ကမ္ဘာ့ရွှေတက်၊ ငွေလဲနှုန်းတက်၊ ပြည်တွင်းရွှေ ကိုးသိန်းကျော် ပြန်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
2434 Views

ကမ္ဘာ့ရွှေတက်၊ ငွေလဲနှုန်းတက်၊ ပြည်တွင်းရွှေ ကိုးသိန်းကျော် ပြန်ဖြစ်လာ

ကမ္ဘာ့ရွှေဈေးတက်ပြီး ငွေလဲနှုန်း အနည်းငယ် ပြန်တက်လာတာကြောင့် ပြည်တွင်းရွှေဈေး ကျပ်ကိုး သိန်းကျော်ကို ပြန်လည်ရောက်ရှိလာတယ်။

ကမ္ဘာ့ရွှေဈေးကို အထောက်အပံ့ ဖြစ်စေတဲ့ ဒေတာတွေ ပြန်အားကောင်းလာတယ်။ အမေရိကန်ဒေါ် လာ ငွေလဲနှုန်းကလည်း ၁၃၆၀ ဝန်းကျင် ရှိနေတော့ ပြည်တွင်းဈေးလည်း နည်းနည်း ပြန်တက်လာ တယ်လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုထက်က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်တယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သောကြာနေ့မှာ တွေ့ဆုံသွားမှာ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ မြောက်ကိုးရီးယားအရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ ယခင်အပတ်က လူမှု ကွန်ယက်တွစ်တာမှာ သမ္မတထရမ့်က သည်ဆွေးနွေးပွဲဟာ ပေါ့ပေါ့ ပါးပါး ပုံစံမဟုတ်ဘဲ အကြိတ်အနယ် ဆွေးနွေးရမယ့် ပွဲ တစ်ပွဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲကို ဈေးကွက်က စောင့်ကြည့်နေပါတယ်။ သည်လို အခြေအနေမှာ စိတ်ချရတဲ့ အာမခံချက် ရှိတဲ့ ရွှေကိုသာ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

သည်အကျိုးဆက်တွေကြောင့် ဈေးကွက်အဖွင့်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၁၂၆၀ ဝန်းကျင်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ယခင်အပတ်ကထက် ၀.၅ ရာခိုင်နှုန်း ဈေးပြန်လည် မြင့်တကလာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာတန်ဖိုး အညွှန်းကိန်းကတော့ ယခင်အပတ်ကထက် ၀.၇၁ ရာခိုင်နှုန်း မြင့်တက်လာပြီး အတက်ဘက်မှာ ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေး အတက်၊ ဒေါ်လာတန်ဖိုး အတက်တို့ကြောင့် ပြည်တွင်းရွှေဈေးက ယခင်ဈေးကွက် အပိတ်တုန်းက တစ်ကျပ်သားကို ကျပ် ရှစ် သိန်းကိုးသောင်း ကျော်ရှိရာကနေ ယနေ့မှာတော့ ကျပ် ကိုးသိန်းတစ်ထောင် ဝန်းကျင်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
ရွှေဈေး အလှုပ်အခတ်များမယ့် အမတ်ဖြစ်နိုင်တယ်လို့ ရွှေဈေးကွက်လေ့လာ သုံးသပ်သူတွေက ပြော ပါတယ်။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service