အိမ်ဝယ်ယူမှုများကို နောက်ထပ်တရုတ်မြို့များ ကန့်သတ်လာ - Property News in Myanmar from iMyanmarHouse.com
1025 Views

အိမ်ဝယ်ယူမှုများကို နောက်ထပ်တရုတ်မြို့များ ကန့်သတ်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့များဖြစ်သည့် ဟန်ကျိုး၊ ရှမိန်နှင့် ဖူးကျိုးမြို့တို့၏ အာဏာပိုင်များက သူတို့မြို့များ၏ အိမ်ခြံမြေ ဈေးကွက်များတည်ငြိမ်စေရန်နှင့် အိမ်ဝယ်ယူမှုများကို တင်းကျပ်ရန် နောက်ထပ် စည်းမျဉ်းများကို ထုတ်ပြန် လိုက်ပြန်ပြီဖြစ်သည်။

ဟန်ကျိုးမြို့တွင် ယမန်နေ့ (မတ် ၂၉) မှစတင်လိုက်သည့် စည်းမျဉ်းသစ် အရ အိမ်တစ်အိမ် ပိုင်ဆိုင်ထားနှင့်ပြီးကာ အိမ်ထောင်စုစာရင်းရှိထားပြီး
သည့် အရွယ်ရောက်ပြီး အိမ်ထောင်မရှိသူ လူလွတ်များ (ကွာရှင်းထားသူများအပါအ၀င်) သည် မြို့၏ မြို့ပြဧရိယာတွင် တိုက်ခန်းသစ်ဝယ်ယူခွင့် မရှိတော့ပေ။

စီးပွားရေးလုပ်ငန်းများက ၀ယ်ယူထားသည့် အိမ်ခြံမြေသည်လည်း ၀ယ်ယူပြီးသုံးနှစ်အတွင်း ပြန်လည်ရောင်းချခွင့် မရှိတော့ပေ။

ထို့အပြင် ကန့်သတ်ဧရိယာများတွင် စာရင်းသွင်းထားသည့် အိမ်ထောင်စုစာရင်းရှိ သူများသည် အိမ်ခြံမြေ၀ယ်ယူလိုပါက ထိုစာရင်းပြထားသည့် နေရာတွင် နှစ်နှစ်ကျော်နေထိုင်ပြီးဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။

ဒုတိယအကြိမ် အိမ်ဝယ်ယူမှုအတွက် အနိမ့်ဆုံး လက်ငင်းချေရမည့် ပမာဏကိုလည်း ၀ယ်ယူမည့် အိမ်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ သို့ တိုးမြှင့်လိုက်သည်။ ဟန်ကျိုးမြို့တွင် အိမ်မရှိသော်လည်း အခြားမြို့တစ်မြို့မြို့တွင် အိမ်ချေး ငွေမှတ်တမ်းရှိထားသူအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူ အဖြစ် ယူဆမည်လည်းဖြစ်သည်။

အိမ်ဝယ်ယူမှုကန့်သတ်ချက်များကို အဆိုပါဟန်ကျိုးမြို့သာမက ရှမိန်မြို့နှင့် ဖူးကျိုးမြို့တို့တွင်လည်း ထုတ်ပြန်လိုက်ပြီးဖြစ်သည်။

ရှမိန်မြို့တွင် ယမန်နေ့ (မတ် ၂၉) မှ စတင်သက်ဝင်ခဲ့သည့် စည်းမျဉ်းအရ အိမ်ထောင်စုစာရင်းမရှိသူ၊ ၀င်ငွေခွန် ၃၆ လစာ ပေးဆောင် ထားပြီးကြောင်း သက်သေမပြနိုင်သူနှင့်ပြီးခဲ့သည့်လေးနှစ်အတွင်း လူမှုဖူလုံရေး စရိတ်ပေးသွင်းပြီးကြောင်း သက်သေမပြနိုင်သူတို့သည် ကြမ်းခင်းဧရိယာ စတုရန်းမိုင် ၁၈၀ နှင့်အောက်ရှိသော အိမ်ခြံမြေများကို ၀ယ်ယူခွင့်မရှိတော့ပေ။

ဖူးကျိုးမြို့ကလည်း ဒုတိယအကြိမ် အိမ်ဝယ်ယူသူများ အနိမ့်ဆုံး လက်ငင်းပေးချေရမည့်ပမာဏကို အိမ်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ သို့ တိုးမြှင့်လိုက်သည်။

ယခုလတွင် ပေကျင်းနှင့် ရှန်ဟိုင်းတို့အနီးရှိ မြို့ကြီးများနှင့် ဒုတိယတန်းစားမြို့ကြီး ဒါဇင်နှင့် ချီသည် ၎င်းတို့၏ အိမ်ခြံမြေဈေးကွက်များ တည်ငြိမ်စေရန် အိမ်ဝယ်ယူမှုများကို ကန့်သတ်လာကြသည်။

၂၀၁၇ ခုနှစ်၏ ပထမနှစ်လအတွင်း တရုတ်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု သည်၂၀၁၆ ခုနှစ်ကထက် ၈ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယွမ် ၉၈၅ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၄၃ ဘီလျံ) ရှိခဲ့ပြီး ထိုကာလအတွင်း အိမ်ရာရောင်းအားကလည်း ၂၀၁၆
၎င်းကာလကထက် ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ် ၁ ထရီလျံကျော် ရှိခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service