မြေ ဘယ်လို ဝယ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
2813 Views

မြေ ဘယ်လို ဝယ်မလဲ

Knowledge | Posted by Hnin Ei Khin

တစ်ချို့သောစာဖတ်သူများက မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆိုတဲ့ မြေ၀ယ်နည်းများကိုမေးမြန်းလာတဲ့ အတွက် မြေ၀ယ်ယူပုံလေးကို ရေးသားတင်ဆက်လိုပါ တယ်။

လူကြီးမင်းတို့ဟာ ဂရံမြေတစ်ကွက်ကို ၀ယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေဆုံခဲ့သည် ဆိုပါစို့။

* ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကိုညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကို ညှိရပါမယ်။

** ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာနဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံ နှင့် ဆက်စပ် အရောင်း အ၀ယ်စာချုပ်တို့ကို တောင်းယူကြည့်ရှု့ပြီး အမည်ပေါက်မြေပိုင်ရှင်က ရောင်းခြင်းဟုတ်/မဟုတ် ကိုလေ့လာရပါမယ်။

* အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအ၀ယ်အတွက် စရံငွေ ပေးချေလို့ရပါပြီ။

* စရံငွေအချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေဂရံမူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ
သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌
သွားရောက်စစ်ဆေးရပါမည်။

* မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများကို မိတ္ထူတစ်စုံကူးယူထားရပါမည်။

မြန်မာနှစ်သစ်ကူးအကြို အိမ်ရာအရောင်းပွဲတော်
* ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေကွက်နှင့် ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍
ကန့်ကွက်လိုသူများရှိပါက လာရောက်ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာထည့်သွင်းရပါမည်။

** အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့်
အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။

* သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့်သည့်တိုင် လာရောက်ကန့်ကွက်မည့်သူ မရှိပါက အရောင်းအ၀ယ်အား ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

** မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ၀ယ်ယူသူမှ ရောင်းချသူသို့ ပေးချေမည့်နေ့တွင်
ရောင်းချသူထံမှ -
- ရောင်းချမည့် မြေကွက် နှင့်တကွ
- ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့်
- ယင်းမြေကွက်နှင့် စပ်ဆိုင်ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ၀ယ်ယူမှ တောင်းခံရမည့်အပြင်

** ယင်းမြေကွက်အား ၀ယ်ယူသူအမည်ပေါက်ရေးအတွက် “၀ယ်သူမှ စရိတ်စကကျခံပေးပြီး ရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက်မှတ်ရေးထိုး ဆောက်ရွက် ပေးရမည်” ဖြစ်ကြောင်း အရောင်းအ၀ယ်စာချုပ်၌ ကတိပြုလက်မှတ်ရေးထိုးပေးရန် ရောင်းချသူသို့ တောင်းဆိုရမည်။

မှတ်ချက်

* ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီးတွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါက ၀ယ်ယူသူအားရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင်ခွင့်အတွက်
အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကို ပေးအပ်ရန် ရောင်းချသူသို့ တောင်းဆိုရမည်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

Upcoming Property Events

119-mdy
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service