ဂျပန်နည်းပညာအသုံးပြုပြီး ဧရာဝတီတိုင်းတွင် ရထားလမ်း စမ်းသပ်ခင်း - Property News in Myanmar from iMyanmarHouse.com
3389 Views

ဂျပန်နည်းပညာအသုံးပြုပြီး ဧရာဝတီတိုင်းတွင် ရထားလမ်း စမ်းသပ်ခင်း

ရထားလမ်းအောက်ခံ မြေသားများ ပျက်စီးယိုယွင်းမှု နည်းပါးစေရန်နှင့် ရ ထားသွားစဉ် မြေသားတုန်ခါမှု လျော့နည်းစေ ရန် ဂျပန်နည်းပညာဖြင့် ဧရာ ၀တီ တိုင်းတွင် ရထားလမ်းစမ်းသပ် ခင်းခြင်း ဆောင်ရွက်နေသည်။

ပုသိမ်-ဘဲဂရက်-အိမ်မဲ ရထားလမ်း၊ ဒေါင့်ကြီး-အိမ်မဲ လမ်းပိုင်း၏ မိုင်တိုင် အမှတ် ၁၆ မိုင် ၂ ဖာလုံနှင့် ၄ ဖာလုံကြားတွင် ဂျပန်နည်းပညာဖြင့် ထုတ် လုပ်သော D Box (Divide Box) အသုံးပြု၍ ၂၀၁၇ ဇန်န၀ါရီ ၂၇ ရက်က စတင်ကာစမ်းသပ်ပြုပြင်မှုများ ဆောင်ရွက်နေသည်။ယင်း ကဲ့သို့ ပြုပြင်ရာ တွင် D Box အိတ်ကို တီထွင်ထုတ်လုပ်သူ မစ္စတာ ဖူတိုရှီနိုမိုတိုက ၎င်းဥက္က ဋ္ဌ အဖြစ် ဆောင်ရွက်သည့် Metry ကုမ္ပဏီ မှ ၀န်ထမ်းများ၊ နည်းပညာ၊ ငွေ
ကြေးနှင့် ပစ္စည်းများစိုက်ထုတ်၍ ဧရာဝတီတိုင်း မြန်မာ့မီးရထားပို့ဆောင်ရေး ဦးစီးဌာနနှင့် ပူးပေါင်း ကာ ရထားလမ်းကို စမ်းသပ် လမ်းခင်းနေသည်။

D Box အိတ်သည် တစ်မီ တာပတ်လည်ရှိပြီး အမြင့်အား ဖြင့် တစ်ပေခွဲ ခန့်ရှိသည်။ ယင်း အိတ်အတွင်း သဘာဝမြေသား၊ သဲနှင့် ကျောက်များ ထည့် ၍ ဇလီ ဖားတုံးအောက်တွင်ခံကာ အသုံး ပြုရပြီး တန်တစ်ထောင် ဖိအား ဒဏ်ခံနိုင်သည်။ အဆိုပါ အိတ် အတွင်း ရေဖြတ်သန်း စီးဆင်း နိုင်ပြီး အ တွင်းရှိ မြေသားများ ပြင်ပသို့ ထွက်မသွားရန် စီမံထား သည်။ ထို့အပြင် အဆိုပါအိတ် သည် မြေအောက်တွင် နှစ်တစ်ရာ ကျော် အထားခံကြောင်း မစ္စတာ ဖူတိုရှီနိုမိုတိုက ရှင်းပြသည်။

‘‘မိုးများတဲ့ နေရာနဲ့ စိမ့်ရှိတဲ့ မြေသားအတွက်တော့ ကောင်းပါ တယ်။ သူတို့ နဲ့ အတူတွဲပြီး အလုပ် လုပ်တော့ အတွေ့အကြုံတွေ အများကြီးရတယ်။ ဒီအတွေ့အ ကြုံတွေနဲ့ ကျန်တဲ့နေရာတွေမှာ ပြန်ပြီးအသုံးချမှာပါ။ ရထား လမ်း တစ်လမ်း ကောင်းဖို့က အောက်ခံ မြေသားနဲ့ ကျောက်ခဲတွေ အများ ကြီးလိုပါတယ်။ ရထားလမ်းတွေ ပြုပြင်နိုင်ဖို့ နိုင်ငံတော်အစိုးရမှာ ဘတ်ဂျ က်တွေ တင်ပြထားပါ တယ်’’ ဟု ဧရာဝတီတိုင်း ရထား ပို့ဆောင်ရေး ဦးစီး ဌာန အင်ဂျင်နီယာမှူးဦးစိုးမြင့်အောင်က ပြော သည်။

‘‘ရထားသွားချိန်မှာ မြေသား တုန်ခါမှုကို စမ်းသပ်တယ်။ အဲဒီ အချိန်မှာ D Box ကို ထည့်ပြီးအ သုံးမပြုခင်က မြေသားတုန်ခါမှုနဲ့ D Box အသုံးပြု ပြီး မြေသားတုန် ခါမှုပမာဏက အပုံလေးဆယ်ပုံ တစ်ပုံကွာခြားတာ တွေ့ ရတယ်’’ ဟု မစ္စတာဖူတိုရှီနိုမိုတိုက ပြော သည်။

ဆက်လက်၍ ၎င်းက‘‘ဂျပန်နိုင်ငံမှာရှိတဲ့ ရထားလမ်းတွေရဲ့ အောက်ခံ ကို လည်း D Box အိတ်တွေခံပြီးတော့ ဖောက်ထားတယ်။ အောက်ခံ လမ်းေ ကာင်းတော့ ရထားကငြိမ်ပြီးသွားတယ်။ ရထားအရှိန်ကြောင့် မြေသား တုန် ခါမှု နည်းတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်ဘူး။ အိမ်တွေ ဆောက်တဲ့ အခါ မှာလည်း အောက်ခံ အနေနဲ့ သုံးလို့ရတယ်။ ကားလမ်းနဲ့ဆည်တွေ၊ တာ တမံတွေကိုလည်း ဒီအိတ်တွေကို အောက်ခံအနေနဲ့ အသုံးပြုလို့ရတယ်’’ ဟု ပြောသည်။

ဘဲဂရက် - အိမ်မဲရထား လမ်းသည် စုစုပေါင်း အရှည် ၂၀ ဒသမ ၇၅ မိုင် ရှိပြီး စမ်း သပ်ပြုပြင်သည့် နေရာသည် အောက်ခံမြေသား ကောင်းမွန်ခြင်း မရှိသည့် နေရာအားစစ်ဆေး ၍ စမ်းသပ်ခဲ့သည်။ လက်ရှိတွင် ရထား လမ်ြး ပုပြင် တည်ဆောက် မှုပြီးစီးတော့မည်ဖြစ်၍ အသေး စိတ်စစ်ဆေးမှု များ ဆောင်ရွက် နေကြောင်း မြန်မာ့မီးရထား ပို့ ဆောင်ရေးဦးစီးဌာနမှ သိရသည်။

ရထားလမ်းများ ကောင်းမွန် စေရန် တစ်မိုင်လျှင် ကျောက် ကျင်းပေါင်း ငါးရာအသုံးပြုရမည် ဖြစ်သော်လည်း လက်ရှိတွင် လုံ လောက်သည့် ပမာ ဏထည့်သွင်း နိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ မီးရထား ပို့ဆောင်ရေး ဌာနမှ သိရ သည်။ မော်တော်ယာဉ်လမ်းများ ကောင်းမွန်လာသဖြင့် သွား လာမှု လွယ်ကူမြန်ဆန်သော်လည်း ကုန် စည်များသယ်ဆောင်ရာ၌ ရထား အသုံးပြု သယ်ယူပို့ဆောင်ခြင်း သည် ကုန်ကျမှုပမာဏနည်း၍ ၀န်များစွာကို သယ်ယူပို့ဆောင် နိုင်ကြောင်း သိရသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service