မန္တလေးခရိုင်ရှိ ရှေးဟောင်း အဆောက်အအုံများကို အဆင့်ခွဲခြား သတ်မှတ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1290 Views

မန္တလေးခရိုင်ရှိ ရှေးဟောင်း အဆောက်အအုံများကို အဆင့်ခွဲခြား သတ်မှတ်ရန် စီစဉ်

မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများနှင့် နေရာများကို ဧပြီလ ကုန်ပိုင်းကစ၍ အဆင့် ခွဲခြား သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရှေးဟောင်း အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရန်၊ နိုင်ငံခြားသား ခရီးသွားများကို ပိုမို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးခရိုင်အတွင်း ရှိ ရှေးဟောင်း အမွေအနှစ် စာရင်းကို မန္တလေး နည်းပညာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက မတ်လ ပထမပတ် ကစ၍ စာရင်း ကောက်ယူပေးနေကြောင်း၊ ရရှိလာသည့် စာရင်းများကို ဧပြီ လ ကုန်ပိုင်းကစ၍ တိုင်းအစိုးရအဖွဲ့က အဖွဲ့များဖွဲ့၍ အဆင့်ခွဲခြား သတ်မှတ် မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောကြားသည်။

ယင်းသို့ အဆင့်ခွဲခြား သတ်မှတ်ရာတွင် ယူနက်စကိုအဆင့် ထိန်းသိမ်းသင့် သည့် အမွေအနှစ်များ၊ တိုင်းအစိုးရ အစီအစဉ်ဖြင့် ထိန်းသိမ်းသင့်သည့် အမွေအနှစ်များဟူ၍ အဆင့်ခွဲကာ စာရင်းပြုစုမည်ဖြစ်ကြောင်း ၎င်းက
ပြောဆိုသည်။

မန္တလေးမြို့ပေါ် ငါးမြို့နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများနှ င့် နေရာများ စာရင်း ကောက်ယူပြုစုခြင်း လုပ်ငန်းကို မန္တလေး နည်းပညာ တက္ကသိုလ် ဗိသုကာဌာန သုတေသနအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၅ - ၂၀၁၆ ဘ ဏ္ဍာနှစ် တွင် ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ ဖူး သည်။

ယင်းအချိန်က ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း၊ ယခုပြုလုပ်မည့် အစီအစဉ်တွင် အမရပူရမြို့နယ်ကိုပါ ထည့်သွင်းထားသည်။

စာရင်း ကောက်ယူပြီးစီးပါက ထိန်းသိမ်းခြင်း လုပ်ငန်းများကို နယ်ပယ်စုံမှ ပညာရှင်များနှင့် ထိန်းသိမ်းမှု လုပ်ငန်းများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၇ နှစ် လယ်ပိုင်းတွင် Mandalay- Heritage Trust ဖွဲ့စည်းနိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service