တရုတ်ကုမ္ပဏီ အန်ဘန်နှင့် ထရမ့်၏သားမက်ကွတ်ရှ်နာတို့အကြား နယူးယောက်တာဝါအရေး ဆွေးနွေးမှုများ ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1767 Views

တရုတ်ကုမ္ပဏီ အန်ဘန်နှင့် ထရမ့်၏သားမက်ကွတ်ရှ်နာတို့အကြား နယူးယောက်တာဝါအရေး ဆွေးနွေးမှုများ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်၊ မန်ဟက်တန်ရပ်၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၆၆၆ ရှိ ၄၁ ထပ် အဆောက်အအုံကို ပြန်လည်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံအခြေစိုက်
အန်ဘန်အာမခံကုမ္ပဏီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏
သားမက်၊ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဂျရက်ဒ် ကွတ်ရှ်နာတို့အကြား လက်တွဲဆောင်ရွက်ကြရန် အကြိမ်ကြိမ်ဆွေးနွေးလျက်ရှိခဲ့ရာ
ယခုအခါ အဆိုပါဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

(အန်ဘန်ကုမ္ပဏီနှင့် ကွတ်ရှ်နာတို့ ၂၀၁၇ ဇန်နဝါရီလအတွင်း
နယူးယောက်ရှိ ဝါးလ်ဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်တွင် ဆွေးနွေးခဲ့ကြပုံ
သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီး
ဖြစ်ပါသည်။ http://www.imyanmarhouse.com/news/read/556969 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)

“ကွတ်ရှ်နာကုမ္ပဏီအုပ်စုဟာ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၆၆၆ ကို ပြန်လည်ဖွံ့ဖြိုးစေဖို့စီမံကိန်းအလားအလာနဲ့ပတ်သက်ပြီး အန်ဘန်နဲ့ ဆွေးနွေးမှုတွေ မရှိတော့ပါဘူး။ ဒီအဆောက်အအုံနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အဆုံးသတ်ဖို့ နှစ်ဦးနှစ်ဘက်သဘောတူခဲ့တာ ဖြစ်ပါတယ်”
ဟု ကွတ်ရှ်နာ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက မီဒီယာများသို့
ပေးပို့သည့် အီးမေးလ်တွင် ဖော်ပြထားသည်။

ကွတ်ရှ်နာကုမ္ပဏီသည် ပဉ္စမရိပ်သာလမ်း၊ အမှတ် ၆၆၆
အဆောက်အအုံ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍
ဆက်လက်လှုပ်ရှား နေဆဲဖြစ်ပြီး အလားအလာရှိသော
ရင်းနှီးမြှုပ်နှံသူတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း
ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က သတင်း ထုတ်ပြန်ထားသည်။

အန်ဘန်က ကွတ်ရှ်နာကုမ္ပဏီအုပ်စုနှင့် ကန်ဒေါ်လာ ၄ ဘီလီယံဖိုး အရောင်းအဝယ်လုပ်ရန် သဘောတူထားခဲ့ပြီး ယင်း၏ တစ်စိတ်တစ်ပိုင်း
အဖြစ် ပဉ္စမရိပ်သာလမ်းအဆောက်အအုံတွင် ကန်ဒေါ်လာ သန်း ၄၀၀
ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဘလွန်းဘာ့ဂ်ျက ဖော်ပြခဲ့သော်လည်း ဘလွန်းဘာ့ဂ်ျက သတင်းဖော်ပြအပြီး နောက်တစ်ရက်တွင် အန်ဘန်က ထုတ်ပြန်ခဲ့သည်မှာ အဆိုပါအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံခြင်း
မရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပဉ္စမရိပ်သာလမ်းအဆောက်အအုံသည် ကွတ်ရှ်နာကုမ္ပဏီက ပူးတွဲပိုင်ဆိုင်မှုဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော
၃ နှစ်တာကာလ အတွင်း ချေးငွေမှ အတိုးများ မြင့်တက်လာ
မှုကြောင့် များစွာအရှုံးပေါ်ခဲ့ခြင်းကြောင့် အန်ဘန်ကုမ္ပဏီနှင့်
ကွတ်ရှ်နာမိသားစုက ဆွေးနွေးခဲ့ ခြင်း ဖြစ်သည်။

အန်ဘန်က ရင်းနှီးမြှုပ်နှံမည့်ငွေများကို အကြွေးများပေးဆပ်ရာတွင်
အသုံးပြုရန် ဖြစ်တန်ရာချေရှိသည်။
အမေရိကန်အစိုးရ အာဏာပိုင်တို့က ကွတ်ရှ်နာကုမ္ပဏီကို
စစ်ဆေးမှုများ မြှင့်တင်လိုက်ခြင်းကြောင့် အန်ဘန်နှင့်
ဆွေးနွေးမှုများ အဆုံးသတ်သွားခဲ့ရခြင်းလည်း ဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်မှ စုံစမ်းရေးမှူးများသည် ရုရှားအစိုးရနှင့် ဒေါ်နယ်ထရမ့်၏ ၂၀၁၆ ရွေးကောက်ပွဲကာလလှုပ်ရှားမှုများ ပတ်သက်ဆက်နွှယ်မှုများနှင့် စပ်လျဉ်း၍ ကွတ်ရှ်နာအား စစ်ဆေးမှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ကုမ္ပဏီ အန်ဘန်နှင့် ထရမ့်၏သားမက်ကွတ်ရှ်နာတို့အကြား နယူးယောက်တာဝါအရေး ဆွေးနွေးမှုများ ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
တရုတ်ကုမ္ပဏီ အန်ဘန်နှင့် ထရမ့်၏သားမက်ကွတ်ရှ်နာတို့အကြား နယူးယောက်တာဝါအရေး ဆွေးနွေးမှုများ ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service