ဒူဘိုင်းတွင် လူဦးရေများပြားစွာ နေထိုင်သည့် လူနေခန်းများကို စတင်အရေးယူတော့မည် - Property News in Myanmar from iMyanmarHouse.com
1714 Views

ဒူဘိုင်းတွင် လူဦးရေများပြားစွာ နေထိုင်သည့် လူနေခန်းများကို စတင်အရေးယူတော့မည်

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင်
လူဦးရေများပြားစွာ နေထိုင်လျက်ရှိကြသည့် လူနေခန်းပိုင်ရှင်များကို စတင်အရေးယူသွားတော့မည်ဖြစ်ကြောင်း
အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒူဘိုင်းတွင် လူနေခန်းများ၌ လူဦးရေအလွန်များပြားစွာနေထိုင်လျက်ရှိနေကြခြင်းများကို ဟန့်တားနိုင်ရန်အတွက် တန်ဖိုးနည်းအိမ်ရာများတွင်
ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားတော့မည် ဖြစ်သည်။
ဝင်ရောက်စစ်ဆေးများနေရာများတွင် Palm Jumeirah၊ Jumeirah Lakes Towers၊ International City နှင့် Discovery Gardens တို့ ပါဝင်သည်
ဟု ဆိုသည်။

လူနေခန်းများတွင် လူဦးရေအများအပြားနေထိုင်ခြင်းသည် အထူးဖွံ့ဖြိုးရေးဇုန်များရှိ လူအသိုက်အဝန်းစည်းမျဉ်းစံနှုန်းများကို အပြင်းအထန်ချိုးဖောက်ခြင်း ဖြစ်သည်ဟု နေအိမ်ခန်းပိုင်ရှင်များထံ ပေးပို့ထားသည့် သတိပေးစာများတွင် ဖော်ပြထားသည်။
ဒူဘိုင်းတွင် လက်ရှိသတ်မှတ်ထားချက်အရ လူတစ်ဦးအတွက်
နေထိုင်ရန် အကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါစည်းမျဉ်းကို လိုက်နာခြင်းရှိ၊ မရှိ ကွပ်ကဲစောင့်ကြည့်ရန်အတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဉ်ခြင်း ဖြစ်သည်။
စည်းမျဉ်းချိုးဖောက်သူများကို ဒဏ်ငွေချမှတ် အရေးယူသွားမည်ဖြစ်သည့်
အပြင် သတ်မှတ်ထားသည့်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုမရှိပါက အဆိုပါလူနေခန်းသို့ ဝန်ဆောင်မှုများအားလုံး (ရေ၊ မီးအစရှိသဖြင့်) ရပ်ဆိုင်းဖြတ်တောက်သွားမည် ဖြစ်သည်။

အိပ်ခန်းတစ်ခန်းပါ လူနေခန်းတွင် ၄ ဦးမှ ၅ ဦး၊
အိပ်ခန်း ၂ ခန်းပါ လူနေခန်းတွင် ၆ ဦးမှ ၇ ဦးသာ နေထိုင်ခွင့်ပြုထားသည်။
ဒဏ်ငွေမှာ အနည်းဆုံး ဒူဘိုင်းငွေ ၁၀၀၀ (ကန်ဒေါ်လာ ၂၇၂) မှ
အများဆုံး ဒူဘိုင်းငွေ ၅၀၀၀၀ (ကန်ဒေါ်လာ ၁၃၆၂၄) အကြား ပေးဆောင်ရဖွယ်ရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service