ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လုံးချင်း ငှားခ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျ - Property News in Myanmar from iMyanmarHouse.com
2203 Views

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လုံးချင်း ငှားခ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျ

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာ လုံးချင်းအိမ်ငှားရမ်းခတွေ ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါ တယ်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ်က အေးနေပြီး လုံးချင်းအိမ် ငှားရမ်းမှုနှုန်းထားတင်မက ကွန်ဒို၊ အရောင်းပြခန်းတွေ ငှားရမ်းမှု နှုန်းထားမှာလည်း ကျဆင်းနေပါတယ်။

“အခုချိန် အိမ်ခြံမြေ အရောင်းအဝယ်က အရင်နှစ်တွေထက် ပိုပြီး အေးစက်လာတယ်၊ အရင်က အ ရောင်းအဝယ်ပါးပေမယ့် အငှားဈေးကွက်တွေမှာလဲ သုံးပုံတစ်ပုံလောက်ကို ကျသွားတယ်” လို့ အိမ်ခြံ မြေ ဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။

သာမန်လူတန်းစားတွေ နေထိုင်တဲ့ နေရာတွေမှာဆိုရင်လည်း အကျကြီး မဟုတ်ပေမဲ့ ကျပ် ၁၀,၀၀၀ ၊ ၂၀,၀၀၀ လောက် ကျတယ်။ တကယ်တမ်း ဈေးအများကြီး အငှားဈေးကျတာက လုံးချင်းအိမ်ရာတွေ၊ ပြခန်းအကျယ် မြို့ထဲက အခန်းတွေမှာ ဈေးတော်တော် ကျသွားပါတယ်။ အငှားဈေးကွက်တွေမှာ လုံးချင်း နေအိမ်တွေ ငှားရမ်းရာမှာ အရင်နှစ်တွေက သိန်း ၃၀ နဲ့ ငှားရမ်းရတဲ့ နေအိမ်တွေဆို လက်ရှိမှာ သိန်း ၂၀ နဲ့သာ ငှားရမ်းနေကြောင်း သိရပါတယ်။

အခုလက်ရှိမှာက အိမ်ခြံမြေ ဈေးကျတဲ့အတွက် နေထိုင်ဖို့ တကယ်တမ်း ဝယ်ယူသူတွေ ရှိတယ်။ ရင်း နှီးမြှုပ်နှံဖို့ ဝယ်ယူသူတွေ နည်းလာတယ်။

အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက “ဒီနှစ် အိမ်ခြံမြေဈေးကွက် နှစ်တိုင်းထက် အေးတယ်၊ အကွက်ကျဉ်းလေးတွေ အရောင်းအဝယ် နည်းနည်း ဖြစ်တယ်၊ အကွက်ကြီးတွေဆို ပိုအ ရောင်းအဝယ် ပါးတယ်။ အခန်းငှားသူတွေဆိုရင်လည်း ၁၅ ပေ၊ ၁၆ ပေ အခန်းတွေကို စိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ငှားရမ်းခမှာ နေရာအလိုက် ကျပ် ၁၀,၀၀၀ ၊ ၁၅,၀၀၀၊ ၂၀,၀၀၀ အထိသာ အများဆုံး ရှိတယ်” လို့ ပြောပါတယ်။

အွန်လိုင်း အရောင်းအဝယ် ကျ

ယခုနှစ်မှာ အွန်လိုင်းအိမ်ရာ အရောင်းအဝယ် ဈေးကွက်မှာလည်း အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း လောက် ကျဆင်းနေတယ်လို့ သိရပါတယ်။

အွန်လိုင်း အရောင်းအဝယ်ဈေးကွက်ဟာ ၂၀၁၅ ခုနှစ်မှာ ၁၅၀၀ လောက် ရှိခဲ့ပေမဲ့ သည်နှစ်မှာ ၁၁၀၀ လောက်သာ အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလမှာ ပြောင်းလဲ သတ်မှတ်လိုက်တဲ့ အိမ်ခြံမြေ အခွန်နှုန်းထားက မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကို ပိုပြီး အရောင်းအဝယ် ကျလာစေပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service