများကို တိုက်တွန်းခဲ့သည်။

မိဘများ၏ တိုက်တွန်းမြှောက်ပင့်ပေးမှုကြောင့် သား ၃ ဦးမှာ ပုဆိန်၊ တူနှင့် ကိုင်းခုတ်ဓားများကိုင်ဆောင်ကာ အိမ်နီးချင်းကို ရိုက်နှက်ထိုးခုတ်ကြရာ နောက်ဆုံးတွင် သေဆုံးသွားရခြင်း ဖြစ်သည်။
ယခုအခါ သံသယရှိသူ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ကမ်ရန်တို့ ဇနီးမောင်နှံကိုမူ ဆက်လက်စစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်အတွက် ခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ပို့ဆောင်ထားကြောင်း ခရိုင်ရာဇဝတ်မှုရုံး အကြီးအကဲ ဒိုအမ် မာအိုက ပြောကြားသည်။

ထွက်ပြေးနေသည့် ညီအစ်ကို ၃ ဦးမှာ ရန်ရိုင် (အသက် ၂၉ နှစ်)၊ ရန်ရာ (အသက် ၂၇)နှင့် ရန်ရို (အသက် ၂၅) တို့ဖြစ်ကြပြီး ကမ္ဘောဒီးယား နိုင်ငံအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့အားလုံး၊ အထူးသဖြင့် ထိုင်းနယ်စပ်ရှိ
ရဲတပ်ဖွဲ့စခန်းများသို့ တပ်လှန့်အကြောင်းကြား ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service