ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
1261 Views

ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင်

ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် ကီဗင်ကော့စနာသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကီဗင်ကော့စ်နာ ယခုဈေးကွက်တင်သည့်နေအိမ်ကြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာမြို့ ပြင် ၁၀ မိုင်ခန့်အကွာ Carpinteria အရပ်ရှိ ပင်လယ်ကမ်းပါးစွန်းတွင် တည်ရှိကာ ၁၀ ဒသမ
၂၅ ဧက အကျယ်အဝန်းရှိသည်။

ပစိဖိတ်သမုဒ္ဒရာနှင့် တောင်တန်းများ၏ အပြောကျယ်သောမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ပြီး နေအိမ်မှ ကမ်းစပ်ဆီသို့ ဦးတည်နေသည့် လမ်းသွယ်ကလေးတစ်ခုလည်း ရှိသည်။

ကီဗင်ကော့စ်နာသည် ယင်းအဆောက်အအုံကို၂၀၀၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းဖြင့် ပေးခဲ့ရ၏။ ပိုမိုလှပထည်ဝါခန့်ညားသည့် နေအိမ်တစ်လုံးဆောက်လုပ်ရန်အတွက် Carpinteria ကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကီဗင်ကော့စ်နာသည် ယင်းကမ်းခြေတွင် အခြားနေအိမ်တစ်လုံးလည်း ပိုင်ဆိုင်ထားကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးဖြစ်သူ မစ္စတာ ဟော့ခ်တာက ပြောကြားသည်။

တစ်နေ့တွင် ကမ်းခြေ၌ အပြေးလေ့ကျင့်စဉ် ယခုနေအိမ်ကို ရောင်းချမည်ဟု ဆိုင်းဘုတ်တင်ထားသည်ကို တွေ့ရလိုက်ရပြီးနောက် ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းကာလက ခြံဝန်းအကျယ်အဝန်းမှာ ၁၇ ဒသမ ၂၅ ဧက ကျယ်ဝန်းပြီး ပိုလိုလေ့ကျင့်ရေးကွင်းတစ်ခု ပါဝင်ခဲ့သည်။ အဆိုပါကွင်းကို ဘေ့စ်ဘောကစားကွင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည်။
ထို့နောက်ပိုင်း ၂၀၀၇ ခုနှစ်တွင် မစ္စတာ ကော့စ်နာသည် အိမ်နီးချင်းဖြစ်သူ ဘရုစ် ကော့ဗ်နာကို ၇ ဧက ရောင်းချခဲ့ခြင်း ဖြစ်သည်။

“ဒီအိမ်ကြီးမှာ ကျွန်တော်တို့ ဘေ့စ်ဘောပွဲတွေ အရူးအမူးကစားခဲ့ကြဖူးတယ်” ဟု မစ္စတာ ဟော့ခ်တာက ပြောကြားသည်။
ကီဗင်ကော့စ်နာသည် ခြံဝန်းအတွင်းတွင် နေအိမ်သစ်တစ်လုံးဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ကလေး ၃ ယောက်ဖြင့် Aspen ရှိ နေအိမ်တွင် မအားလပ်သောကြောင့် မဆောက်ဖြစ်တော့ဘဲ ရောင်းထုတ်ရန်
စီစဉ်လိုက်ရခြင်းဖြစ်ကြောင်းလည်း ဟော့ခ်တာက ဆိုသည်။
“သူတို့ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဒီအိမ်ကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ လပေါင်းအတော်ကြာအောင် အချိန်ယူစဉ်းစားခဲ့ကြရတယ်” ဟု မစ္စတာ ဟော့ခ်တာက ထုတ်ဖော်ပြောကြားသည်။

ကီဗင်ကော့စ်နာသည် ဝံပုလွေများနှင့် ကခုန်ခြင်းဇာတ်ကားဖြင့်
အော်စကာဆု ၂ ဆုရရှိခဲ့ပြီး ယခုအခါ အသက် ၆၂ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကီဗင်ကော့စနာက ကယ်လီဖိုးနီးယားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသည့် ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service